မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ

၄ | မျှော်လင့်ချက် ရှင်သန်နေစေပါ

၄ | မျှော်လင့်ချက် ရှင်သန်နေစေပါ

ဘာကြောင့် အရေးကြီး

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ စိုးရိမ်သောကတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ကြရတယ်။ အခြေအနေဆိုး ကြုံနေရသူတွေခမျာ မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးတောင် မကျန်တော့ဘူး။ သူတို့ ဘာလုပ်ကြသလဲ။

  • တချို့က အနာဂတ်အကြောင်း ခေါင်းထဲ မထည့်ချင်တော့ဘူး။

  • ဖိစီးမှုဒဏ် မခံနိုင်လို့ အရက်၊ မူးယစ်ဆေး သုံးတဲ့သူတွေလည်း ရှိတယ်။

  • ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူတွေတောင် ရှိတယ်။ “ဘာအတွက် အသက်ဆက်ရှင်ရမှာလဲ။ သေတာမှ ကောင်းဦးမယ်” ဆိုပြီး ပြောကြတယ်။

သိသင့်သိအပ်ရာ

  • လောလောဆယ် ကြုံနေရတဲ့ ပြဿနာတွေဟာ အချိန်မရွေး အကောင်းဘက်ကို ပြောင်းသွားနိုင်တယ်။

  • မပြောင်းလဲရင်တောင် အခက်အခဲကို ရင်ဆိုင်နိုင်ဖို့ လုပ်နိုင်စရာတွေ ရှိပါတယ်။

  • စစ်မှန်တဲ့ မျှော်လင့်ချက် ရှိတယ်၊ လူ့ပြဿနာတွေကို အပြီးအပိုင် ဖယ်ရှားပေးမယ်လို့ ကျမ်းစာ ကတိပေးထားတယ်။

ယခု လုပ်ဆောင်နိုင်ရာ

ကျမ်းစာအဆို။ “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄

တစ်နေ့တာအတွက်ပဲ စဉ်းစားပါ။ ဒီနေ့ လုပ်ရမယ့်အရာတွေကို အာရုံမစိုက်နိုင်တဲ့အထိ မနက်ဖြန်အတွက် တွေးပူနေတာမျိုးကို ရှောင်ပါ။

မဖြစ်လာသေးတာတွေကို ကြိုတွေးပြီး သောကရောက်နေရင် အခြေအနေ ပိုဆိုးရုံပဲ ရှိမယ်။ မျှော်လင့်ချက် မဲ့သည်ထက် မဲ့လာမယ်။

ကျမ်းစာက စစ်မှန်တဲ့ မျှော်လင့်ချက် ရှိစေ

ရှေးခေတ် ဆာလံကျမ်းရေးသူတစ်ဦးက “နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ” လို့ ဆိုတယ်။ (ဆာလံ ၁၁၉:၁၀၅) ဘုရားရဲ့ တရားစကားတော် ကျမ်းစာက အဲဒီလို လုပ်ပေးနိုင်စွမ်း ရှိတယ်။

မှောင်မိုက်တဲ့ညမှာ မီးခွက်ဟာ ကိုယ်ခြေချရမယ့်လမ်းကို မြင်စေတယ်။ အလားတူပဲ၊ ကျမ်းစာက အခုလိုခေတ်ဆိုးကြီးမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ လမ်းပြပေးနိုင်တယ်။

အလင်းဟာ ရှေ့ခပ်လှမ်းလှမ်းမှာ ဘာတွေ ရှိနေသလဲဆိုတာ မြင်စေတယ်။ အလားတူပဲ၊ ကျမ်းစာက တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက်ကို မြင်စေတယ်။