နိဒါန်း
မိသားစုအောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်
မအောင်မြင်တဲ့ မိသားစုတွေအကြောင်း အများကြီး ကြားရတယ်။ မိသားစုဘဝ အောင်မြင်ဖို့ ဘာလုပ်နိုင်သလဲ။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၀-၂၀၁၅ ခုနှစ်အတွင်း အသက် ၅၀ ကျော် ကွာရှင်းမှုနှုန်း နှစ်ဆ၊ အသက် ၆၅ နှစ်ကျော် ကွာရှင်းမှုနှုန်း သုံးဆ တက်လာတယ်။
မိဘတွေ စိတ်ရှုပ်ကြရတယ်- ကျွမ်းကျင်သူတချို့က သားသမီးတွေကို တစ်ချိန်လုံး ချီးမွမ်းပေးပါလို့ ပြောကြတယ်။ တချို့ကတော့ စည်းကမ်းတင်းကျပ်ပါလို့ ပြောကြတယ်။
လူငယ်တွေဟာ အောင်မြင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ မရှိဘဲ ကြီးပြင်းလာကြတယ်။
ဘယ်လိုပဲဖြစ်ပါစေ . . .
အိမ်ထောင်ဟာ ဆုလာဘ်နဲ့ ထာဝရနှောင်ကြိုး ဖြစ်နိုင်ပါတယ်။
မိဘတွေအနေနဲ့ သားသမီးတွေကို မေတ္တာနဲ့ ဆုံးမသွန်သင်နိုင်ပါတယ်။
လူငယ်တွေအနေနဲ့ လူကြီးဘဝအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ ဆည်းပူးနိုင်ပါတယ်။
ဘယ်လိုနည်းနဲ့လဲ။ ဒီစာစောင်မှာ မိသားစုအောင်မြင်ရေး လျှို့ဝှက်ချက် ၁၂ ချက်ကို ဆွေးနွေးထားပါတယ်။