တကွဲတပြားဖြစ်နေတဲ့ လောကမှာ ကြားနေမှုကို ဆက်ထိန်းထားပါ
‘ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ပေးကြလော့။’—မ. ၂၂:၂၁။
၁။ ဘုရားသခင်ကိုရော လူ့အစိုးရတွေကိုပါ ဘယ်လို နာခံနိုင်သလဲ။
လူ့အစိုးရတွေကို နာခံဖို့ ကျမ်းစာမှာ ပြောထားတယ်။ ဒါပေမဲ့ လူ့စကားထက် ဘုရားသခင့်စကားကို နာခံရမယ်လို့လည်း ပြောတယ်။ (တ. ၅:၂၉; တိ. ၃:၁) ဘယ်လို ဖြစ်နိုင်မလဲ။ ဘယ်သူ့ကို နာခံသင့်တယ်ဆိုတာ နားလည်အောင် ကူညီပေးတဲ့ မူတစ်ခုကို ယေရှု အခုလို ရှင်းပြတယ်– “ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ပေးကြလော့။” [၁] (မ. ၂၂:၂၁) ကျွန်တော်တို့က အစိုးရဥပဒေတွေကို နာခံခြင်း၊ အစိုးရအရာရှိတွေကို လေးလေးစားစား ဆက်ဆံခြင်း၊ အခွန်အတုတ်တွေ ပေးခြင်းအားဖြင့် “ကဲသာ၏ဥစ္စာကို ကဲသာအား ပေးကြ” တယ်။ (ရော. ၁၃:၇) ဒါပေမဲ့ ဘုရားသခင်ကို မနာခံဖို့ အစိုးရအရာရှိတွေ ပြောလာရင်တော့ လေးလေးစားစား ငြင်းဆိုကြတယ်။
၂။ လောကနိုင်ငံရေးကိစ္စတွေမှာ ဘက်မလိုက်ဘဲ ကြားနေကြောင်း ကျွန်တော်တို့ ဘယ်လို တင်ပြကြသလဲ။
၂ ‘ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်အား ပေး’ နိုင်တဲ့ နည်းတစ်နည်းကတော့ လောကနိုင်ငံရေးကိစ္စတွေမှာ ဘက်မလိုက်ဘဲ ကြားနေခြင်း ဖြစ်တယ်။ (ဟေရှာ. ၂:၄) လူ့အစိုးရတွေကို ဘုရားသခင် ခွင့်ပြုထားတဲ့အတွက် သူတို့ကို ကျွန်တော်တို့ မဆန့်ကျင်ဘူး။ လူမျိုးရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ မပါဝင်ဘူး။ (ရော. ၁၃:၁၊ ၂) အစိုးရအပြောင်းအလဲဖြစ်အောင် မကြိုးစားဘူး။ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် အရွေးမခံဘူး။ မဲမဆွယ်ဘူး။ မဲမထည့်ဘူး။
၃။ ဘာကြောင့် ကြားနေရမလဲ။
၃ ကြားနေဖို့ ဘုရားသခင် တောင်းဆိုရတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အကြောင်းရင်းတစ်ခုက “လောကနှင့်မသက်ဆိုင်” တဲ့ ယေရှုကို ကျွန်တော်တို့ တုပကြလို့ပဲ။ နိုင်ငံရေးနဲ့ စစ်ပွဲတွေမှာ ယေရှု လုံးဝ မပါဝင်ခဲ့ဘူး။ (ယော. ၆:၁၅; ၁၇:၁၆) နောက်အကြောင်းရင်းက ဘုရားသခင့်နိုင်ငံတော်ကို ကျွန်တော်တို့ ထောက်ခံကြလို့ပဲ။ လူ့အစိုးရတွေကို မထောက်ခံတဲ့အတွက် ဘုရားသခင့်နိုင်ငံတော်ကပဲ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုပြီး စိတ်သန့်သန့်နဲ့ ဟောပြောနိုင်တယ်။ မှားယွင်းတဲ့ဘာသာတွေဟာ နိုင်ငံရေးမှာ ပါဝင်တဲ့အတွက် ဘာသာဝင်တွေကို တကွဲတပြား ဖြစ်စေတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ဝတ်ပြုရေးကတော့ ကြားနေနိုင်အောင် ကျွန်တော်တို့ကို ကူညီပေးတဲ့အတွက် ကမ္ဘာချီညီအစ်ကို အသင်းအပင်းအဖြစ် စည်းလုံးနေစေတယ်။—၁ ပေ. ၂:၁၇။
၄။ (က) ကြားနေဖို့ ပိုခက်လာမယ်ဆိုတာ ဘယ်လို သိရသလဲ။ (ခ) ကြားနေနိုင်ဖို့ ဘာကြောင့် အခုကတည်းက ပြင်ဆင်ထားသင့်သလဲ။
၄ နိုင်ငံရေးတည်ငြိမ်ပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို ခွင့်ပြုထားပုံရတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေထိုင်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ စာတန့်စနစ်ရဲ့အဆုံး နီးလာလေ ကြားနေဖို့ ပိုခက်လာလေ ဖြစ်လိမ့်မယ်။ ဒီနေ့လောကဟာ “ဖီလာဆန့်ကျင်တတ်သူ၊” “ခေါင်းမာသူ” တွေနဲ့ ပြည့်နေတဲ့အတွက် စိတ်ဝမ်းကွဲပြားမှု ပိုများလာလိမ့်မယ်။ (၂ တိ. ၃:၃၊ ၄) အခုတောင် နိုင်ငံတချို့မှာ ရုတ်တရက် နိုင်ငံရေးအပြောင်းအလဲကြောင့် ကြားနေမှုနဲ့ပတ်သက်ပြီး ညီအစ်ကိုတချို့ အခက်အခဲကြံုနေရတယ်။ ဒါကြောင့် ကြားနေမယ်ဆိုတဲ့ သန္နိဌ္ဌာန်ခိုင်မာနေအောင် အခုကတည်းက ပြင်ဆင်ထားဖို့ လိုတယ်။ ပြင်ဆင်နိုင်တဲ့ နည်းလေးနည်းကို သုံးသပ်ကြည့်ကြစို့။
လူ့အစိုးရတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ
၅။ လူ့အစိုးရတွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။
၅ ကြားနေနိုင်ဖို့ ကူညီပေးတဲ့ ပထမနည်းက လူ့အစိုးရတွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ခြင်း ဖြစ်တယ်။ လူတွေကို ယေဟောဝါ ဖန်ဆင်းတုန်းက အချင်းချင်း အုပ်စိုးခွင့်မပေးခဲ့ဘူး။ (ယေ. ၁၀:၂၃) လူသားအားလုံးကို မိသားစုတစ်စုအဖြစ် ယေဟောဝါ ရှုမြင်တယ်။ ဒါပေမဲ့ လူသားတွေဖန်တီးထားတဲ့ အစိုးရတွေက အမျိုးသားရေးစိတ်ဓာတ်ကို အားပေးအားမြှောက်လုပ်တဲ့အတွက် လူတွေကို စိတ်ဝမ်းကွဲပြားစေတယ်။ အကောင်းဆုံး အစိုးရတွေတောင် ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအပြင် သူတို့ဟာ ၁၉၁၄ မှာ စတင်အုပ်ချုပ်တဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့ ရန်သူတွေ ဖြစ်လာတယ်။ အဲဒီနိုင်ငံဟာ မကြာခင် လူ့အစိုးရအားလုံးကို ဖယ်ရှားပစ်ပါလိမ့်မယ်။—ဆာလံ ၂:၂၊ ၇–၉ ကိုဖတ်ပါ။
ခက်ခဲတဲ့အခြေအနေမှာတောင် ကြားနေနိုင်ဖို့ အခုကတည်းက ပြင်ဆင်ထားပါ
၆။ အစိုးရအာဏာရှိသူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ။
၆ လူ့အစိုးရတွေဟာ အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းအောင် ထိန်းထားနိုင်တဲ့အတွက် သူတို့ကို ယေဟောဝါ တည်ရှိခွင့်ပြုထားတယ်။ တည်ငြိမ်အေးချမ်းနေတဲ့အတွက် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို ကျွန်တော်တို့ အေးအေးဆေးဆေး ဟောပြောနိုင်တယ်။ (ရော. ၁၃:၃၊ ၄) အာဏာရှိသူတွေအတွက် ဆုတောင်းပေးဖို့တောင် ဘုရားသခင် မိန့်မှာထားတယ်။ ဒါမှ ကျွန်တော်တို့ အေးအေးဆေးဆေး ဝတ်ပြုခွင့်ရနိုင်မယ်။ (၁ တိ. ၂:၁၊ ၂) မတရားဆက်ဆံခံရတဲ့အခါ အစိုးရအာဏာပိုင်တွေဆီမှာ အကူအညီ တောင်းနိုင်တယ်။ တမန်တော်ပေါလု အဲဒီလို လုပ်ခဲ့တယ်။ (တ. ၂၅:၁၁) လူ့အစိုးရတွေကို စာတန်ချုပ်ကိုင်ထားတယ်လို့ ကျမ်းစာပြောပေမဲ့ တစ်ယောက်ချင်းကို တိုက်ရိုက် ချုပ်ကိုင်ထားတယ်လို့တော့ မပြောဘူး။ (လု. ၄:၅၊ ၆) ဒါကြောင့် အစိုးရအာဏာပိုင် တစ်ယောက်ယောက်ကို စာတန်ချုပ်ကိုင်ထားတယ်လို့ ဘယ်တော့မှ မပြောသင့်ဘူး။ တခြားသူတွေကို ထိခိုက်နစ်နာအောင် မပြောဖို့ ကျမ်းစာ မိန့်မှာထားတယ်။—တိ. ၃:၁၊ ၂။
၇။ ဘယ်လို သဘောထားမျိုးကို ရှောင်ကြဥ်ရမလဲ။
၇ ကိုယ်စားလှယ်လောင်း တစ်ယောက်ကိုဖြစ်စေ၊ ပါတီတစ်ခုကိုဖြစ်စေ၊ နိုင်ငံရေးအယူအဆတစ်ခုကိုဖြစ်စေ အားပေးထောက်ခံတာမျိုး ဘယ်တော့မှ မလုပ်ခြင်းအားဖြင့် ဘုရားသခင်ကို ကျွန်တော်တို့ နာခံကြတယ်။ သူတို့ကို အားပေးထောက်ခံလို့ ကိုယ်ကောင်းစားမယ်လို့ ထင်ရရင်တောင် ကျွန်တော်တို့ အဲဒီလိုမလုပ်ကြဘူး။ တစ်ခါတလေတော့ ခက်ခဲနိုင်တယ်။ ဥပမာ၊ ယေဟောဝါသက်သေတွေအပါအဝင် ပြည်သူတွေကို အကြီးအကျယ် ဒုက္ခပေးတဲ့အစိုးရကို လူတွေ ဆန့်ကျင်ဆန္ဒပြတယ် ဆိုပါစို့။ ဆန္ဒပြသူတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းမှာမဟုတ်ပေမဲ့ သူတို့လုပ်တာ မှန်တယ်ဆိုပြီး စိတ်ထဲကနေ အားပေးနေသလား။ (ဧ. ၂:၂) အပြော၊ အလုပ်နဲ့သာမက စိတ်ထဲကနေတောင် ကျွန်တော်တို့ ကြားနေရမယ်။
အပြစ်ကင်းပေမဲ့ ပါးနပ်ပါ
၈။ ကြားနေဖို့ အခက်တွ့ေတဲ့အခါ ဘယ်လိုနည်းနဲ့ ပါးနပ်ပြီး အပြစ်ကင်းနိုင်သလဲ။
၈ ကြားနေနိုင်ဖို့ ကူညီပေးတဲ့ ဒုတိယနည်းက “မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” ခြင်း ဖြစ်တယ်။ (မဿဲ ၁၀:၁၆၊ ၁၇ ကိုဖတ်ပါ။) ရှေ့မှာကြံုရမယ့် အခက်အခဲတွေကို သိမှတ်ခြင်းအားဖြင့် “ပါးနပ်” ကြောင်း ကျွန်တော်တို့ တင်ပြကြတယ်။ အခက်အခဲကြံုရချိန်မှာ အလျှော့မပေးဘဲ ကြားနေခြင်းအားဖြင့် “အဆိပ်ကင်း” ကြောင်း၊ တစ်နည်းအားဖြင့် အပြစ်ကင်းကြောင်း တင်ပြကြတယ်။ အဲဒီအခက်အခဲတချို့နဲ့ အဲဒါတွေကို ဘယ်လို ဖြေရှင်းနိုင်တယ်ဆိုတာ ဆွေးနွေးကြည့်ကြစို့။
၉။ တခြားသူတွေနဲ့ စကားပြောတဲ့အခါ ဘယ်အချက်ကို သတိထားရမလဲ။
၉ အပြောအဆို။ နိုင်ငံရေးအကြောင်း လူတွေ စပြောလာပြီဆိုရင် အထူးပါးနပ်ရမယ်။ ဥပမာ၊ ဘုရားသခင့် နိုင်ငံတော်သတင်း ဟောပြောချိန်မှာ နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ရဲ့ အမြင်သဘောထားတွေကို ထောက်ခံတာဖြစ်စေ၊ ဝေဖန်တာဖြစ်စေ မလုပ်သင့်ဘူး။ နိုင်ငံရေးလောက,က အဆိုပြုထားတဲ့ ပြဿနာဖြေရှင်းနည်းတွေကို မဟုတ်ဘဲ ပြဿနာကိုသာ အာရုံစိုက်ခြင်းအားဖြင့် အိမ်ရှင် သဘောတူလက်ခံနိုင်မယ့်အရာကို အခြေခံဆွေးနွေးပါ။ ဘုရားသခင့်နိုင်ငံတော်က လူ့ပြဿနာတွေကို ဘယ်လိုနည်းနဲ့ ထာဝစဥ် ဖြေရှင်းမယ်ဆိုတဲ့အကြောင်း ကျမ်းစာနဲ့ ထောက်ပြပါ။ လိင်တူလက်ထပ်တာ ဒါမှမဟုတ် ကိုယ်ဝန်ဖျက်ချတာစတဲ့ အကြောင်းအရာ တစ်ခုခုကို လူတွေ ငြင်းခုံချင်တဲ့အခါ ကျမ်းစာမိန့်မှာချက်ကို ရှင်းပြပြီး ကိုယ်တိုင် ဘယ်လို ကျင့်သုံးနေတယ်ဆိုတာ ပြောပြပါ။ ဥပဒေတချို့ကို ပယ်ဖျက်သင့်တယ် ဒါမှမဟုတ် ပြောင်းလဲသင့်တယ်လို့ တစ်ယောက်ယောက် ပြောလာတဲ့အခါ ကျွန်တော်တို့ ဘက်မလိုက်ဘူး။ ကိုယ့်အမြင်ကို လက်ခံလာအောင်လည်း သူတို့ကို ဖိအားမပေးဘူး။
ကိုယ်ကြားတဲ့သတင်းမှန်သမျှကို ကျမ်းစာမှာပါတဲ့ “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” နဲ့ အမြဲ နှုိင်းယှဥ်ပါ
၁၀။ သတင်းမီဒီယာမှာ တစ်ခုခု ကြည့်ရှု၊ ဖတ်ရှုတဲ့အခါ ဘယ်လို ကြားနေနိုင်သလဲ။
၁၀ သတင်းမီဒီယာ။ တစ်ခါတလေ သတင်းတွေမှာ တစ်ဘက်ဘက်ကို ဘက်လိုက်ပြီး တင်ဆက်လေ့ရှိတယ်။ အထူးသဖြင့် သတင်းမီဒီယာတွေကို အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံတွေမှာ ဖြစ်တယ်။ ဒါကြောင့် သတင်းတွေ ဒါမှမဟုတ် သတင်းထောက်တွေ ဘက်လိုက်တဲ့အခါ သူတို့လို မတွေးမိဖို့ အထူးဂရုပြုရမယ်။ ဥပမာ၊ ၂ တိ. ၁:၁၃။
‘ဒီသတင်းထောက်ကို ကြိုက်ရတဲ့အကြောင်းရင်းက သူ ဘက်လိုက်ပြောတာကို ငါ သဘောတူလို့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ နိုင်ငံရေးမှာ ကြားနေနိုင်ဖို့ဆိုရင် ဘက်လိုက်ပြောဆိုတဲ့သတင်းတွေ ကြည့်ရှုတာ၊ ဖတ်ရှုတာကို ရှောင်ကြဥ်ရမယ်။ ဘက်မလိုက်တဲ့သတင်းတွေကိုသာ ရွေးချယ်ပါ။ ကိုယ်ကြားတဲ့သတင်းမှန်သမျှကို ကျမ်းစာမှာပါတဲ့ “အကျိုးဖြစ်ထွန်းသော တရားစကားတော်ပုံစံ” နဲ့ အမြဲ နှုိင်းယှဥ်ပါ။—၁၁။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို တမ်းတမ်းစွဲ ဖြစ်တဲ့အခါ ကြားနေဖို့ ဘယ်လို အခက်တွ့ေနိုင်သလဲ။
၁၁ ပစ္စည်းဥစ္စာအဓိကထားခြင်း။ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို တမ်းတမ်းစွဲ ဖြစ်နေရင် ကြားနေမှုနဲ့ပတ်သက်ပြီး စမ်းသပ်မှုကြံုရတဲ့အခါ အလျှော့ပေးမိနိုင်တယ်။ ၁၉၇၀ နောက်ပိုင်း မာလာဝီနိုင်ငံမှာ သက်သေခံများစွာဟာ နိုင်ငံရေးမှာမပါဝင်လို့ နှိပ်စက်ညှဥ်းပန်းခံခဲ့ရတယ်။ ညီအစ်မရုသ် အခုလို ပြောတယ်– “တချို့က သူတို့ရဲ့ သက်သောင့်သက်သာဘဝကို မစွန့်နိုင်ကြဘူး။ ကျွန်မတို့နဲ့အတူ ပြည်နှင်ခံရသူတချို့ဟာ ဒုက္ခသည်စခန်းမှာကြံုရတဲ့ အခက်အခဲတွေကို မခံနိုင်တဲ့အတွက် နောက်ပိုင်းမှာ နိုင်ငံရေးပါတီနဲ့ ပူးပေါင်းလိုက်ပြီး အိမ်ပြန်သွားကြတယ်။” ဘုရားသခင့်လူမျိုး အများစုကတော့ အဲဒီလို မဟုတ်ပါဘူး။ ငွေကြေးဖြစ်စေ၊ ပိုင်ဆိုင်သမျှကိုဖြစ်စေ ဆုံးၡုံးရမယ်ဆိုရင်တောင် ဆက်ကြားနေကြတယ်။—ဟေဗြဲ ၁၀:၃၄။
၁၂၊ ၁၃။ (က) လူတွေကို ယေဟောဝါ ဘယ်လို ရှုမြင်သလဲ။ (ခ) ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူဝါကြွားလွန်းသူတွေ ဖြစ်နေ,မနေ ဘယ်လို သိနိုင်သလဲ။
၁၂ မသင့်တော်တဲ့မာန။ လူတွေဟာ အများအားဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်ယဥ်ကျေးမှု၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူဝါကြွားကြ၊ မာနတက်ကြတယ်။ ဒါပေမဲ့ အဲဒါတွေ တစ်ခုထက် တစ်ခု ပိုသာလွန်တယ်လို့ ယေဟောဝါ မရှုမြင်ဘူး။ တကယ်တော့ ကျွန်တော်တို့အားလုံးကို တစ်ယောက်နဲ့တစ်ယောက် ကွဲပြားအောင် ယေဟောဝါ ဖန်ဆင်းထားတာက လူ့မိသားစုရဲ့ အံ့ဖွယ်မျိုးပေါင်းစုံလင်မှုကို ပေါ်လွင်စေတယ်။ ကိုယ့်ယဥ်ကျေးမှုကို စွန့်လွှတ်ဖို့ ဘုရား မမျှော်လင့်တာ မှန်ပါတယ်။ ဒါပေမဲ့ ယေဟောဝါရှေ့မှာ ကျွန်တော်တို့အားလုံး တန်းတူပဲဆိုတာကို သတိရ,ရမယ်။—ရော. ၁၀:၁၂။
၁၃ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက ပိုသာလွန်တယ်ဆိုပြီး မာနတက်တာဟာ မျိုးချစ်စိတ်ရဲ့အရင်းခံ ဖြစ်တယ်။ အဲဒီလိုသဘောထားက ကြားနေဖို့ အခက်တွ့ေစေနိုင်တယ်။ ခရစ်ယာန်တွေဆီကိုလည်း အဲဒီသဘောထား ကူးစက်နိုင်တယ်။ ပထမရာစုမှာတောင် ဟီဘရူးညီအစ်ကိုတချို့က ဂရိမုဆိုးမတွေကို မျှမျှတတ မဆက်ဆံခဲ့ဘူး။ (တ. ၆:၁) ကိုယ့်ဆီမှာ အဲဒီသဘောထား အမြစ်တွယ်နေ,မနေ ဘယ်လို သိနိုင်သလဲ။ နိုင်ငံရပ်ခြားက ညီအစ်ကိုညီအစ်မတစ်ယောက်ယောက် အကြံပေးတဲ့အခါ ‘ဒီမှာ ငါတို့ လုပ်နေတာ ပိုကောင်းတယ်’ လို့ တွေးပြီး ချက်ချင်း ပယ်ချလိုက်သလား။ အဲဒီလို လုပ်မယ့်အစား “သူတစ်ပါးသည် မိမိထက် သာလွန်သည်ဟု နှိမ့်ချသောစိတ်နှင့် ယူမှတ်ကြလော့” ဆိုတဲ့ ကျမ်းစာဆုံးမစကားကို ကျွန်တော်တို့အားလုံး လိုက်နာသင့်တယ်။—ဖိ. ၂:၃။
သင့်ကို ယေဟောဝါ ကူညီပေးမယ်
၁၄။ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။ ဘယ်ကျမ်းစာပုံနမူနာ ရှိသလဲ။
၁၄ ကြားနေနိုင်ဖို့ ကူညီပေးတဲ့ တတိယနည်းက ယေဟောဝါကိုအားကိုးခြင်း ဖြစ်တယ်။ သန့်ရှင်းသောယာ. ၁:၅) တကယ်လို့ သင်က ယေဟောဝါအပေါ် သစ္စာစောင့်သိတဲ့အတွက် ထောင်ချခံရတယ် ဒါမှမဟုတ် တစ်နည်းနည်းနဲ့ ဒဏ်ပေးခံရတယ်ဆိုရင် ကိုယ့်ယုံကြည်ချက်ကို လူတွေရှေ့မှာ သတ္တိရှိရှိ ခုခံကာကွယ်နိုင်အောင် ခွန်အားပေးဖို့ ဆုတောင်းပါ။ ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးမယ်ဆိုတာ သင် စိတ်ချနိုင်ပါတယ်။—တမန်တော် ၄:၂၇–၃၁ ကိုဖတ်ပါ။
စွမ်းအားတော် ရရှိဖို့ ဆုတောင်းပါ။ ဒါဆို အစိုးရတွေ အကျင့်ပျက်ခြစားတဲ့အခါ၊ မမျှမတဆက်ဆံတဲ့အခါ သည်းခံနိုင်အောင် ကူညီပေးနိုင်တဲ့ စိတ်ရှည်ခြင်းနဲ့ ချုပ်တည်းခြင်းအရည်အသွေးတွေ ရရှိလာပါလိမ့်မယ်။ ကြားနေဖို့ အခက်တွ့ေစေနိုင်တဲ့အခြေအနေတွေကို သိမှတ်နိုင်အောင်၊ ဖြေရှင်းနိုင်အောင် ဉာဏ်ပညာပေးဖို့လည်း ယေဟောဝါဆီ ဆုတောင်းပါ။ (ကြားနေနိုင်အောင် ကူညီပေးမယ့်ကျမ်းချက်တွေ၊ ကမ္ဘာသစ်အကြောင်းဖော်ပြထားတဲ့ ကျမ်းချက်တွေကို အလွတ်ကျက်မှတ်ထားဖို့ ကြိုးစားပါ
၁၅။ ကြားနေနိုင်ဖို့ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ။ (“ကျမ်းစာက သူတို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၅ ယေဟောဝါက ကျွန်တော်တို့ကို ခွန်အားပေးဖို့ ကျမ်းစာပေးထားတယ်။ ကြားနေနိုင်အောင် ကူညီပေးမယ့်ကျမ်းချက်တွေကို တွေးတောဆင်ခြင်ပါ။ အလွတ်ကျက်မှတ်ထားဖို့ ကြိုးစားပါ။ ကျမ်းစာအုပ် မရနိုင်တော့တဲ့အချိန်မှာ သင့်ကို အထောက်အကူပြုပါလိမ့်မယ်။ ကျမ်းစာက အနာဂတ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်ကတိတွေအပေါ် သင့်မျှော်လင့်ချက် ခိုင်မာနေအောင်လည်း ကူညီပေးနိုင်တယ်။ အဲဒီမျှော်လင့်ချက်ရှိမှ နှိပ်စက်ညှဥ်းပန်းမှုကို ခံရပ်နိုင်မယ်။ (ရော. ၈:၂၅) ကမ္ဘာသစ်မှာ သင် အထူးတလည်ခံစားချင်တဲ့ ကောင်းချီးတွေအကြောင်း ဖော်ပြထားတဲ့ကျမ်းချက်တွေကို ရွေးချယ်ပါ။ ကမ္ဘာသစ်မှာ အဲဒီကောင်းချီးတွေခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပါ။
သစ္စာရှိကျေးကျွန်တွေဆီကနေရရှိတဲ့ အကျိုးကျေးဇူး
၁၆၊ ၁၇။ ကြားနေခဲ့တဲ့ ဘုရားသခင့်သစ္စာရှိကျေးကျွန်တွေဆီကနေ ဘာသင်ယူနိုင်သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)
၁၆ ကြားနေနိုင်ဖို့ ကူညီပေးတဲ့ စတုတ္ထနည်းက ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေအကြောင်း စဥ်းစားခြင်း ဖြစ်တယ်။ သူတို့ရဲ့ ပုံနမူနာတွေကနေ ခံနိုင်ရည်ရှိဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ ရရှိနိုင်တယ်။ ဥပမာ၊ ဗာဗုလုန်ပြည်ကို ကိုယ်စားပြုတဲ့ရုပ်တုကို ဦးချဝတ်ပြုဖို့ ငြင်းဆိုခဲ့တဲ့ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါရဲ့ ပုံနမူနာကို စဥ်းစားကြည့်ပါ။ (ဒံယေလ ၃:၁၆–၁၈ ကိုဖတ်ပါ။) ဒီကျမ်းမှတ်တမ်းက ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်ကို ဦးချဝတ် ပြုဖို့ ငြင်းဆိုရဲတဲ့ သတ္တိရှိအောင် ဒီနေ့ခေတ်သက်သေခံများစွာကို ကူညီပေးတယ်။ လောကရဲ့ နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခတွေမှာ ယေရှု မပါဝင်ခဲ့ဘူး။ သူ့ရဲ့ ပုံနမူနာကနေ တပည့်တွေ အကျိုးရရှိမယ်ဆိုတာ သိတဲ့အတွက် “အားယူကြလော့။ ငါသည် လောကကို အောင်ပြီ” လို့ ပြောခဲ့တယ်။—ယော. ၁၆:၃၃။
၁၇ ဒီနေ့ခေတ်မှာလည်း သက်သေခံများစွာဟာ ကြားနေမှုကို ဆက်ထိန်းထားကြတယ်။ တချို့က ကိုယ့်ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရ၊ ထောင်ချခံရပြီး အသတ်တောင် ခံရကြတယ်။ သူတို့ရဲ့ ပုံနမူနာတွေက ရဲစွမ်းသတ္တိရှိဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်တယ်။ တူရကီနိုင်ငံက ညီအစ်ကိုတစ်ယောက် အခုလို ပြောတယ်– “လူငယ်လေး ဖရန့်စ် ရိုင်တာဟာ ဟစ်တလာရဲ့ စစ်တပ်ထဲ မဝင်တဲ့အတွက် သတ်ပစ်ခံခဲ့ရတယ်။ မသေဆုံးခင်ညမှာ သူ့အမေဆီ ရေးခဲ့တဲ့စာက ယေဟောဝါကို သူ ဘယ်လောက် ယုံကြည်စိတ်ချမှန်း ဖော်ပြတယ်။ ကျွန်တော်လည်း အဲဒီလိုစမ်းသပ်မှုမျိုး ကြံုရရင် သူ့ပုံနမူနာအတိုင်း လိုက်လျှောက်ချင်တယ်။” [၂]
၁၈၊ ၁၉။ (က) ကြားနေနိုင်ဖို့ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။ (ခ) သင် ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသလဲ။
၁၈ သင့်အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဆီကနေလည်း သင် အကူအညီရရှိနိုင်တယ်။ ကြားနေမှုနဲ့ပတ်သက်ပြီး စမ်းသပ်မှု ကြံုရပြီဆိုရင် အကြီးအကဲတွေကို အသိပေးပါ။ ကျမ်းစာအကြံဉာဏ်ကောင်းတွေ သူတို့ ပေးနိုင်တယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေလည်း သင် အခက်အခဲကြံုနေရမှန်း သိရင် သင့်ကို အားပေးပါလိမ့်မယ်။ သင့်အတွက် ဆုတောင်းပေးဖို့ သူတို့ကို ပြောပါ။ ကိုယ်တိုင်လည်း ညီအစ်ကိုညီအစ်မတွေကို ကူညီပေးသင့်ပြီး သူတို့အတွက် ဆုတောင်းပေးသင့်တယ်။ (မ. ၇:၁၂) ထောင်ကျနေတဲ့ ညီအစ်ကိုညီအစ်မတွေရဲ့ နာမည်စာရင်းကို jw.org ဝက်ဘ်ဆိုက် (အင်္ဂလိပ်) မှာ တွ့ေနိုင်တယ်။ [၃] နာမည်တချို့ကို ရွေးပြီး သူတို့ ဆက်သစ္စာရှိနိုင်အောင်၊ သတ္တိရှိနိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။—ဧ. ၆:၁၉၊ ၂၀။
၁၉ အဆုံးနီးလာတာနဲ့အမျှ လူ့အစိုးရတွေဟာ နိုင်ငံရေးမှာပါဝင်ဖို့၊ တစ်ဘက်ဘက်ကို ထောက်ခံဖို့ ကျွန်တော်တို့ကို ပိုဖိအားပေးလာနိုင်တယ်။ ဒါကြောင့် တကွဲတပြားဖြစ်နေတဲ့ ဒီလောကမှာ ဆက်ကြားနေမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာနေအောင် အခုကတည်းက ပြင်ဆင်ထားဖို့ သိပ်အရေးကြီးတယ်။
^ [၁] (အပိုဒ် ၁) ယေရှုပြောတဲ့ ကဲသာဆိုတာ လူ့အစိုးရကို ဆိုလိုတယ်။ ယေရှုခေတ်တုန်းက ကဲသာဟာ အာဏာအရှိဆုံးလူသားအုပ်စိုးရှင် ဖြစ်တယ်။
^ [၂] (အပိုဒ် ၁၇) ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်သတင်း ကြွေးကြော်သူများ စာအုပ် [လိပ်]၊ စာမျက်နှာ ၆၆၂ နဲ့ ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်၊ အခန်း ၁၄ မှာပါတဲ့ “ဘုရားသခင်ကို ဂုဏ်တင်ဖို့ အသက်ပေးခဲ့သူ” လေးထောင့်ကွက်ကို ကြည့်ပါ။
^ [၃] (အပိုဒ် ၁၈) NEWSROOM > LEGAL DEVELOPMENTS အောက်မှာပါတဲ့ “ယုံကြည်ချက်ကြောင့် ထောင်ချခံရ” ဆောင်းပါးတွေကို ကြည့်ပါ။