မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်လက်နက်​အားလုံး ဖျက်ဆီး​ခံရ​တော့မယ်

သမ္မာကျမ်းစာ သွန်သင်ရာ

သမ္မာကျမ်းစာ သွန်သင်ရာ

ကမ္ဘာပေါ်မှာ ငြိမ်သက်ခြင်း ရှိ​နိုင်​ပါ​ဦး​မလား

သင် ဘယ်လို​ထင်​ပါသလဲ

  • ရှိ​နိုင်

  • မရှိ​နိုင်

  • ရှိ​ကောင်း​ရှိ​နိုင်

ကျမ်းစာ သွန်သင်ရာ

ယေရှုခရစ် အုပ်ချုပ်​တဲ့အခါ “လ​မင်း​တည်ရှိ​နေသရွေ့ [ထာဝစဉ်] ငြိမ်သက်ခြင်း တိုးများ​လိမ့်မယ်။”—ဆာလံ ၇၂:၇

ကျမ်းစာ​မှ နောက်ထပ်​သိရှိ​နိုင်ရာများ

  • ကမ္ဘာပေါ်မှာ လူဆိုး​တွေ ရှိတော့မှာ မဟုတ်ဘူး။ လူကောင်း​တွေကတော့ “များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့် ပျော်ရွှင်​ကြည်နူး​ရ​လိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

  • စစ်ပွဲတွေ လုံးဝ​မရှိတော့​အောင် ဘုရား လုပ်ပေး​မယ်။—ဆာလံ ၄၆:၈၊ ၉

အခု​ချိန်မှာ စိတ်ငြိမ်သက်မှု တကယ်​ရနိုင်​မလား

လူတချို့ ယုံကြည်ရာ . . . ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခ​နဲ့ မတရားမှု ရှိနေ​သ​ရွေ့ စိတ်ငြိမ်သက်မှု မရနိုင်ဘူး။ သင် ဘယ်လို ထင်​ပါသလဲ။

ကျမ်းစာ သွန်သင်ရာ

ဘုရားနဲ့ ရင်းနှီးတဲ့​ဆက်ဆံရေး ရှိ​သူတွေဟာ အခု​ချိန်မှာ​တောင် “လူ့​ဉာဏ်​နဲ့​မ​မီနိုင်​တဲ့ ဘုရားသခင့်​ငြိမ်သက်ခြင်း” ရရှိနိုင်​တ​ယ်။—ဖိလိပ္ပိ ၄:၆၊ ၇

ကျမ်းစာ​မှ နောက်ထပ်​သိရှိ​နိုင်ရာများ

  • ဘုရား​သခင်က ဆင်းရဲဒုက္ခ​နဲ့ မတရားမှုကို ဖယ်ရှားပြီး ‘အရာခပ်သိမ်း​ကို အသစ်​ဖန်ဆင်း’ မယ်လို့ ကတိပြု​ထားတယ်။—ဗျာဒိတ် ၂၁:၄၊ ၅

  • “ဘုရားသခင်ကို မှီခို” အားကိုး​မယ်ဆိုရင် စိတ်ငြိမ်သက်မှု ရ​နိုင်တယ်။—မဿဲ ၅:၃