အမုန်းခံရသူတွေ နေရာတိုင်းမှာရှိ
နေရာတိုင်းမှာ အမုန်းတရားတွေ ကူးစက်ပျံ့နှံ့နေတယ်။
သတင်းတွေနဲ့ လူမှုမီဒီယာမှာ အမုန်းပွားစေတဲ့ စကားတွေ၊ စာတွေ၊ အမုန်းတရားကြောင့် ဖြစ်တဲ့ ရာဇဝတ်မှုတွေအကြောင်း ပိုပိုပြီး မြင်တွေ့လာရတယ်။ လူများစွာဟာ မလိုမုန်းထားခံရ၊ ပုံသေသတ်မှတ်ခံရ၊ လှောင်ပြောင်၊ စော်ကား၊ ခြိမ်းခြောက်ခံရ၊ ဖျက်လိုဖျက်ဆီး ပြုလုပ်ခံနေရကြတယ်။ လူကို လူလို မဆက်ဆံတာတွေ၊ အမုန်းပွားတာတွေ နေရာတကာမှာ တွေ့နေရတယ်။
ဒီမဂ္ဂဇင်းမှာ မုန်းတီးမှု သံသရာကို ချေဖျက်နိုင်ပုံအကြောင်း ဖော်ပြထားတယ်။ ဒါက စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ တကယ် ဖြစ်လာမယ်၊ ထာဝစဉ် တည်မြဲသွားမယ်။ အဲဒါကို အခုအချိန်မှာတောင် ကမ္ဘာတစ်ခွင်မှာ မြင်တွေ့နေရပါပြီ။