မုန်းတီးမှုကို ချေဖျက်နိုင်
မုန်းတီးမှုရဲ့ သားကောင် ဖြစ်ဖူးပါသလား။
မဖြစ်ဖူးဘူး ဆိုရင်တောင် မုန်းတီးမှု ပုံစံတစ်မျိုးမျိုးကို မြင်တွေ့ဖူးမှာပါ။ နိုင်ငံမတူ လူမျိုးမတူသူတွေ၊ လိင်တူချင်း စွဲလမ်းသူတွေကို မုန်းတီးတာမျိုး မြင်တွေ့နေရတယ်။ ဒါကြောင့် အစိုးရတွေက မုန်းတီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုတွေကို တားမြစ်တဲ့ ဥပဒေတွေ ထုတ်နေကြတယ်။
အမုန်းခံရသူတွေက တခြားသူတွေကို မုန်းကြတယ်။ ကလဲ့စား ချေတတ်ကြတယ်။ ဒီလိုနဲ့ အမုန်းသံသရာ လည်နေတော့တယ်။
မလိုမုန်းထားခံရတာ၊ မကောင်းတဲ့သဘောနဲ့ ပုံသေသတ်မှတ်ခံရတာ၊ ကဲ့ရဲ့ခံရတာ၊ စော်ကားခံရတာ၊ ခြိမ်းခြောက်ခံရတာမျိုး သင် ကြုံတွေ့ဖူးမယ်။ မုန်းတီးမှုက အဲဒါတွေထက် ပိုဆိုးရွားပါတယ်။ ခက်ထန်ကြမ်းတမ်းစွာ ရန်လိုတာ၊ အနိုင်ကျင့်တာ၊ ပိုင်ဆိုင်ရာတွေ ဖျက်ဆီးတာ၊ စော်ကားတာ၊ မုဒိမ်းကျင့်တာ၊ သတ်ဖြတ်တာ၊ လူမျိုးတုန်းသတ်ဖြတ်တာတွေအထိ ဖြစ်နိုင်တယ်။
ဒီမဂ္ဂဇင်းမှာ အောက်ပါမေးခွန်းတွေကို အဖြေပေးထားပြီး မုန်းတီးမှုကို ချေဖျက်နိုင်ပုံအကြောင်း ဖော်ပြထားတယ်။
မုန်းတီးမှုတွေ ဘာကြောင့် ဒီလောက် များရသလဲ။
အမုန်းသံသရာကို ဘယ်လို ချေဖျက်နိုင်သလဲ။
မုန်းတီးမှု ထာဝစဉ် ပပျောက်သွားမယ့်အချိန် ရောက်လာနိုင်ပါဦးမလား။