သိပ္ပံပညာရှင်တွေ မသိတဲ့အရာ
သိပ္ပံပညာရှင်တွေဟာ စကြဝဠာအကြောင်း သူတို့ လေ့လာထားသလောက်ပဲ သိရှိကြတယ်။ သူတို့ မဖြေနိုင်တဲ့ မေးခွန်းများစွာ ရှိနေသေးတယ်။
သိပ္ပံပညာရှင်တွေဟာ စကြဝဠာနဲ့ သက်ရှိတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာ သိသလား။ မသိပါဘူး။ စကြဝဠာအကြောင်း လေ့လာတဲ့ သိပ္ပံပညာရှင်တွေဟာ စကြဝဠာရဲ့ အစကို ရှင်းပြနိုင်တယ်လို့ တချို့က ဆိုကြတယ်။ ဒါပေမဲ့ ဒတ်မောက် ကောလိပ်ရဲ့ နက္ခတ်တာရာ ပညာရှင်၊ ဘုရားသခင် တည်ရှိတာကို သံသယဝင်သူ ပါမောက္ခ မာဆယ်လို ဂလေဆာ ဒီလိုပြောတယ်– “စကြဝဠာ ဘယ်လို စတင် ဖြစ်ပေါ်တယ်ဆိုတာ ကျွန်တော်တို့ တစ်ခါမှ မရှင်းပြဖူးဘူး။”
သက်ရှိတွေရဲ့ အစနဲ့ပတ်သက်ပြီး မဂ္ဂဇင်းတစ်စောင် (Science News) ဒီလို ဆိုတယ်– “ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို စတင်တယ်ဆိုတာ ပြောဖို့ မဖြစ်နိုင်ပုံပေါက်တယ်။ ကမ္ဘာမြေရဲ့ အစောပိုင်းကာလမှာ ရှိခဲ့ဖူးတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကြည့်ရင်တော့ ပြောကောင်း ပြောနိုင်မယ်။ အဲဒါတွေ ပျောက်ကွယ်သွားတာ ကြာပြီ။” အဲဒီအဆိုတွေအရ စကြဝဠာနဲ့ သက်ရှိတွေ ဘယ်က စတယ်ဆိုတဲ့ မေးခွန်းကို သိပ္ပံပညာ မဖြေနိုင်သေးဘူးဆိုတာ သိရတယ်။
ဒါပေမဲ့ ဒီလို စဉ်းစားမိမယ်။ ‘ကမ္ဘာမြေကြီးကို ဖန်တီးပြုလုပ်သူ ရှိတယ်ဆိုရင် ဖန်တီးပြုလုပ်သူက ဘယ်သူလဲ။’ ဒီမေးခွန်းတွေကိုလည်း စဉ်းစားမိမယ်။ ‘ဉာဏ်ပညာနဲ့ မေတ္တာ ရှိတဲ့ ဖန်ဆင်းရှင် ရှိတယ်ဆိုရင် လူသားတွေ ဆင်းရဲဒုက္ခ ခံရဖို့ ဘာကြောင့် ခွင့်ပြုသလဲ။ ဘာသာတရားတွေ ဘာကြောင့် ဒီလောက် များရသလဲ။ ဘုရားသခင်ကို ကိုးကွယ်သူတွေ ဘာကြောင့် မကောင်းမှု ကျူးလွန်နေကြသလဲ။’
အဲဒီမေးခွန်းတွေကို သိပ္ပံပညာက မဖြေနိုင်ဘူး။ ဒီလိုပြောလို့ အဖြေမှန် မရနိုင်ဘူးလို့ မဆိုလိုပါဘူး။ လူများစွာဟာ ကျေနပ်ဖွယ် အဖြေတွေကို သမ္မာကျမ်းစာကနေ တွေ့ရှိခဲ့ကြတယ်။
ကျမ်းစာကို အချိန်ယူ လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တချို့ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ဘာကြောင့် ယုံကြည်မှန်း သိချင်တယ်ဆိုရင် jw.org/my ထဲက အသက်ရဲ့ မူလအစအပေါ် ရှုမြင်ချက်များ ဗီဒီယိုတွေ ကို ကြည့်ပါ။