သမ္မာကျမ်းစာ သွန်သင်ရာ
ဘာသာတရားဆိုတာ လူတွေဖန်တီးတဲ့အရာလား
လူတချို့ ယုံကြည်တာက ဘာသာတရားဆိုတာ လူတွေ ဖန်တီးထားတဲ့အရာပဲ။ တချို့ကျတော့ ဘုရားက ဘာသာတရားကို အသုံးပြုပြီး လူတွေ မိမိနဲ့ရင်းနှီးလာအောင် ကူညီပေးတယ်လို့ ယုံကြည်ကြတယ်။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။
သမ္မာကျမ်းစာ သွန်သင်ရာ
“ငါတို့အဖ ဘုရားသခင်၏ရှေ့တော်၌ သန့်ရှင်း၍ အညစ်အကြေးကင်းစင်သော ဝတ်ပြုမှု” တစ်နည်းအားဖြင့် ဘာသာတရားတစ်ခုရှိတယ်။ (ယာကုပ် ၁:၂၇) စင်ကြယ်ပြီး စစ်မှန်တဲ့ဘာသာတရားဟာ ဘုရားဆီက အရင်းခံတယ်။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
ဘုရားနှစ်သက်တဲ့ ဘာသာတရားဟာ ကျမ်းစာအမှန်တရားပေါ် အခြေခံရမယ်။—ယောဟန် ၄:၂၃၊ ၂၄။
လူ့အတွေးအခေါ်ပေါ် အခြေခံထားတဲ့ ဘာသာတရားတွေဟာ အချည်းနှီးပဲ။—မာကု ၇:၇၊ ၈။
ဘာသာတရားတစ်ခုရဲ့ ဘာသာဝင်ဖြစ်ဖို့လိုသလား
သင်ဘယ်လိုထင်သလဲ
လိုတယ်
မလိုဘူး
အခြေအနေပေါ်မူတည်တယ်
သမ္မာကျမ်းစာ သွန်သင်ရာ
“မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားက မိမိကိုကိုးကွယ်တဲ့သူတွေကို အုပ်စုတစ်စုအနေနဲ့ စုပေါင်းဝတ်ပြုစေချင်တယ်။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေရဲ့ ယုံကြည်ချက်ဟာ တညီတညွတ်တည်း ဖြစ်ရမယ်။—၁ ကောရိန္သု ၁:၁၀၊ ၁၁။
ဘုရားနှစ်သက်လက်ခံတဲ့ ဘာသာတရားရဲ့ ဘာသာဝင်တွေဟာ ကမ္ဘာချီညီအစ်ကိုအသင်းအပင်း ဖြစ်တယ်။—၁ ပေတရု ၂:၁၇။