မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ

၃ | ကိုယ်ချစ်ခင်ရသူတွေနဲ့ ရင်းရင်းနှီးနှီး နေပါ

၃ | ကိုယ်ချစ်ခင်ရသူတွေနဲ့ ရင်းရင်းနှီးနှီး နေပါ

ဘာကြောင့် အရေးကြီး

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ သောကဖြစ်စရာတွေ များလာတာနဲ့အမျှ ချစ်ခင်ရသူတွေနဲ့ ခပ်စိမ်းစိမ်း၊ ခပ်တန်းတန်း ဖြစ်လာတတ်တယ်။

  • မိတ်ဆွေတွေနဲ့ ဆက်ဆံရေး ကျဲလာကြတယ်။

  • အိမ်ထောင်သည်တွေ တကျက်ကျက်နဲ့ ရန်စောင်ကြတယ်။

  • မိဘတွေက ကလေးတွေကို လျစ်လျူရှုထားကြတယ်။ ပစ်ထားကြတယ်။

သိသင့်သိအပ်ရာ

  • အခက်ကြုံချိန်မှာ မိတ်ဆွေတွေ ရှိတာက ကျန်းမာရေးအတွက်၊ စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးပြုတယ်။

  • ခေတ်ဆိုးခေတ်ကျပ်ကြီးထဲ ဖိစီးမှုတွေက မိသားစုမှာ မထင်မှတ်တဲ့ ပြဿနာတွေ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်စေတယ်။

  • စိတ်ဆင်းရဲစရာ သတင်းဆိုးတွေက ကလေးတွေအပေါ် ထင်တာထက်တောင် ဆိုးကျိုး သက်ရောက်စေတယ်။

အခု လုပ်ဆောင်နိုင်ရာ

ကျမ်းစာအဆို။ “မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇

ကူညီပေးနိုင်သူ၊ အကြံဉာဏ်ကောင်း ပေးနိုင်သူ ဘယ်သူတွေ ရှိမလဲ စဉ်းစားပါ။ ဖေးမကူညီတတ်တဲ့ မိတ်ဆွေတွေက ကိုယ်ဒုက္ခရောက်ချိန်မှာ ခံနိုင်ရည် ရှိစေပါလိမ့်မယ်။