မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်”

“ခင်ဗျားတို့ကို ဂရုစိုက်တဲ့အရှင်”

သင့်ကို လူတွေ ပစ်ပယ်​ထားရင်​တောင် ဘယ်တော့မှ မပစ်ပယ်​မယ့်​သူ​တစ်ဦး ရှိပါတယ်။ ဘယ်သူ ဖြစ်မလဲ။

ဘုရင်​ဒါဝိဒ် ဒီလို​ပြောခဲ့တယ်– “မိရင်းဖရင်း​က ကျွန်တော့်ကို စွန့်ပစ်ခဲ့​ရင်တောင် ယေဟောဝါ လက်ခံ​ထား​မှာပါ။”—ဆာလံ ၂၇:၁၀

ယေဟောဝါ​ဘုရားဟာ “ကရုဏာ​ကြီးတဲ့​အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုးရဲ့ အရှင်​ပဲ။ ကျွန်တော်တို့ ဆင်းရဲဒုက္ခ​အမျိုးမျိုး ခံရတဲ့​အခါ ဘုရားသခင် နှစ်သိမ့်​ပေးတယ်။”—၂ ကောရိန္သု ၁:၃၊ ၄

“စိုးရိမ်​ပူပန်စရာ ရှိသမျှကို ဘုရားသခင်​ဆီ ပုံအပ်ထား​လိုက်ပါ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကို ဂရုစိုက်​တဲ့​အရှင် ဖြစ်လို့ပဲ။”—၁ ပေတရု ၅:၇

ဘုရားသခင် ဂရုစိုက်ပုံ​အကြောင်း ပို​သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၈ မှာ ကြည့်ပါ။ www.pr418.com/my မှာလည်း အခမဲ့ ကူးယူ​နိုင်တယ်။