ပျော်ရွှင်သာယာတဲ့ဘဝ ရစေတဲ့ ဉာဏ်ပညာ
“စစ်၊ ဆင်းရဲမွဲတေမှု၊ ရောဂါ၊ ကလေး မတော်မတရားပြုတာ စတဲ့ သတင်းဆိုးတွေကို မြင်တဲ့အခါ စိတ်မကောင်းဖြစ်ပေမဲ့ မျှော်လင့်ချက်တော့ မဲ့မနေဘူး။”—ရာနီး။ *
စစ်မှန်တဲ့ ဉာဏ်ပညာရဲ့ ရင်းမြစ်၊ ဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်အကြောင်း ရာနီး သိလာတဲ့အခါ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရတယ်။ ဒီစာစောင်မှာ ပါတဲ့ ဆောင်းပါးတွေကို ဖတ်မယ်ဆိုရင် ဘုရားသခင်ရဲ့ သွန်သင်ချက်တွေက
ပျော်ရွှင်သာယာတဲ့ မိသားစု တည်ဆောက်ဖို့
တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေတတ်ဖို့
ရောင့်ရဲတတ်ဖို့
ဆင်းရဲဒုက္ခနဲ့ သေခြင်း ဖြစ်ရတဲ့ အကြောင်းကို နားလည်ဖို့
အနာဂတ်အတွက် သေချာတဲ့ မျှော်လင့်ချက် ရှိဖို့
ဖန်ဆင်းရှင်ကို သိကျွမ်းပြီး ရင်းနှီးလာဖို့ ကူညီပေးပါလိမ့်မယ်။
ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို လူနည်းစုသာ မဟုတ်ဘဲ လူတိုင်း နားလည်နိုင်တယ် ဆိုတာကိုလည်း သိလာပါလိမ့်မယ်။
^ အပိုဒ်၊ 2 ဒီမဂ္ဂဇင်းမှာ ပါတဲ့ နာမည်တွေကို ပြောင်းထား။