မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း

ကိုယ့်ကိုယ်ကိုယ် လေးစားခြင်း

ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိဖို့ ဘာကြောင့် အရေးကြီးသလဲ

ကိုယ့်ကိုယ်ကိုယ်လေးစားမှု ရှိသူတွေက ဘဝအခက်အခဲကို ယုံကြည်စိတ်ချမှုရှိရှိ ရင်ဆိုင်နိုင်ကြတယ်။ အလွယ်တကူ လက်မလျှော့ကြဘူး။

  • သုတေသနမှတ်တမ်းအရ ကိုယ့်ကိုယ်ကိုယ် အကောင်းမမြင်သူတွေက စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ စားသောက်ပုံ မူမမှန်တဲ့ စိတ်ရောဂါတွေ ပိုကြုံရတတ်တယ်။ အရက်အလွန်အကျွံ သောက်သူ၊ မူးယစ်ဆေး သုံးစွဲသူတွေ ဖြစ်လာနိုင်တယ်။

  • ကိုယ့်ကိုယ်ကိုယ် လေးစားသူတွေက မိမိကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး။ ဒါကြောင့် အပေါင်းအသင်းဆံ့ဖို့၊ သူငယ်ချင်းကောင်းတွေရဖို့ ပိုလွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် မလေးစားသူ အများစုကတော့ အပြစ်ရှာဝေဖန်တတ်သူတွေ ဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးမှာလည်း အဆင်မပြေမှုတွေ ကြုံရတတ်တယ်။

  • ကိုယ့်ကိုယ်ကိုယ် လေးစားသူတွေက အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြတယ်။ ကျရှုံးမှုတွေ ရင်ဆိုင်ရရင်တောင် ပန်းတိုင်ကို မရောက်ရောက်အောင် သွားကြတယ်။ ကိုယ့်ကိုယ်ကိုယ် မလေးစားသူတွေကတော့ အသေးအဖွဲပြဿနာတွေကို ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကြီးတွေအဖြစ် မြင်တတ်ကြလို့ အလွယ်တကူ လက်လျှော့သွားတတ်ကြတယ်။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကို ပိုကောင်းအောင် ကူညီပေးသူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ တခြားသူတွေကို လေးလေးစားစား ဆက်ဆံတတ်သူတွေ၊ ကိုယ့်အကျိုးကို အမှန်တကယ် လိုလားသူတွေ၊ ကိုယ့်ကိုပိုကောင်းအောင် ကူညီပေးမယ့်သူတွေနဲ့ ပေါင်းသင်းပါ။

“မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။” —ပညာအလိမ္မာ ၁၇:၁၇

တခြားသူတွေကို ကူညီပါ။ ကိုယ့်ကို ဘာမှပြန်မပေးနိုင်သူတွေအပါအဝင် တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးတဲ့အခါ၊ ကြင်ကြင်နာနာ ဆက်ဆံတဲ့အခါ စစ်မှန်တဲ့ကျေနပ်ပျော်ရွှင်မှု ရလာပါလိမ့်မယ်။ ကိုယ့်လုပ်ရပ်ကို တခြားသူတွေ အသိအမှတ်မပြုရင်တောင် ပေးကမ်းခြင်းရဲ့အကျိုးကျေးဇူးဖြစ်တဲ့ ပျော်ရွှင်မှုကို ခံစားရပါလိမ့်မယ်။

“ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။” —တမန်တော် ၂၀:၃၅

ကိုယ့်ကိုယ်ကိုယ် လေးစားတတ်အောင် သားသမီးတွေကို သင်ပေးပါ။ သင်ပေးနိုင်တဲ့ နည်းတစ်နည်းကတော့ ပြဿနာတွေကို သူတို့အစွမ်းအစနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းခိုင်းတာပါပဲ။ ရလဒ်အနေနဲ့ အခက်အခဲတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သူတို့သိလာပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပိုတိုးလာမယ်။ ဒါဟာ လူကြီးဘဝအတွက် သူတို့ကို ပြင်ဆင်ပေးနေတာပါ။

“ကလေးကို သူသွားသင့်တဲ့လမ်းအတိုင်း လေ့ကျင့်ပေးပါ။ အသက်ကြီးလာရင်တောင် အဲဒီလမ်းကို သူစွန့်ခွာမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၂:၆

ကျွန်တော်တို့လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးနဲ့ ကျမ်းစာလေ့လာမှုအစီအစဉ်က ဘဝတိုးတက်ကောင်းမွန်အောင်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုးများလာအောင် ကူညီပေးတယ်။

ပတ်စဉ်အစည်းအဝေးတွေ

ကျွန်တော်တို့ရဲ့ ပတ်စဉ်အစည်းအဝေးတွေမှာ တင်ဆက်တဲ့ ကျမ်းစာအခြေပြုဟောပြောချက်တွေက ကိုယ့်ကိုယ်ကိုယ် လေးစားမှု တိုးများလာအောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာ သင်ပေးလေ့ရှိတယ်။ အစည်းအဝေးတွေကို ဘယ်သူမဆို အခမဲ့ တက်ရောက်နိုင်ပါတယ်။ ဥပမာ၊ အစည်းအဝေးတွေမှာ . . .

  • သင်ဟာ ဘုရားသခင်အတွက် အရေးပါပုံ

  • စစ်မှန်တဲ့ ဘဝရည်ရွယ်ချက် ရှာနိုင်ပုံ

  • ခိုင်မြဲတဲ့ မိတ်ဆွေနှောင်ကြိုး ဖွဲ့နိုင်ပုံအကြောင်း သိရပါမယ်။

“အပြန်အလှန် ဂရုစိုက်” တတ်တဲ့ မိတ်ဆွေတွေနဲ့လည်း ဆုံတွေ့ရပါလိမ့်မယ်။—၁ ကောရိန္သု ၁၂:၂၅၊ ၂၆

အစည်းအဝေးတွေအကြောင်း ထပ်သိချင်ရင် နိုင်ငံတော်ခန်းမမှာ ဘာတွေလုပ်ဆောင်ကြသလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

ကျမ်းစာလေ့လာမှုအစီအစဉ်

ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ အခမဲ့ ကျမ်းစာလေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ စာအုပ်မှာ ထိရောက်တဲ့ ကျမ်းချက်တွေနဲ့ မေးခွန်းတွေ၊ စိတ်ဝင်စားစရာ ဗီဒီယိုတွေ၊ လှပတဲ့ရုပ်ပုံတွေ ပါရှိပြီး ရှင်းရှင်းလင်းလင်း တင်ဆက်ထားပါတယ်။ ကျမ်းစာလေ့လာမှုအစီအစဉ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားတတ်လာအောင်၊ ဘဝတိုးတက်ကောင်းမွန်အောင် ကူညီပေးနေပါတယ်။

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတာ ဘာကြောင့်အကျိုးရှိတယ်ဆိုတာ သိနိုင်ဖို့ jw.org မှာတင်ထားတဲ့ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ကြည့်ပါ။