မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် နောင်တရမည် မဟုတ်သော ဆုံးဖြတ်ချက်တစ်ခု

သင် နောင်တရမည် မဟုတ်သော ဆုံးဖြတ်ချက်တစ်ခု

သင် နောင်တရမည် မဟုတ်သော ဆုံးဖြတ်ချက်တစ်ခု

ဒုတိယကမ္ဘာစစ်ပြီးနောက်တွင်မွေးဖွားသော သန်းရာပေါင်းများစွာသော ယောက်ျားမိန်းမများသည် ယခုတွင် လူလတ်ပိုင်းအရွယ်သို့ရောက်ကြပေပြီ။ များစွာသောသူတို့သည် သူတို့၏ပြီးမြောက်ဆောင်ရွက်ခဲ့ရာကို ကျေနပ်ရောင့်ရဲကြသော်လည်း အချို့သည် စိတ်ပျက်ဖွယ်ဟု ယူမှတ်ကြသည်။ သူတို့သည် ထိမ်းမြားခဲ့ကြ၊ အလုပ်လုပ်ခဲ့ကြ၊ သားသမီးများမွေးမြူကာ မိသားစုကို ပြုစုပျိုးထောင်ခဲ့ကြပြီး အချို့သည် သူတို့၏မိဘများသေဆုံးသွားသည်ကို တွေ့ ခဲ့ကြသည်။ ယနေ့အချိန်တွင် သူတို့ဆံပင်များဖြူလာကာ အလေးချိန်တိုးလာပြီး ဒူးများလည်းမခိုင်တော့သည်နှင့်အမျှ အချို့သည် ဘဝတွင်သူတို့၏ပန်းတိုင်များ မအောင်မြင်ခဲ့ဟု ယူမှတ်ကြသည်။ “ဘဝရဲ့အဓိပ္ပာယ်ဆိုတာဘာလဲ” ဟုစိတ်ပျက်လက်ပျက်နှင့် သူတို့မေးပေမည်။ အသင်လည်း ထိုမေးခွန်းကို မေးခဲ့ပေမည်။

အခါအားလျော်စွာ သင့်အသက်တာကို ပြန်သုံးသပ်ခြင်းသည် အလွန်တန်ဖိုးရှိမည်မှာ သေချာပါသည်။ တစ်ဖက်တွင်မူ ဝမ်းနည်းဖွယ် အတိတ်မှဆုံးဖြတ်ချက်များအပေါ် တွေးတောနေခြင်းသည် သင့်အားစိတ်ပျက်စေနိုင်သည်။ ‘ဒီလိုသာလုပ်ခဲ့ရင်ကောင်းသား . . . ၊’ ဟု သင့်ကိုသင်ပြောနေမည့်အစား အနာဂတ်တွင်သင်ပြုလုပ်နိုင်သော ပညာရှိဆုံးဖြတ်ချက်များအပေါ် အာရုံစိုက်ခြင်းသည် ပို၍ကောင်းပါသည်။ ယင်းသို့သောဆုံးဖြတ်ချက်တစ်ခုမှာ ဘဝ၏အဓိပ္ပာယ်နှင့်စပ်လျဉ်းသည့် မေးခွန်းများကိုအဖြေပေးသည့်အချက်အလက်များကို ဆန်းစစ်ခြင်းဖြစ်ပေမည်။ ထိုကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော စာစောင်ကိုဖတ်ရန် ကျွန်ုပ်တို့သင့်အား ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်တို့၏ဖိတ်ခေါ်ချက်ကိုလက်ခံခြင်းသည် သင်နောင်တရမည်မဟုတ်သော ဆုံးဖြတ်ချက်ဖြစ်သည်။

ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်သောလိပ်စာတစ်ခုသို့ ပူးတွဲပါကူပွန်တွင်ဖြည့်စွက်ပြီး စာတိုက်မှပေးပို့ခြင်းဖြင့် ၃၂-မျက်နှာရှိ ဤဘရိုရှာကို သင်ရရှိနိုင်ပါသည်။

□ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။