မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ဆင်းရဲဒုက္ခတွေဟာ လူတွေ​ကြောင့်​လား

၂ ဆင်းရဲဒုက္ခတွေဟာ လူတွေ​ကြောင့်​လား

အဲဒီ​အချက်​ကို ဘာကြောင့် သိဖို့ လိုသလဲ

ဆင်းရဲဒုက္ခတွေဟာ တကယ်ပဲ လူတွေ​ကြောင့်​ဆိုရင် လူတွေ ဖြေရှင်း​နိုင်ရမယ်။

စဉ်းစား​ကြည့်​ပါ

အောက်ပါ အကြောင်းရင်း​တွေ​မှာ လူသားတွေ ဘယ်လောက် တာဝန်​ရှိသလဲ။

  • မတရား​နှိပ်စက်ခြင်း။

    ကမ္ဘာ့​ကျန်းမာ​ရေး အဖွဲ့ (WHO) ရဲ့ ခန့်မှန်းချက်​အရ အရွယ်ရောက်​ပြီး​သူ ၄ ယောက်​မှာ ၁ ယောက်ဟာ ကလေး​ဘဝမှာ ကိုယ်ထိလက်ရောက် မတရား နှိပ်စက်​ခံရ​တယ်။ အမျိုးသမီး ၃ ယောက်​မှာ ၁ ယောက်ဟာ ကာယပိုင်း​ဖြစ်စေ၊ လိင်​ပိုင်း​ဖြစ်စေ မတရား စော်ကား​ခံ​နေ​ရတယ်။

  • ဝမ်းနည်းပူဆွေးမှု။

    “၂၀၁၆ မှာ ကမ္ဘာ​တစ်ဝန်း လူသတ်မှု ၄၇၇,၀၀၀ ခန့် ရှိခဲ့တယ်” လို့ WHO က ထုတ်​တဲ့ ၂၀၁၈ ကမ္ဘာ့​ကျန်းမာ​ရေး စစ်တမ်း မှာ ဖော်ပြ​တယ်။ ဒါတောင် အဲဒီ​နှစ်​အတွင်း စစ်ပွဲတွေမှာ သေဆုံး​တဲ့ အရေအတွက် ၁၈၀,၀၀၀ မပါသေးဘူး။

  • ကျန်းမာ​ရေး ပြဿနာ။

    မဂ္ဂဇင်း​တစ်စောင် (National Geographic) မှာ စာရေး​ဆရာ ဖရန်စမစ်က “လူ​သန်း​တစ်ထောင်​ကျော် ဆေးလိပ်​သောက်​ကြတယ်။ နှလုံး​ရောဂါ၊ လေဖြတ်​တာ၊ အသက်ရှူ​လမ်းကြောင်း ရောဂါ၊ နာတာရှည် အဆုတ်​ရောဂါ​နဲ့ အဆုတ်​ကင်ဆာ​စတဲ့ သေဆုံးမှု အများဆုံး ရောဂါ ငါးခု​ဟာ ဆေးလိပ်​ကြောင့် ဖြစ်တယ်” လို့ ဖော်ပြ​တယ်။

  • အဆင့်အတန်း ခွဲခြားမှု။

    “ဆင်းရဲ​မွဲတေမှု၊ အဆင့်အတန်း ကွာဟမှု၊ လူမျိုးရေး​နဲ့ ကျားမ ခွဲခြား​ဆက်ဆံမှု၊ ရွှေ့​ပြောင်း​ခံရ​မှု၊ အပြိုင်အဆိုင်​များတဲ့ ဝန်းကျင်​တွေ​ကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ​တွေ ခံစား​ကြရတယ်” လို့ စိတ်ပညာရှင် ဂျေ​ဝပ် ပြောတယ်။

    ထပ်​သိချင်ရင်

    ကမ္ဘာ​ကို ဘုရားသခင် ဘာကြောင့် ဖန်ဆင်းခဲ့​တာလဲ ဗီဒီယိုကို jw.org မှာ ကြည့်​ပါ။

ကျမ်းစာ သွန်သင်ရာ

ဒုက္ခ​အများစုဟာ လူတွေ​ကြောင့် ဖြစ်တယ်။

ဒုက္ခ​အများစုဟာ ဖိနှိပ်​တတ်တဲ့ အစိုးရ​တွေ​ကြောင့် ဖြစ်တယ်။ သူတို့က ပြည်သူတွေကို အကျိုးပြုမယ့်​အစား ပို​အခက်တွေ့​အောင် လုပ်​နေကြတယ်။

“လူ​လူ​ချင်း အုပ်ချုပ်​တာ​ဟာ ထိခိုက်​နစ်နာ​စရာတွေ​ပဲ ဖြစ်စေတယ်။”ဒေသနာ ၈:၉

ဆင်းရဲဒုက္ခ လျော့နည်း​အောင် လုပ်​နိုင်တယ်။

ကျမ်းစာ သွန်သင်ချက်​တွေ​က ကျန်းမာ​ရေး ပို​ကောင်း​စေပြီး တခြား​သူတွေနဲ့ ဆက်ဆံရေး ပို​ကောင်း​စေတယ်။

“တည်ငြိမ်​တဲ့​စိတ်ဟာ ကိုယ်ခန္ဓာ​ကို ကျန်းမာ​စေတယ်။ မနာလိုစိတ်​က​တော့ အရိုးတွေကို ဆွေးမြေ့​စေတယ်။”ပညာအလိမ္မာ ၁၄:၃၀

“အမျိုးမျိုးသော နာကြည်းခြင်း၊ စိတ်ဆိုး​ခြင်း၊ ဒေါသ​ထွက်​ခြင်း၊ အော်ဟစ်​ငေါက်ငမ်းခြင်း၊ ဆဲဆို​ခြင်းနဲ့ မကောင်းမှု​ရှိသမျှကို ဖယ်ရှား​ကြ​ပါ။”ဧဖက် ၄:၃၁