မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသေတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

လူသေတွေအတွက် ဘာမျှော်လင့်ချက် ရှိသလဲ

ကျွန်တော်တို့​အားလုံး သေခြင်းရဲ့​ဒဏ်​ကို ခံရကြ​တယ်။ ဒါပေမဲ့ သေခြင်း​မှာ အားလုံး လမ်းဆုံး​သွားပြီ​လား။ သေလွန်သူတွေ​ဟာ ထာဝရ မေ့လျော့​ခံရပြီ​လား။ လူသေ​တွေ​အတွက် ဘာ​မျှော်လင့်ချက် ရှိသလဲ။

ကျမ်းစာ​အဆိုကို သုံးသပ်​ကြည့်ပါ

လူသေ​တွေ မေ့လျော့​မခံရ

‘သင်္ချိုင်းဂူ​တွေ​မှာ ရှိနေ​သူ​အားလုံး ထွက်လာ​ကြမယ်။’ —ယောဟန် ၅:၂၈၊ ၂၉

လူသေတွေကို ဘုရား သတိ​ရတယ်။ ဘုရားရဲ့ မှတ်ဉာဏ်​မှာ ရှိသူတွေ အသက်ပြန်ရှင်​လာ​ကြမယ်။

ကမ္ဘာမြေမှာ အသက်ပြန်ရှင်​လာ​ကြမယ်

“ဖြောင့်မတ်သူ​ရော မဖြောင့်မတ်​သူတွေပါ ရှင်ပြန်ထမြောက်​လာမယ်။”—တမန်တော် ၂၄:၁၅

လူ​သန်းပေါင်း​များစွာဟာ ငြိမ်သက်​အေးချမ်း​စွာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်​နဲ့ အသက်ပြန်ရှင်​လာ​ကြမယ်။

ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဟာ လက်ခံ​ယုံကြည်​နိုင်​စရာ​ပါ

“ဘုရားက ကြယ်တွေ​ကို ရေတွက်​ထားတယ်။ ကြယ်​တစ်လုံးစီကို နာမည်​နဲ့ ခေါ်တယ်။”—ဆာလံ ၁၄၇:၄

ဘုရားက ကြယ်​အားလုံးကို နာမည်​ကိုယ်စီ ခေါ်​နိုင်​မှ​တော့ အသက်ပြန်ရှင်​စေ​ရမယ့်​သူတွေကို အလွယ်တကူ မှတ်မိ​နိုင်ပါတယ်။