နိုးလော့! အမှတ် ၂၊ ၂၀၂၀ | ဆင်းရဲဒုက္ခနဲ့ပတ်သက်တဲ့ မေးခွန်း ၅ ခုရဲ့ အဖြေ
လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန် အဖြစ်ဆိုးတွေ ကြုံရတတ်တယ်။ ဖျားနာမှု၊ မတော်တဆမှု၊ သဘာဝဘေး ဒါမှမဟုတ် အကြမ်းဖက်မှုတွေ ကြုံရတာ ဖြစ်နိုင်တယ်။
အဖြေရဖို့ လူတွေ အမျိုးမျိုး ကြိုးစားကြတယ်။
အဖြစ်ဆိုးတွေ ကြုံဖို့ ကြိုတင်သတ်မှတ်ခံရပြီးသား ဖြစ်တယ်လို့ တချို့ ယူဆကြတယ်။ တချို့ကလည်း လာမယ့်ဘေး ရှောင်မရမှတော့ ပြေးတွေ့ရုံပဲလို့ ပြောကြတယ်။
တချို့ကျတော့ ကံကို ယုံကြတယ်။ အဖြစ်ဆိုးတွေ ကြုံရတာဟာ လက်ရှိ ဒါမှမဟုတ် အတိတ်ဘဝတုန်းက မကောင်းတာ လုပ်ခဲ့လို့ ဆိုပြီး ပြောကြတယ်။
အဖြစ်ဆိုးတွေကြောင့် လူတွေမှာ စဉ်းစားစရာ မေးခွန်းတွေ ပေါ်လာတယ်။
လူတချို့ ယုံကြည်ရာ
ဆင်းရဲဒုက္ခ ခံစားရတဲ့ အကြောင်းရင်းကို ဘာသာရေး အသီးသီးက ဘယ်လို ရှုမြင်ကြောင်း နှိုင်းယှဉ်ကြည့်ပါ။
၁ ဆင်းရဲဒုက္ခတွေအတွက် ဘုရားကို အပြစ်တင်လို့ ရမလား
ဘုရားသခင်အကြောင်း ထင်ယောင်ထင်မှား ဖြစ်စေတဲ့ သွန်သင်ချက်တွေနဲ့ လူတွေ လှည့်စားခံနေရတယ်။ အမှန်တရားက ဘာလဲ။
၂ ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်လား
တကယ်ပဲ ဆင်းရဲဒုက္ခတွေဟာ လူတွေကြောင့်ဆိုရင် လူတွေ ဖြေရှင်းနိုင်ရမယ်။
၃ လူကောင်းတွေ ဘာကြောင့် ဒုက္ခရောက်ရသလဲ
အဖြေကို သိဖို့ ကျမ်းစာ ကူညီပေးတယ်။
၄ ဒုက္ခခံဖို့ လူဖြစ်လာတာလား
ကမ္ဘာကို ဒီလောက် လှလှပပ ဖန်ဆင်းထားပြီး ဘုရားက ကျွန်တော်တို့ ဒုက္ခခံစေပါ့မလား။ မဟုတ်ဘူးဆိုရင် ဘာမှားသွားလို့လဲ။
၅ ဆင်းရဲဒုက္ခ အဆုံးတိုင်ပါ့မလား
ဆင်းရဲဒုက္ခကို ဘုရား ဘယ်လို ဖယ်ရှားပေးမယ်ဆိုတာ ကျမ်းစာမှာ အတိအကျ ပြောထားတယ်။
အကူအညီ ရနိုင်ပါတယ်
ပြဿနာတွေ ဖြေရှင်းလို့ မရပုံ ပေါက်နေရင်တောင် စိတ်ချရတဲ့ လမ်းညွှန်ကနေ အကူအညီ ရနိုင်ပါတယ်။