မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖက်သားကို လေးစားခြင်း

တစ်ဖက်သားကို လေးစားခြင်း

တစ်ဖက်သားကို လေးစားဖို့ ဘာကြောင့် အရေးကြီးသလဲ

တင်းမာနေတဲ့ အခြေအနေ ပြေလျော့သွားအောင်၊ ပိုဆိုးမသွားအောင် ကာကွယ်ပေးလို့ပါ။

  • “ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်” လို့ ကျမ်းစာဆိုတယ်။ (ပညာအလိမ္မာ ၁၅:၁) မလေးမစား ပြုမူ၊ ပြောဆိုတာက မီးလောင်ရာလေပင့်သလို အခြေအနေကို ပိုဆိုးစေတယ်။

  • “စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်” လို ယေရှုပြောခဲ့တယ်။ (မဿဲ ၁၂:၃၄) ကိုယ်နဲ့လူမျိုး၊ နိုင်ငံ၊ လူနေမှုစရိုက် မတူသူတွေကို မလေးမစား ပြောဆိုတာက သူတို့အပေါ် မကောင်းမြင်စိတ်ရှိနေတာကို လှစ်ဟပြလိုက်တာပါပဲ။

    မကြာသေးခင်က ၂၈ နိုင်ငံမှာရှိတဲ့ လူပေါင်း ၃၂,၀၀၀ ကို စစ်တမ်းကောက်ကြည့်တဲ့အခါ ၆၅ ရာခိုင်နှုန်းက အခုအချိန်လောက် လေးစားမှု ခေါင်းပါးတဲ့အချိန်ကို မကြုံဖူးဘူးလို့ ပြောကြတယ်။

လုပ်ဆောင်နိုင်ရာ

ကိုယ်နဲ့အမြင်ချင်းမတူသူတွေ အပါအဝင် လူအားလုံးကို လေးလေးစားစား ဆက်ဆံပါ။ ဘယ်ကိစ္စတွေမှာ အမြင်ချင်းတူသလဲဆိုတာ သိအောင်လုပ်ပါ။ ဒါဆိုရင် တစ်ဖက်သားအပေါ် အပြစ်တင်ဝေဖန်တာမျိုးကို ရှောင်နိုင်လိမ့်မယ်။

“ကိုယ်တိုင် ဝေဖန်အကဲဖြတ် မခံရဖို့ သူတစ်ပါးကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်ပါနဲ့တော့။”—မဿဲ ၇:၁

ကိုယ့်ကို ပြုမူစေချင်တဲ့အတိုင်း တစ်ဖက်သားကို ပြုမူပါ။ တခြားသူတွေကို မျှမျှတတ၊ ကြင်ကြင်နာနာ ဆက်ဆံမယ်ဆိုရင် သူတို့လည်း ကိုယ့်အပေါ် ထပ်တူပြုမူဆက်ဆံလာနိုင်တယ်။

“ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—လုကာ ၆:၃၁

ခွင့်လွှတ်ပါ။ ကိုယ့်ကို ထိခိုက်အောင် တမင်ရည်ရွယ်ပြီး ပြောတာ၊ လုပ်တာ မဟုတ်ပါဘူးလို့ ယုံကြည်ပေးလိုက်ပါ။

“ထိုးထွင်းဉာဏ်ရှိသူဟာ ဒေါသချုပ်တည်းတယ်။ အမှားကို ဗွေမယူတာဟာ သူ့ရဲ့အလှပဲ။”—ပညာအလိမ္မာ ၁၉:၁၁

ကျွန်တော်တို့လုပ်ဆောင်ရာ

ယေဟောဝါသက်သေတွေက တခြားသူတွေကို လေးလေးစားစား ဆက်ဆံသလို လူတွေအချင်းချင်း လေးလေးစားစား ဆက်ဆံနိုင်ဖို့လည်း ကူညီပေးကြတယ်။

အခမဲ့ ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းကြတယ်။ ကျွန်တော်တို့ရဲ့အယူအဆတွေကို လက်ခံလာအောင် လူတွေကို ဖိအားပေးမယ့်အစား ကျမ်းစာမိန့်မှာထားတဲ့အတိုင်း “နူးညံ့တဲ့သဘော၊ အလွန်လေးစားတဲ့သဘော” နဲ့ ဝေမျှနိုင်ဖို့ ကြိုးစားကြတယ်။—၁ ပေတရု ၃:၁၅။ ၂ တိမောသေ ၂:၂၄

ဘက်လိုက်ဆက်ဆံတာမျိုး မလုပ်ကြဘူး။ ကျမ်းစာအကြောင်း လေ့လာချင်တဲ့ နောက်ခံအမျိုးမျိုးက လူတွေကို အသင်းတော် အစည်းအဝေးတွေမှာ ကျွန်တော်တို့ ကြိုဆိုကြတယ်။ သဘောထားကြီးပြီး သည်းခံတတ်ဖို့၊ “လူအမျိုးမျိုးကို လေးစား” ဖို့ ကြိုးစားကြတယ်။—၁ ပေတရု ၂:၁၇

ဒေသခံအာဏာပိုင်တွေကို လေးစားကြတယ်။ ကျွန်တော်တို့က ဥပဒေကို လိုက်နာတယ်၊ အခွန်ဆောင်တယ်။ (ရောမ ၁၃:၁) နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ပေမဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး တခြားလူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပါတယ်။