မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာရှင် ဘုရားသခင်​ရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​ကို သင် ထာဝစဉ် ခံစား​ရနိုင်

မေတ္တာရှင် ဘုရားသခင်​ရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​ကို သင် ထာဝစဉ် ခံစား​ရနိုင်
  • စစ်ပွဲ၊ အကြမ်းဖက်မှု၊ ဆူပူ​အုံ​ကြွ​မှု​တွေ မရှိတဲ့ ကမ္ဘာကို လိုချင်​သလား။

  • ရောဂါဘယ၊ ဆင်းရဲ​ဒုက္ခ၊ သေခြင်း မရှိတော့မယ့်​အချိန်ကို လိုချင်​သလား။

  • စိုးရိမ်​ပူပန်​စ​ရာတွေ မရှိတဲ့ အခြေအနေ​မျိုး လိုလား တောင့်တ​သလား။

  • သဘာဝဘေး​အန္တရာယ်​တွေ မခံစား​ရတဲ့​နေရာမှာ နေချင်​သလား။

သာယာ​လှပတဲ့ ကမ္ဘာ​ဂြိုဟ်​ကို ပြုလုပ်​တဲ့​အရှင်၊ မေတ္တာရှင် ဘုရားသခင်​က လူသားတွေကို ထာဝစဉ် ငြိမ်းချမ်း​ပျော်ရွှင်​တဲ့ ဘဝမျိုး ပေး​မယ်​လို့ ကတိပေး​ထား​တယ်။ အဲဒါ​က စိတ်ကူးယဉ်​အိပ်မက် မဟုတ်ဘူး။

နောက်​ဆောင်းပါး​တွေ​မှာ ဒီ​အချက်​တွေ တွေ့ရ​မယ်–

  • ဖန်ဆင်း​ရှင် ဘုရားသခင်​က လူတွေကို ချစ်တယ်

  • ဘုရားသခင့် ပရောဖက်​တွေ ကြို​ဟောခဲ့​တဲ့ ဘုရား​ရဲ့ ကတိတော်​များ

  • သမ္မာကျမ်းစာ​မှာ ပါ​တဲ့ ကျွန်တော်​တို့အတွက် သတင်း​စကား

  • အခုရော၊ အနာဂတ်​မှာ​ပါ ပျော်ရွှင်​နိုင်​ဖို့ ဘုရားသခင် ကူညီ​ပေး​ပုံ

ကျွန်တော်​တို့ကို ဘုရားသခင် ချစ်တယ်​ဆို​တဲ့ အထောက်အထားတွေကို လေ့လာ​ကြည့်​ကြ​စို့။