မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနာဂတ်နဲ့ပတ်သက်တဲ့ အမှန်တရား

အနာဂတ်နဲ့ပတ်သက်တဲ့ အမှန်တရား

အနာဂတ်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ စဉ်းစားဖူးလား။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းအပေါ် အကျိုးသက်ရောက်မယ့် အရေးပါတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်လာတော့မယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။

“ဘုရားသခင့်နိုင်ငံတော် နီးနေပြီဆိုတာ သိ” နိုင်တဲ့နည်းကို ယေရှု ပြောပြခဲ့တယ်။ (လုကာ ၂၁:၃၁) စစ်ပွဲတွေ၊ အင်အားပြင်းငလျင်တွေ၊ အစားအစာ ရှားပါးတာတွေ၊ ကပ်ရောဂါ စတာတွေ ဖြစ်လာမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ အခုချိန်မှာ အဲဒါတွေ ဖြစ်ပျက်နေတာကို ကျွန်တော်တို့ကိုယ်တိုင် မြင်တွေ့နေရပြီ။—လုကာ ၂၁:၁၀-၁၇

လူ့အုပ်ချုပ်မှုရဲ့ “နောက်ဆုံးကာလ” အတွင်း လူတွေရဲ့အကျင့် ပိုဆိုးလာမယ်လို့လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ၂ တိမောသေ ၃:၁-၅ မှာ ဖတ်နိုင်တယ်။ အဲဒီသဘောထားတွေ၊ အမူအကျင့်တွေကို မြင်တွေ့တဲ့အခါ အဲဒီကျမ်းစာကြိုဟောချက် အခုချိန်မှာ ဖြစ်ပျက်နေပြီဆိုတာ သင် သဘောတူပါလိမ့်မယ်။

အဲဒါက ဘာကို ဆိုလိုတာလဲ။ ဘုရားသခင့်နိုင်ငံတော်က လူတွေရဲ့ ဘဝကို တိုးတက်ပြောင်းလဲစေမယ့် အပြောင်းအလဲကြီးတွေ ပြုလုပ်ပေးမယ့်အချိန် နီးနေပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ (လုကာ ၂၁:၃၆) ကမ္ဘာမြေကြီးနဲ့ ကမ္ဘာပေါ် နေထိုင်မယ့်လူတွေအတွက် ကောင်းတဲ့အရာတွေ လုပ်ပေးမယ်လို့ ကျမ်းစာမှာ ဘုရားသခင် ကတိပေးထားတယ်။ နမူနာတချို့ ကြည့်ရအောင်။

ကောင်းမွန်တဲ့ အုပ်ချုပ်မှု

“သူ [ယေရှု] က အုပ်ချုပ်ခွင့်အာဏာ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံတစ်ခုကို ရတယ်။ ဒါကြောင့် ဘာသာစကား အမျိုးမျိုးပြောတဲ့ လူမျိုးအပေါင်းဟာ သူ့ဆီမှာ အမှုထမ်းကြတယ်။ သူ့ရဲ့ အုပ်ချုပ်ခွင့်အာဏာဟာ မကွယ်ပျောက်ဘဲ ထာဝစဉ် တည်တံ့လိမ့်မယ်။ သူ့နိုင်ငံဟာ ပျက်စီးမှာ မဟုတ်ဘူး။”ဒံယေလ ၇:၁၄

အဓိပ္ပာယ်– ဘုရားသခင် တည်ထောင်တဲ့ ကမ္ဘာချီအစိုးရမှာ သားတော်ကို ဘုရင်အဖြစ် ခန့်အပ်ထားတယ်။ အဲဒီအုပ်ချုပ်မှုအောက်မှာ သင် နေထိုင်နိုင်တယ်။

ကောင်းမွန်တဲ့ ကျန်းမာရေး

“ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”ဟေရှာယ ၃၃:၂၄

အဓိပ္ပာယ်– ဖျားနာမှု၊ မသန်စွမ်းမှုတွေကို သင် မခံစားရတော့ဘူး။ ဘယ်တော့မှ မသေတော့ဘူး။

ငြိမ်သက်အေးချမ်းလာမယ်

“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။” ဆာလံ ၄၆:၉

အဓိပ္ပာယ်– စစ်ရဲ့ ခြိမ်းခြောက်မှုနဲ့ စစ်ကြောင့်ဖြစ်တဲ့ ဒုက္ခတွေ မရှိတော့ဘူး။

ကမ္ဘာပေါ်မှာ လူကောင်းတွေပဲ ရှိမယ်

“လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး . . . စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။” ဆာလံ ၃၇:၁၀၊ ၁၁

အဓိပ္ပာယ်– လူဆိုးတွေ မရှိတော့ဘူး။ ဘုရားစကား နားထောင်သူတွေပဲ ရှိမယ်။

တစ်ကမ္ဘာလုံး သာယာလှပလာမယ်

“လူတွေက အိမ်တွေဆောက်ပြီး ကိုယ်တိုင်နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင်စားသုံးရလိမ့်မယ်။”ဟေရှာယ ၆၅:၂၁၊ ၂၂

အဓိပ္ပာယ်– တစ်ကမ္ဘာလုံး သာယာလှပလာမယ်။ ဘုရားအလိုတော် “ကမ္ဘာမြေမှာ” ပြည့်စုံပါစေ ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ဘုရား ပြည့်စုံစေမယ်။—မဿဲ ၆:၁၀