မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

မိုးသစ်တောများ မိုးသစ်တောနဲ့ပတ်သက်လို့ ရှင်းလင်းပြီး နှစ်သိမ့်မှုဖြစ်စေတဲ့အကြောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ (မေ ၈၊ ၁၉၉၈ [လိပ်]) လူသားတွေရဲ့ရူးသွပ်မှုနဲ့ လောဘကြီးမှုဟာ ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုဟ်နဲ့ အဲ့ဒီအပေါ်မှာရှိတဲ့ အဖိုးတန်သစ်ပင်ပန်းပင်တွေ၊ တိရစ္ဆာန်တွေကိုဖျက်ဆီးပစ်နေတာဟာ ဝမ်းနည်းစရာပါပဲ။ မကြာခင် ကျွန်တော်တို့ရဲ့မဟာဖန်ဆင်းရှင် ယေဟောဝါဟာ ဒီအဖိုးတန်တဲ့ရတနာနဲ့ အဲ့ဒီပေါ်မှာရှိတဲ့ သက်ရှိဇီဝရုပ်တွေအတွက် ကြားဝင်ပြီးခုခံကာကွယ်ပေးမယ်ဆိုတာကို သိရတဲ့အတွက် ကျွန်တော်ဝမ်းသာတယ်။

အက်ဖ်. အေ.၊ ဘရာဇီး

ခင်ဗျားတို့ရဲ့ဆောင်းပါးဟာ အခုအချိန်မှာ ကျွန်တော်တို့ရဲ့မိုးသစ်တောတွေကို ဖျက်ဆီးနေတဲ့ စိုးရိမ်စရာပြဿနာတွေနဲ့ ကိစ္စရပ်တွေအများကြီးကို အလင်းဖြာပေးခဲ့တဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ နောက်ဆုံးအပိုဒ်မှာပါတဲ့—⁠ကျန်ရှိနေသေးတဲ့သစ်တောတွေရဲ့မျှော်လင့်ချက်နဲ့ အနာဂတ်မိုးသစ်တောမျိုးဆက်တွေဟာ ဖွံ့ဖြိုးကြီးထွားအောင်မြင်မှာ သေချာတယ်ဆိုတာကိုဖော်ပြပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ဂျေ. တီ.၊ ဩစတြေးလျ

ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဖော်ရွေတဲ့သူစိမ်းတစ်ယောက် ကျွန်တော့်ကိုပေးသွားတဲ့ တကယ်ကောင်းတဲ့စာအုပ် နိုးလော့! မဂ္ဂဇင်းကို ကျွန်တော်အခုလေးတင်ဖတ်ပြီးရုံပဲရှိသေးတယ်။ ကျွန်တော်ဟာ အက်ဒင်ဘာဂ်ျတက္ကသိုလ်က ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၁၉၃၉ ခုနှစ်က အက်ဒင်ဘာဂ်ျတက္ကသိုလ်မှာ သစ်တောပညာဘွဲ့ကိုရခဲ့သူတစ်ဦးဖြစ်တယ်။ ကျွန်တော်တို့ဟာ အပူပိုင်းမိုးသစ်တောအကြောင်း တော်တော်များများကိုသင်ကြားခဲ့ရတယ်။ တကယ်ကောင်းတဲ့ “ကျွန်ုပ်တို့၏ မိုးသစ်တောများကို ကယ်တင်နိုင်ပါမည်လော” အခန်းဆက်ဆောင်းပါးတွေအတွက် ခင်ဗျားနဲ့ ခင်ဗျားကိုအကူအညီပေးတဲ့သူတွေကို ကျွန်တော်တကယ်ပဲချီးကျူးတယ်။ အခန်းဆက်ဆောင်းပါးအားလုံးကို ကျွန်တော်ဖတ်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ မြင့်မြတ်တဲ့လှုပ်ရှားဆောင်ရွက်မှုတွေ အောင်မြင်ကြီးပွားပါစေ! အောင်လည်းအောင်မြင်မှာပါ။

အယ်လ်. အမ်.၊ အင်္ဂလန်

၂၀၀၀ ပြည့်နှစ် ၁၉၉၈၊ မေ ၈ [လိပ်] ထုတ်နိုးလော့! မဂ္ဂဇင်းမှာပါတဲ့ “သမ္မာကျမ်းစာရှုထောင့်– ၂၀၀၀ ပြည့်နှစ်မည်မျှအရေးပါသနည်း” ဆောင်းပါးဟာ ပျော်ရွှင်မှုကိုပေးတဲ့သတိပေးချက်တစ်ခုပါပဲ။ ထင်ကြေးပေးမှန်းဆတာကနေဖြစ်တတ်တဲ့ စိတ်ဓာတ်ကျမှုနဲ့ ယေဟောဝါ၏နေ့ကြီးကျရောက်မယ့်အချိန်နဲ့ပတ်သက်ပြီး အတိတ်ကအဖြစ်အပျက်တွေကို ပွင့်ပွင့်လင်းလင်းရှင်းပြထားပေးတဲ့ ခင်ဗျားတို့ရဲ့ရိုးသားဖြောင့်မတ်မှုကို ကျွန်တော်လေးမြတ်တယ်။

အက်စ်. ဒဗလျူ.၊ အမေရိကန်ပြည်ထောင်စု

သေခြင်းရှေ့မှောက် အောင်မြင်ခြင်း ခင်ဗျားတို့ဆီကို စာရေးခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်၊ ဒုတိယကမ္ဘာစစ်အတွင်းနဲ့ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ညီအစ်တွေရဲ့တွေ့ကြုံမှုတွေကိုထုတ်ဝေထားတဲ့ “သေခြင်းရှေ့မှောက် အောင်မြင်ခြင်း” အခန်းဆက်ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ (မေ ၈၊ ၁၉၉၃ [လိပ်]) ဒီအခန်းဆက်ဆောင်းပါးတွေက ယေဟောဝါရဲ့အမှုတော်ကို ဆက်ဆောင်ရွက်ဖို့နဲ့ ကိုယ်တော်ရဲ့အောင်ပွဲခံသက်သေခံတွေရဲ့ ခြေရာကိုလိုက်လျှောက်ဖို့ ကျွန်တော့်ကိုလှုံ့ဆော်ပေးခဲ့တယ်။ အသက်ဘေးနဲ့ရင်ဆိုင်ရတာတောင်မှ မေတ္တာရှင်ယေဟောဝါဆီကနေ နောက်ဆုတ်မသွားခဲ့ကြဘူး။

အေ. အေ.၊ အယ်လ်ဘေးနီးယား

ကမ္ဘောဒီးယားတွင် သေရေးရှင်ရေး “ကမ္ဘောဒီးယားတွင် သေရေးရှင်ရေးအခြေအနေမှ ကျွန်တော့်၏ရှည်လျားသောခရီးစဉ်” ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ (မေ ၈၊ ၁၉၉၈ [လိပ်]) ယေဟောဝါကို သစ္စာရှိရှိအမှုဆောင်ခြင်းဟာ အလွန်ဝမ်းသာစရာဖြစ်ပြီး . . . အသက်ရှင်လွတ်မြောက်ဖို့အတွက် တခြားသူတွေကိုသတ်ဖြတ်ခဲ့ရတဲ့ ဝယ်တနာ မီးစ် လိုပါပဲ များစွာသောသူတွေဟာ ဝမ်းနည်းပူဆွေးစရာတွေရှိခဲ့ပေမဲ့ ယေဟောဝါကို အမှုဆောင်နေကြတယ်။ ကျင်းကြီးတစ်ခုထဲမှာ သုံးလပုန်းနေခဲ့ရတယ်ဆိုတဲ့အကြောင်းကိုဖတ်ရတော့ ကျွန်မထိတ်လန့်တုန်လှုပ်ခဲ့ရတယ်။ မကြာခင် သူ့ဘဝအသက်တာရဲ့ အကြီးမြတ်ဆုံးအခွင့်ထူး—⁠ယေဟောဝါနဲ့အကျွမ်းတဝင်ရှိလာမှာကို သူမသိခဲ့လို့ပါ!

စီ. အမ်. အက်စ်. အယ်လ်.၊ ဘရာဇီး

ရုပ်အသွင်အပြင်ကိုကြည့်ကာ သင်စီရင်ဆုံးဖြတ်ပါသလော နာစရီဒင် ဟိုဂျာ အကြောင်း ရိုးရာပုံပြင်မှာဖော်ပြထားသလို ရုပ်အသွင်အပြင်ဟာ လှည့်စားနိုင်ပါတယ်။ (မေ ၈၊ ၁၉၉၈ [လိပ်]) ကျွန်တော်တို့ဟာ တခြားသူတွေကို သူတို့ရဲ့အသွင်အပြင်ကိုပဲကြည့်ပြီး နှစ်သက်ဖွယ်ကောင်းသူ ဒါမှမဟုတ် နှစ်သက်ဖွယ်မကောင်းသူအဖြစ် မစီရင်သင့်ကြောင်းနဲ့ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့အသွင်အပြင်ကိုမဟုတ်ဘဲ ကျွန်တော်တို့ရဲ့နှလုံးအခြေအနေကိုကြည့်ပြီး စီရင်တယ်ဆိုတာကို သတိပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အေ. အို. အက်ဖ်. အေ.၊ ဘရာဇီး

မေတ္တာသည် မည်သည့်အခါမျှ မပျက်ပြယ် လိုရင်းတိုရှင်းဖော်ပြထားတဲ့ “‘မေတ္တာသည် မည်သည့်အခါမျှ မပျက်ပြယ်’—⁠အသင်ကော” ဆောင်းပါးအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ (မေ ၈၊ ၁၉၉၈ [လိပ်]) စစ်မှန်တဲ့မေတ္တာရဲ့ ခြားနားတဲ့ရှုထောင့်အမျိုးမျိုးနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့အကြံဉာဏ်တွေဟာ အထူးသဖြင့် ကျွန်မလိုအပ်နေတဲ့အချိန်မှာ ဒီဆောင်းပါးကိုရရှိတဲ့အတွက် ကျွန်မကိုနက်ရှိုင်းစွာလှုံ့ဆော်ပေးခဲ့၊ ခွန်အားပေးခဲ့တယ်။ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ပါစေ စစ်မှန်တဲ့မေတ္တာဟာ ဘယ်တော့မှမပျက်ပြယ်ဘူးဆိုတာကို အခု ကျွန်မယုံကြည်စိတ်ချတယ်။

အက်စ်. ဂျီ.၊ ပြင်သစ်