မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှု သံသရာ​ကို ချေဖျက်​နိုင်​ပုံ

၁ | မျက်နှာမလိုက်​ပါ​နဲ့

၁ | မျက်နှာမလိုက်​ပါ​နဲ့

ကျမ်းစာ သွန်သင်ချက်–

“ဘုရားသခင် မျက်နှာမလိုက်[ဘူး]။ . . . ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရား​ရဲ့ နှစ်သက်​လက်ခံမှုကို ရတာပဲ။”တမန်တော် ၁၀:၃၄၊ ၃၅

ဆိုလို​တာ​က–

ယေဟောဝါ * ဘုရားသခင်​က ကျွန်တော်​တို့​ရဲ့ နိုင်ငံသား၊ လူမျိုး၊ အသားအရောင်၊ ယဉ်ကျေးမှု​ပေါ် အခြေခံ​ပြီး မစီရင်​ဘူး။ ကျွန်တော်​တို့​ရဲ့ အတွေးအခေါ်၊ လိုအင်ဆန္ဒ​တွေ​ ဖြစ်​တဲ့ အတွင်း​သဘောကို​ပဲ အာရုံစိုက်​တယ်။ “လူတွေက အပြင်ပန်း​ကိုပဲ ကြည့်​တတ်တယ်။ ယေဟောဝါ​ကတော့ နှလုံးသားကို ကြည့်​တယ်။”—၁ ရှမွေလ ၁၆:၇

လုပ်ဆောင်​နိုင်တဲ့ အချက်

ကျွန်တော်​တို့​က လူတွေရဲ့ စိတ်​နှလုံးကို မမြင်နိုင်​ပေမဲ့ ဘုရားသခင်​ကို အတုယူဖို့၊ မျက်နှာ​မလိုက်ဖို့ ကြိုးစား​နိုင်တယ်။ လူတွေကို အုပ်စု​လိုက် မမြင်​ဘဲ တစ်ဦးချင်း​စီ​ကို မြင်​ဖို့ ကြိုးစား​ပါ။ တခြား​လူမျိုး၊ နိုင်ငံသား​အပေါ် အပျက်သဘောထား ရှိတယ်ဆိုရင် အဲဒါကို အမြစ်​ကနေ ဖယ်ထုတ်​နိုင်​ဖို့ ကူညီ​ပေး​ပါ​လို့ ဘုရားသခင်​ဆီ ဆုတောင်း​ပါ။ (ဆာလံ ၁၃၉:၂၃၊ ၂၄) မျက်နှာမလိုက်​အောင် ကူညီ​ပေး​ပါ​လို့ စိတ်ရင်းမှန်​နဲ့ ယေဟောဝါ​ဆီ အကူအညီ တောင်း​မယ်​ဆိုရင် ကိုယ့်ရဲ့ ဆုတောင်းချက်​ကို ဘုရား​နားထောင်ပြီး ကူညီ​ပေး​မယ်​ဆိုတာ စိတ်ချပါ။—၁ ပေတရု ၃:၁၂

^ အပိုဒ်၊ 6 ယေဟောဝါ​ဆိုတာ ဘုရားသခင်ရဲ့ နာမည်​ပါ။—ဆာလံ ၈၃:၁၈

“လူဖြူ​တစ်ယောက်​နဲ့ ရန်မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း​တောင် တစ်ခါ​မှ အတူ​ မ​ထိုင်​ခဲ့​ဖူး​ဘူး။ အခုတော့ ကျွန်တော်​ဟာ စစ်မှန်တဲ့ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းဝင်​တစ်ယောက် ဖြစ်နေ​ပါ​ပြီ။”—တိုင်းတပ်စ်