မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ဆင်းရဲဒုက္ခတွေ​အတွက် ဘုရား​ကို အပြစ်တင်​လို့ ရမလား

၁ ဆင်းရဲဒုက္ခတွေ​အတွက် ဘုရား​ကို အပြစ်တင်​လို့ ရမလား

အဲဒီ​အချက်​ကို ဘာကြောင့် သိဖို့ လိုသလဲ

လူများစွာက ဆင်းရဲဒုက္ခတွေဟာ ဘုရား​ကြောင့် ဖြစ်တာ​လို့ ထင်တဲ့​အတွက် ဘုရား​ကို ဝတ်မပြု​ချင်​ကြ​တော့ဘူး။

စဉ်းစား​ကြည့်​ပါ

ဘာသာရေး​ခေါင်းဆောင် များစွာက ဆင်းရဲဒုက္ခ ခံရတာဟာ ဘုရား​ကြောင့်​လို့ တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​ဖြစ်စေ သွန်သင်​ကြတယ်။ ဥပမာ၊ တချို့က ဒီလို ပြောတယ်–

  • သဘာဝဘေးတွေ ကြုံရ​တာ​ဟာ ဘုရား ဒဏ်ခတ်​လို့ ဖြစ်တယ်။

  • ကလေး​တွေ သေဆုံး​ရတာဟာ ကောင်းကင်မှာ ကောင်းကင်တမန်​တွေ လို​လို့ ဘုရား​ခေါ်တာ ဖြစ်တယ်။

  • ဆင်းရဲဒုက္ခ အများစု​ရဲ့ အကြောင်းရင်း​ဖြစ်တဲ့ စစ်ပွဲတွေမှာ ဘုရား​ကိုယ်တိုင် ဝင်ပါ​နေတယ်။

ဘုရား​နဲ့​ပတ်သက်ပြီး ဘာသာရေး ခေါင်းဆောင်တွေရဲ့ သွန်သင်ချက်​တွေ မှား​နေတယ် ဆိုရင်ကော။ သူတို့ကို ဘုရား လက်မခံ​ဘူး ဆိုရင်ကော။

ထပ်​သိချင်ရင်

ကျမ်းစာ​ကို ဘာကြောင့် လေ့လာ​သင့်သလဲ ဗီဒီယိုကို jw.org မှာ ကြည့်​ပါ။

ကျမ်းစာ သွန်သင်ရာ

ဆင်းရဲဒုက္ခ​ကို ဘုရား ဖြစ်စေတာ မဟုတ်ဘူး။

ဆင်းရဲဒုက္ခ​ကို ဘုရား ဖြစ်စေတာ​ဆိုရင် ကျမ်းစာမှာပါတဲ့ ဘုရား​ရဲ့ အရည်အသွေးတွေ​နဲ့ ဆန့်ကျင်ဘက် ဖြစ်သွားမယ်။ ဥပမာ–

“နည်းလမ်းတော်​တွေ တရား​မျှတတယ်။ . . . ဖြောင့်မတ်၊ မှန်ကန်​တဲ့ ဘုရား​ပဲ။”—တရားဟောရာ ၃၂:၄

“စစ်မှန်​တဲ့ ဘုရားသခင်​က ဆိုးညစ်တာကို ဘယ်တော့မှ မ​လုပ်​ဘူး။ အနန္တ​တန်ခိုးရှင်​က မကောင်းတာကို လုံးဝ မ​လုပ်​ဘူး။”—ယောဘ ၃၄:၁၀

“အနန္တ​တန်ခိုးရှင်​က အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မ​လုပ်​ဘူး။”ယောဘ ၃၄:၁၂

မိမိ​အကြောင်း မှားယွင်းစွာ သွန်သင်​တဲ့ ဘာသာရေး​ကို ဘုရား ငြင်းပယ်​တယ်။

အဲဒီ​ထဲမှာ ဆင်းရဲဒုက္ခ​ကို ဘုရား ဖြစ်စေတယ်လို့ သွန်သင်​တဲ့၊ စစ်ပွဲနဲ့ အကြမ်းဖက်မှု​မှာ ပါဝင်​ပတ်သက်​တဲ့ ဘာသာရေး​တွေ ပါဝင်တယ်။

“အဲဒီ​ပရောဖက်​တွေ ငါ့ (ဘုရား) နာမည် သုံးပြီး မဟုတ်မမှန်တာတွေ ဟော​နေတယ်။ သူတို့ကို ငါ​စေလွှတ်​တာ မဟုတ်ဘူး။ အဲဒီလို ငါ မ​မိန့်မှာ​ခဲ့​သလို ပြောလည်း မပြောခဲ့ဘူး။ မမှန်တဲ့ စိတ်အာရုံ​တွေ၊ . . . စိတ်​ရဲ့ လှည့်စားမှု​တွေ​အတိုင်း ပရောဖက်ပြု​နေကြ​တာ။”ယေရမိ ၁၄:၁၄

ဘာသာရေး အရေခြုံမှု​ကို ယေရှု ပြစ်တင်​ရှုတ်ချ​တယ်။

“‘သခင်၊ သခင်’ လို့ ကျွန်တော့်​ကို ခေါ်တဲ့​သူ​တိုင်း ကောင်းကင်​နိုင်ငံ​ကို ဝင်​ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်​အဖရဲ့ အလိုတော်ကို ဆောင်တဲ့​သူပဲ ဝင်​ရလိမ့်မယ်။ အဲဒီ​နေ့မှာ လူအများ​က ‘သခင်၊ သခင်၊ ကျွန်တော်​တို့ သခင့်​နာမည်​ကို သုံးပြီး ပရောဖက်ပြု​ခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်​ခဲ့တယ်၊ အံ့ဖွယ်​အမှုတွေ​ကိုလည်း လုပ်​ပြခဲ့​တယ် မဟုတ်လား’ ဆိုပြီး ပြော​ကြလိမ့်မယ်။ အဲဒီအခါ ကျွန်တော်​က ‘တရားမဲ့​သူတို့၊ မင်းတို့ကို ငါ လုံးဝ မသိ​ဘူး။ ငါ့​ရှေ့​က ထွက်သွား​ကြ’ ဆိုပြီး သူတို့ကို ပြောမယ်။”မဿဲ ၇:၂၁-၂၃