မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စိတ္တကျန်းမာရေးအတွက် မနှစ်မြို့ဖွယ်အခြေအနေ’

‘စိတ္တကျန်းမာရေးအတွက် မနှစ်မြို့ဖွယ်အခြေအနေ’

စိတ္တကျန်းမာရေးအတွက် မနှစ်မြို့ဖွယ်အခြေအနေ

“ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများစွာတွင် စွဲမှတ်ဖွယ် ဆေးပညာတိုးတက်မှုများရှိသော်လည်း ကျွန်ုပ်တို့သည် စိတ်ကျန်းမာရေးအတွက် မနှစ်မြို့ဖွယ်အခြေအနေတစ်ရပ်ကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေရသည်” ဟု ကနေဒါ အပြည်ပြည်ဆိုင်ရာကျန်းမာရေးအဖွဲ့၏ သတင်းစာ စင်နာဂျီ ဆောင်းပါးတစ်ခုတွင် ရေးသားဖော်ပြထားသည်။

မှတ်တမ်းတစ်ခုက ကမ္ဘာတစ်ဝန်းတွင် ၄ ဦးလျှင် ၁ ဦးသည် စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှု သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ ဝေဒနာများကို ခံစားနေရသည်ဟု တွက်ဆခဲ့ကြသည်။ အခြားလေ့လာမှုတစ်ရပ်တွင် ကျန်းမာရေးလုပ်သားတစ်ဦးအား လာရောက်တွေ့ဆုံသူ လူနာ ၃ ဦးတွင် ၁ ဦးသည် စိတ်ဓာတ်ကျမှုနှင့် စိုးရိမ်ပူပန်ဖွယ်ပြဿနာများ ရင်ဆိုင်ရသောကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် သုတေသီများက ထိုသို့သောအရေအတွက် တိုးများလာသည်ဟုဆိုသည်။

အဘယ်ကြောင့်နည်း။ ဟားဗက်တက္ကသိုလ်၏ လူမှုရေးဆေးပညာဌာနမှ ဆောင်ရွက်ခဲ့သည့်လေ့လာမှုတစ်ခုက “လူများစွာသည် အိုမင်းသည့်အရွယ်အထိ အသက်ရှင်ကြသောကြောင့်” ဆေးကုသမှုနှင့်ဆိုင်သော စိတ်ကျဝေဒနာ၊ စိတ်ကစဉ့်ကလျားရောဂါနှင့် မှတ်ဉာဏ်ချို့တဲ့မှုများကဲ့သို့သော ဖျားနာမှုများ များပြားနေခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အသက်ရှည်ခြင်းသည် တစ်ခုတည်းသောအကြောင်းပြချက် မဟုတ်ပါ။ စီးပွားရေးပြဿနာများကိုလည်း အပြစ်ဖို့ရန်ဖြစ်သည်၊ မျက်မှောက်ခေတ် အသက်ရှင်နေထိုင်မှု၏ တိုးပွားနေသော ဖိစီးမှုဖြစ်သောကြောင့်ပင်။

ဤစိတ်ဓာတ်ကျဖွယ်ရာ အခြေအနေကို မည်သို့ပြောင်းလဲပစ်နိုင်သနည်း။ ကျန်းမာရေးစောင့်ရှောက်မှု၏ ကဏ္ဍများထဲတွင် စိတ္တကျန်းမာရေးကို ဦးစားပေးသင့်သည်။ အကြောင်းမှာ ယင်းသည် “လူ့အခြေအနေတိုးတက်မှုတွင် နောက်ဆုံးသောနယ်ပယ်သစ်တစ်ခုကို ကိုယ်စားပြု” ခြင်းကြောင့်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။