သင့်ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
သင့်ဆုတောင်းချက်ကို ဘုရားသခင် နားထောင်တယ်လို့ ခံစားရသလား။
ကျမ်းစာမှာ ဘာပြောထားသလဲ
ဘုရားသခင် နားထောင်တယ်။ ကျမ်းစာမှာ ဒီလို အာမခံထားတယ်– “ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။ . . . သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။”—ဆာလံ ၁၄၅:၁၈၊ ၁၉။
ဘုရားသခင်က သင့်ကို ဆုတောင်းစေချင်တယ်။ ကျမ်းစာမှာ ဒီလို ဖိတ်ခေါ်ထားတယ်– “အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။”—ဖိလိပ္ပိ ၄:၆။
ဘုရားက သင့်ကို တကယ် ဂရုစိုက်တယ်။ ကျွန်တော်တို့ရဲ့ ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဘုရား အကုန် သိတယ်။ ကျွန်တော်တို့ကို ကူညီပေးချင်တယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– “စိုးရိမ်ပူပန်စရာ ရှိသမျှကို ဘုရားသခင်ဆီ ပုံအပ်ထားလိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇။