မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတချို့ ယုံကြည်ရာ

လူတချို့ ယုံကြည်ရာ

ဟိန္ဒူ

ဟိန္ဒူ​တွေ​က ဆင်းရဲဒုက္ခ​ဆိုတာ လက်ရှိ​ဘဝ ဒါမှမဟုတ် အတိတ်​ဘဝက မကောင်းမှုတွေကြောင့် ဖြစ်တာ​လို့ ယူဆကြတယ်။ လောကီ​ရေးရာ အနှောင်အဖွဲ့​တွေ​နဲ့ ကင်း​တဲ့ စိတ်​အခြေအနေ​ကို ရ​မှ​သာ ဘဝ​သံသရာ​ကနေ လွတ်​နိုင်မယ်။

မွတ်​စ​လင်

မွတ်​စ​လင်​တွေ​က ဆင်းရဲဒုက္ခ​ဆိုတာ ပြစ်ဒဏ်​ခံရ​တာ၊ ယုံကြည်ခြင်း စမ်းသပ်ခံရ​တာ ဖြစ်တယ်လို့ ယူဆကြတယ်။ “ဘုရား​ရဲ့ ကောင်းချီးတွေကို ကျေးဇူး​တင်​နေဖို့၊ လိုအပ်​သူတွေကို ထောက်မ​ရမယ်ဆို​တဲ့ အသိဝင်​ဖို့” အဖြစ်ဆိုး​တွေ​က သတိပေး​ချက် ဖြစ်တယ်လို့ မြောက်​အမေရိက အစ္စလာမ် အဖွဲ့အစည်း​ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဆရစ် ဆီ​ရက် ပြောတယ်။

ဂျူး

ဂျူးတွေ​က ဆင်းရဲဒုက္ခ​ဆိုတာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်​ပဲ​လို့ ယူဆကြတယ်။ ရှင်ပြန်ထမြောက်ခြင်း ရှိမယ်၊ ပြီးနောက် ဒုက္ခခံ​ခဲ့​ရတဲ့ အပြစ်မဲ့​သူတွေ​အတွက် တရားစီရင်ခြင်း ရှိမယ်လို့ ဂျူး​တချို့ ယုံကြည်​ကြတယ်။ ကာ​ဘာ​လာ ဂျူးဘာသာရေး​က​တော့ ပြန်ဝင်စားခြင်းက လူတစ်ယောက်ရဲ့ အပြစ်တွေကို ကျေ​အောင်​လုပ်ဖို့ အခွင့်အရေး ရစေတယ်လို့ သွန်သင်​ပေးတယ်။

ဗုဒ္ဓ

ဗုဒ္ဓဘာသာ​ဝင်​တွေ​က ဆင်းရဲဒုက္ခ​ဆိုတာ လူတစ်ယောက်ရဲ့ မကောင်းတဲ့ စရိုက်၊ စိတ်၊ တပ်မက်မှု​တွေ ချုပ်ငြိမ်း​မသွား​ခင်​အထိ သံသရာ အဆက်ဆက် ကြုံရ​မယ့်​အရာ ဖြစ်တယ်လို့ ယူဆကြတယ်။ တရား​အားထုတ်ခြင်း၊ ကောင်းမှု​ကုသိုလ် လုပ်ခြင်း၊ စိတ်​ကို ထိန်းချုပ်ခြင်း​အားဖြင့် ဒုက္ခ​အပေါင်း ချုပ်ငြိမ်း​ရာ နိဗ္ဗာန်​ကို ရောက်​နိုင်မယ်လို့ ယူဆကြတယ်။

ကွန်ဖြူးရှပ်

ကွန်ဖြူးရှပ်ရဲ့ နောက်လိုက်​တွေ​က ဆင်းရဲဒုက္ခ​အများစုဟာ “လူသားတွေရဲ့ အမှား​ကြောင့်” ဖြစ်တယ်လို့ ယူဆကြတယ်​ဆိုပြီး အဘိဓာန်​တစ်အုပ် (A Dictionary of Comparative Religion) မှာ ဖော်ပြ​ထားတယ်။ ကိုယ်ကျင့်တရား ကောင်းတာ​က ဆင်းရဲ​ဒုက္ခတွေကို လျော့နည်းစေ​ပေမဲ့ ဒုက္ခ​အများစုကတော့ “လူသားတွေ​ထက် ပို​တန်ခိုး​ကြီးတဲ့ ဝိညာဉ်​ပုဂ္ဂိုလ်​တွေ​ကြောင့် ဖြစ်တာ။ ဒါကြောင့် သူတို့ရဲ့ အဆုံးအဖြတ်​ကို လက်ခံ​ရုံ​ပဲ ရှိတယ်” လို့ ယူဆကြတယ်။

မျိုးနွယ်စု​တချို့ရဲ့ ဘာသာရေး

မျိုးနွယ်စု​တချို့က ဆင်းရဲဒုက္ခ​ဟာ စုန်းကဝေ​တွေ​ကြောင့် ဖြစ်တယ်လို့ ယူဆကြတယ်။ သူတို့က လူတွေကို ကံကောင်း​အောင်၊ ဒုက္ခရောက်​အောင် လုပ်​နိုင်တယ်။ သူတို့​ဒုက္ခ​ပေးတာကို ရိုးရာ​ဓလေ့​ထုံးတမ်း အမျိုးမျိုးနဲ့ လျော့နည်း​အောင် လုပ်​နိုင်တယ်။ စုန်းကဝေ ပြုစား​လို့ လူတစ်ယောက် ဖျားနာတဲ့​အခါ ရိုးရာ​ဓလေ့​ထုံးတမ်း​နဲ့ ပယောဂ​ဆရာတွေ​ရဲ့ ဆေးဝါးတွေ​က ပျောက်ကင်းစေ​နိုင်တယ်လို့ ယုံကြည်​ကြတယ်။

ခရစ်ယာန်

ခရစ်ယာန်​တွေ​က ဆင်းရဲဒုက္ခတွေဟာ ကမ္ဘာဦးကျမ်း​ပါ ပထမ​လူသား​မောင်နှံရဲ့ အပြစ်​ကြောင့်​လို့ ယူဆကြတယ်။ ဒါပေမဲ့ ဂိုဏ်းဂဏ​များစွာက အဲဒီ​အယူအဆကို သူတို့ရဲ့ အတွေးအခေါ်​တွေ​နဲ့ ရော​လိုက်ကြတယ်။ ဥပမာ၊ ကိုယ့်​ဆင်းရဲဒုက္ခ​ကို သုံးပြီး ချာ့ခ်ျ​ကို ကောင်းချီး​ပေးဖို့၊ တခြား​တစ်ယောက်ကို ကယ်တင်​ပေးဖို့ ‘ဘုရားဆီ အသနားခံ’ နိုင်တယ်လို့ ကက်သလစ်​တချို့ ပြော​ကြတယ်။

ထပ်​သိချင်ရင်

ဘာသာတရားအားလုံးကို ဘုရားသခင် လက်ခံသလား ဗီဒီယိုကို jw.org မှာ ကြည့်​ပါ။