မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော”

“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော”

“လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော”

၁၉၉၇ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတောအတွင်းတွင် စာမျက်နှာလေးမျက်နှာပါသည့် လက်ကမ်းစာရွက် “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော” ကိုဘာသာစကား ၁၀၀ ကျော်ဖြင့် ဝေစာပေါင်းသန်း ၃၀၀ ကျော်ကို ကမ္ဘာချီဝေငှခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ပဲင်စီလ်ဘေးနီးယား၊ အက်စ်တုံရှိ အိပ်စ်ပရက်စ်-တိုင်းမ်စ်သတင်းစာတွင်ပါသည့် အောက်ဖော်ပြပါသုံးသပ်ချက်အပါအဝင် များစွာသောနှစ်သက်ဖွယ်မှတ်ချက်များ ပေးခဲ့ကြသည်–

“ယင်းတွင် တစ်ဦးနှင့်တစ်ဦး အေးစက်သည့်ဆက်ဆံရေးကြီးထွားလာသော အိမ်နီးချင်းများ၏နမူနာများကို ပေါ်လွင်အောင်ဖော်ပြထားသည်—⁠နှစ်ပေါင်းများစွာအိမ်နီးချင်းဖြစ်သည့် လူမျိုးကွဲများနှင့် ဘာသာရေးအုပ်စုများ တစ်ဦးကိုတစ်ဦးသတ်ဖြတ်ခဲ့ကြသည့် ဘော့စနီးယား-ဟာဇီဂိုဗီးနားနှင့် ရဝမ်ဒါကဲ့သို့တစ်ဦးကိုတစ်ဦး နှိပ်စက်သတ်ဖြတ်မှုပင်ပြုလုပ်ခဲ့ကြသည်။

“အမေရိကန်ပြည်ထောင်စုရှိ အခြေအနေများနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မလည်ပတ်သော တစ်ဦးတည်းအထီးကျန်နေထိုင်သည့် သက်ကြီးရွယ်အိုပုံနှင့် သံကြိုးချည်ထားသော ဟနေသောတံခါးပေါက်မှ ကြောက်လန့်တကြားစူးစမ်းကြည့်နေသော အမျိုးသမီးတစ်ဦး၏မျက်နှာဓာတ်ပုံကိုဖော်ပြထားသည်။”

စလိုဗေးနီးယားရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသည် အင်ပရီစီယာဒဿနိကဗေဒဆိုင်ရာစာပေအသင်းမှ အောက်ဖော်ပြပါတောင်းဆိုစာကို ရရှိခဲ့သည်– “ဘာသာရေးအမှန်တရားအကြောင်း ရှင်းလင်းချက်နှင့်ပတ်သက်၍ စလိုဗေးနီးယားရှိ . . . ချာ့ခ်ျသည် ဝမ်းနည်းစရာကောင်းလောက်အောင် လက်ဝါးကြီးအုပ်စိုးနေသည်။ ဤဘာသာရေးအမှန်တရားများကို ပို၍သဘောပေါက်နားလည်နိုင်ရန် “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ကြပါဦးမည်လော” ခေါင်းစဉ်ရှိသည့်ဝေစာစောင်ရေ ၅၀ ပို့ပေးရန် အနူးအညွတ်တောင်းဆိုပါသည်။ ၎င်းတွင်ပါဝင်သည့်အရာများကြောင့်သာမဟုတ်ဘဲ အမြင်အာရုံကိုစွဲငြိစေသောပုံများကို မြင်တွေ့ရ၍ တစ်မူထူးခြားသည့်အရာတစ်ခုအဖြစ် ကျွန်ုပ်တို့ကို စွဲမှတ်စေပါသည်။”

သင်သည်လည်း ကမ္ဘာပေါ်ရှိလူသားများ စည်းလုံးငြိမ်သက်စွာနေထိုင်နိုင်သည့် အထောက်အထားကိုရရှိလိုပါက ကျေးဇူးပြု၍ အောက်ပါကူပွန်ကိုဖြည့်စွက်ပြီး စာတိုက်မှတစ်ဆင့်ပို့လိုက်ပါ။

ဘုရားသခင်ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာတစ်စောင်ကို ပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်ကိုဆက် သွယ်ပါ။