၁၉၁၄—၂၀ ရာစု၏ အစလော
၁၉၁၄—၂၀ ရာစု၏ အစလော
“အယူဝါဒများ၊ ယူဆချက်များ၊ သဘောထားများနှင့် ကိုယ်ကျင့်တရားရှိသည့်အချိန်ဟု သတ်မှတ်ဖော်ပြသော ၁၉ ရာစုနှစ်သည် ၁၉၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မကုန်ဆုံးသွားပါ” ဟုဆောင်းပါးရှင် ချာလီ ရီးစ်က ဆိုသည်။ “ယင်းသည် ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးသည်။ ဤနှစ်သည်ပင် ထပ်တူပင်သတ်မှတ်ဖော်ပြခံရသော ၂၀ ရာစု၏ အစလည်းဖြစ်သည်။”
ရီးစ်က ဤသို့ရှင်းပြသည်– “ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံးတွင် ကြုံခဲ့ရသည့် ပဋိပက္ခအားလုံးနီးပါးသည် ထို [ပထမကမ္ဘာ] စစ်မှဆက်တိုက်ဖြစ်ပေါ်လာသည်။ . . . ၎င်းသည် ၁၉ ရာစုနှစ်၏ အကောင်းမြင်ဝါဒကို ဖျက်ဆီးပစ်လိုက်ပြီး ပျော်သလိုသာနေဝါဒ၊ အပြစ်ရှာဝေဖန်ရေးဝါဒ၊ ပူပန်မှု၊ စိုးရိမ်မှုနှင့် သုညဝါဒတို့၏ ၂၀ ရာစုမူကွဲများကို ဖန်တီးပေးခဲ့သည်။”
ရှင်းနေသည်မှာ ၁၉၁၄ ခုနှစ်သည် သမိုင်းတွင် ထင်ရှားသည့်နှစ်ဖြစ်ခဲ့သည်။ ဤကိစ္စကို ၃၂ မျက်နှာရှိ ဘဝ၏ရည်ရွယ်ချက်ကားအဘယ်နည်း။ ယင်းကို သင်မည်သို့ရရှိနိုင်သနည်း ဘရိုရှာက ဆွေးနွေးတင်ပြထားသည်။ ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ဖော်ပြထားသည့် သက်ဆိုင်ရာလိပ်စာအတိုင်း တွဲ၍ပါလာသည့်ကူပွန်ကို ဖြည့်စွက်ပြီး စာတိုက်ဖြင့်ပေးပို့ကာ အဆိုပါဘရိုရှာကို သင်တောင်းခံနိုင်ပါသည်။
□ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း။ ယင်းကို သင်မည်သို့ရရှိနိုင်သနည်း ဘရိုရှာတစ်စောင်ကို ကျွန်ုပ်တို့ထံပို့ပေးပါ။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုနှင့်ပတ်သက်ပြီး ကျေးဇူးပြု၍ ကျွန်ုပ်ထံဆက်သွယ်ပါ။