မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုကို လေးစားခြင်း

မိသားစုကို လေးစားခြင်း

မိသားစုကို လေးလေးစားစား ဆက်ဆံဖို့ ဘာကြောင့် အရေးကြီးသလဲ

မိသားစုဝင်တွေ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစား ဆက်ဆံတဲ့အခါ ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေ စိတ်လုံခြုံအေးချမ်းမှု ခံစားရတယ်။

  • စာအုပ်တစ်အုပ် (The Seven Principles for Making Marriage Work) မှာ အခုလိုဆိုတယ်– တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားတဲ့ အိမ်ထောင်သည်တွေက တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ယုယကြတယ်။ ချစ်ကြောင်း “အထူးတလည် ပြတာရှိသလို သေးသေးမွှားမွှား လုပ်ရပ်လေးတွေနဲ့လည်း နေ့တိုင်းပြကြတယ်။”

  • တခြားသူတွေကို လေးလေးစားစား ဆက်ဆံရမယ်ဆိုတာ သိထားတဲ့ ကလေးတွေက ပိုပျော်ကြတယ်၊ မိဘတွေနဲ့ ဆက်ဆံရေးပိုကောင်းသလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း အဖြစ်နည်းကြတယ်လို့ သုတေသနမှတ်တမ်းက ဖော်ပြတယ်။

လုပ်ဆောင်နိုင်ရာ

မိသားစုလိုက် လုပ်ဆောင်နိုင်တဲ့ အစီအစဉ်ဆွဲပါ။ ဦးဆုံး၊ ဘယ်လိုလုပ်ရပ်တွေကို လေးစားမှု ရှိတဲ့/မရှိတဲ့ လုပ်ရပ်တွေအဖြစ် ကိုယ်သတ်မှတ်ထားသလဲဆိုတာ ကောင်းကောင်းစဉ်းစားပါ။ ဒုတိယ၊ ဘယ်လိုအပြုအမူ၊ အပြောအဆိုတွေကို မိသားစုဝင်တွေ လုပ်ရမယ်၊ မလုပ်ရဘူးဆိုတာ ချရေးပါ။ တတိယ၊ အစီအစဉ်ကို မိသားစုလိုက်အတူ ဆွေးနွေးပါ။ ဒါမှ မိသားစုဝင်တိုင်း လေးစားမှု ဘယ်လိုပြရမလဲဆိုတာ သိလာမယ်။

“ဝီရိယရှိသူရဲ့အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅

ပုံသက်သေပြပါ။ မိသားစုဝင်တွေ အမှားလုပ်မိတဲ့အခါ ပြစ်တင်ဝေဖန်တာ၊ သူတို့အမြင်ကို လှောင်ပြောင်တာ၊ သူတို့ စကားပြောတဲ့အခါ ဂရုမစိုက်တာ၊ ကြားဖြတ်ပြောတာမျိုး လုပ်သလား။

အကြံပြုချက်။ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကို လေးစားရမှာ ကိုယ့်တာဝန်လို့ သတ်မှတ်ပါ။ သူတို့ဘက်က လေးစားထိုက်အောင်နေမှ လေးစားမယ်လို့ မတွေးပါနဲ့။

“ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ။” —ရောမ ၁၂:၁၀

သဘောမတူရင်တောင် လေးလေးစားစား ဆက်ဆံပါ။ “အမြဲတမ်း၊” “ဘယ်တော့မှ” ဆိုပြီး သိမ်းကျုံးပြောတာမျိုး မလုပ်ပါနဲ့။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ပြောဆိုတာက မိသားစုဝင်တွေကို စိတ်ထိခိုက်စေတယ်၊ ဒေါသထွက်စေတယ်။ မလိုအပ်ဘဲ ပြဿနာကို ပိုဆိုးစေတယ်။

“ညင်ညင်သာသာ ပြန်ပြောတဲ့စကားက ဒေါသကို ပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကို ဆွပေးတယ်။” —ပညာအလိမ္မာ ၁၅:၁

ကျွန်တော်တို့လုပ်ဆောင်ရာ

မိသားစုဝင်အချင်းချင်း လေးလေးစားစား ဆက်ဆံဖို့ ယေဟောဝါသက်သေတွေ အားပေးတိုက်တွန်းကြတယ်။ အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ၊ စာစောင်တွေ၊ ဗီဒီယိုတွေကိုလည်း အခမဲ့ထုတ်ဝေတယ်။

အိမ်ထောင်သည်မောင်နှံတွေအတွက်– မိသားစု အတွက် အကူအညီ ဆောင်းပါးတွဲတွေက ဇနီးမောင်နှံတွေကို . . .

  • ကောင်းကောင်း နားထောင်ပေးတတ်ဖို့

  • စကားမပြောဘဲ ဆန္ဒပြတာမျိုး မလုပ်ဖို့

  • စကားများရန်ဖြစ်တာကို ရှောင်နိုင်ဖို့ ကူညီပေးတယ်။

(jw.org/my ထဲက “မိသားစုအတွက် အကူအညီ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှာကြည့်ပါ။)

မိဘများအတွက်– မိသားစုအတွက် အကူအညီ ဆောင်းပါးတွဲက . . .

  • မိဘစကား နားထောင်လာအောင်

  • အိမ်မှုကိစ္စတွေ ဝိုင်းကူလုပ်အောင်

  • “ကျေးဇူးပြု၍၊” “ကျေးဇူးတင်ပါတယ်” စသဖြင့် ပြောတတ်လာအောင် သားသမီးတွေကို လေ့ကျင့်သင်ကြားရာမှာ မိဘတွေကို ထောက်ကူပေးတယ်။

(jw.org/my မှာ “သားသမီး ပြုစုပျိုးထောင်ခြင်း၊” “ဆယ်ကျော်သက်များကို ပြုစုပျိုးထောင်ခြင်း” ဆိုတဲ့အကြောင်းအရာတွေကို ရှာကြည့်ပါ။)

လူငယ်များအမေး တာသွားသည့်အဖြေ စာအုပ်၊ အတွဲ ၁ ထဲက “မိဘများအမေး” ဆိုတဲ့ နောက်ဆက်တွဲဆောင်းပါးကိုလည်း ကြည့်ပါ။ (jw.org/my မှာ “မိဘများအမေး” ဆိုတဲ့အကြောင်းအရာကို ရှာကြည့်ပါ။)

လူငယ်များအတွက်– jw.org/my ရဲ့ ဆယ်ကျော်သက်များ၊ လူငယ်များ အပိုင်းမှာတင်ထားတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ လေ့ကျင့်ခန်းစာရွက်တွေက လူငယ်တွေကို . . .

  • မိဘတွေ၊ မောင်နှမတွေနဲ့ တည့်အောင်

  • မိဘတွေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး တလေးတစား ပြောဆိုတတ်အောင်

  • မိဘတွေရဲ့ ယုံကြည်မှုရအောင် ကူညီပေးတယ်။

(jw.org/my မှာ “ဆယ်ကျော်သက်များ၊ လူငယ်များ” ဆိုတဲ့အကြောင်းအရာကို ရှာကြည့်ပါ။)

jw.org ဝက်ဘ်ဆိုက်ကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ကိုယ်ရေးအချက်အလက် ဖော်ပြဖို့၊ ပိုက်ဆံသွင်းဖို့၊ အဖွဲ့ဝင်ဖြစ်ဖို့ မလိုပါဘူး။