မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုန်းတီးမှု သံသရာ​ကို ချေဖျက်​နိုင်​ပုံ

၂ | လက်စားမချေ​ပါ​နဲ့

၂ | လက်စားမချေ​ပါ​နဲ့

ကျမ်းစာ သွန်သင်ချက်–

“အဆိုးကို အဆိုးနဲ့ မတုံ့ပြန်​ပါ​နဲ့။ . . . ဖြစ်​နိုင်​မယ်​ဆိုရင် လူအားလုံးနဲ့ သင့်မြတ်​အောင် အတတ်နိုင်ဆုံး ကြိုးစား​ပါ။ . . . လက်စားမချေ​ပါနဲ့။ ‘“လက်စားချေ​တာ​ဟာ ငါ့​ကိစ္စ​ပါ။ မတရားမှု​အတွက် ငါ​လက်တုံ့ပြန်​ပေး​မှာ​ပါ” လို့ ယေဟောဝါ ပြော​တယ်’ ဆိုပြီး ကျမ်းစာ​မှာ ရေးထားတယ်။”ရောမ ၁၂:၁၇-၁၉

ဆိုလို​တာ​က–

တစ်ယောက်ယောက်​က ထိခိုက်​နစ်နာ​အောင် လုပ်တယ်​ဆိုရင် ဒေါသ​ထွက်​တာ သဘာဝပါပဲ။ ဒါပေမဲ့ ဘုရား​က လက်တုံ့မပြန်​စေ​ချင်ဘူး။ မကြာခင် ဘုရား​က မတရားမှု​အားလုံး​ကို ဖြေရှင်း​ပေး​တော့​မှာ​ ဖြစ်လို့ ကျွန်တော်​တို့ကို စိတ်ရှည်ရှည် စောင့်​စေချင်တယ်။—ဆာလံ ၃၇:၇၊ ၁၀

လုပ်ဆောင်​နိုင်တဲ့ အချက်–

မစုံလင်​တဲ့ လူသားတွေ လက်တုံ့ပြန်​တဲ့​အခါ မုန်းတီးမှု သံသရာ​က မပြီး​ဆုံး​နိုင်​တော့​ဘူး။ ဒါ​ကြောင့် တစ်ယောက်ယောက်​က ကိုယ့်ကို ထိခိုက်​နစ်နာ​အောင် လုပ်တယ်​ဆိုရင် ကလဲ့စား မချေပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်း​ပြီး အေးအေးဆေးဆေး ဖြေရှင်း​ပါ။ တစ်ခါ​တ​လေ ပြဿနာ​ကို လျစ်လျူရှု​လိုက်တာ​က အကောင်းဆုံး​ပဲ။ (ပညာအလိမ္မာ ၁၉:၁၁) ပြဿနာ​ကို ထုတ်ဖော်​လိုက်လို့ အကျိုး​ရှိတဲ့ အခါတွေလည်း ရှိ​နိုင်​ပါ​တယ်။ ဥပမာ၊ အကြမ်းဖက်​ခံရတယ်​ဆိုရင် ရဲ ဒါမှ​မဟုတ် အာဏာပိုင်တွေကို တိုင်ကြား​နိုင်တယ်။

လက်စားချေ​တာ​က ကိုယ့်ကိုပဲ ထိခိုက်​စေ

ပြဿနာ​ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း​နိုင်​ပုံ မရရင် ဘာလုပ်​နိုင်​သလဲ။ ပြဿနာ​ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း​ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်​ပြီးပြီ ဆိုရင်ကော။ လက်စား​မချေပါနဲ့။ အခြေအနေ ပို​ဆိုး​သွားနိုင်တယ်။ မုန်းတီးမှု​ သံသရာကို အဆုံးသတ်​လိုက်ပါ။ ပြဿနာ​ ဖြေရှင်း​တဲ့ ဘုရား​ရဲ့​ နည်းလမ်းကို ယုံကြည်​စိတ်ချပါ။ “ဘုရား​ကို အားကိုးပါ။ မင်းတို့ရဲ့​ အကျိုးအတွက် လုပ်ဆောင်ပေး​လိမ့်မယ်။”—ဆာလံ ၃၇:၃-၅