မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သည့်နေရာတွင် ကျွန်ုပ်တို့ အဖြေရှာတွေ့နိုင်သနည်း

မည်သည့်နေရာတွင် ကျွန်ုပ်တို့ အဖြေရှာတွေ့နိုင်သနည်း

မည်သည့်နေရာတွင် ကျွန်ုပ်တို့ အဖြေရှာတွေ့နိုင်သနည်း

ယနေ့ရင်ဆိုင်နေရသည့် ပြဿနာများနှင့် မေးခွန်းအမျိုးမျိုး၏ဖိစီးမှုဒဏ်ခံနေရသူ များသည်ထက်များလာသည်။ မုသားပြောဆိုခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ လောင်းကစားခြင်းသည် လျော်ကန်ပါသလော။ နတ်ဝိဇ္ဇာအတတ်ကို မတောက်တခေါက်လိုက်စားခြင်းကော အသို့နည်း။ ကလေးဖျက်ချခြင်းကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။ အရက်မူးအောင်သောက်ခြင်း သို့မဟုတ် လက်မထပ်ရသေးသူများ သံဝါသပြုခြင်းသည် မှားပါသလော။

မေးခွန်းများသည် အဆက်မပြတ်ရှိနေမည်ဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်တို့၏အသက်တာကိုသာမက ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများ၏အသက်တာကိုပါ အကျိုးသက်ရောက်မှုရှိ၏။ လူတို့သည် မိမိတို့အတွက် အကျိုးရှိမည့်အဖြေများကို လိုချင်ကြသည်။ အမေရိကန်ပြည်ထောင်စု၊ မစ်စစ္စပီပြည်နယ်မှ ထိုသို့သောသူတစ်ဦးသည် ကင်းမျှော်စင်အသင်းသို့ စာရေးခဲ့သည်–

“မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်လို့ အမည်တပ်ထားတဲ့ သင်တို့ရဲ့စာအုပ်နောက်ဘက်မှာ ပိုမိုသိရှိလိုပါသလော၊ သို့မဟုတ် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု အလိုရှိပါသလော လို့မေးထားတဲ့ မေးခွန်းတစ်ခုကို ကျွန်မအမှတ်တမဲ့တွေ့လိုက်တယ်။ ကျွန်မအလိုရှိတာအမှန်ပါပဲ!

“၁၉၉၅ ခုနှစ်နွေရာသီကတည်းက သမ္မာကျမ်းစာကို ကျွန်မဖတ်ရှုလေ့လာခဲ့ပါတယ်။ ကျွန်မရဲ့ဝိညာဉ်ရေးဆိုင်ရာရည်ရွယ်ချက်တွေအတွက် အသုံးပြုရန်သာမက အခြားသူတွေကိုပါ သင်ပေးနိုင်တဲ့အထိ ကျမ်းစာကိုနားလည်အောင် အစွမ်းကုန်ကြိုးစားပါတယ်။ သင်တို့ပြောတဲ့အတိုင်း သိသင့်သိအပ်ရာများကို အခမဲ့ပို့ပေးမယ်ဆိုရင် လက်ခံဖို့အသင့်ပါပဲ!”

သင်လည်း ၁၉၂-မျက်နှာရှိသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်ကို ရလိုလျှင်လည်းကောင်း၊ အိမ်တွင်းကျမ်းစာသင်အံမှု လက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့မဟုတ် စာမျက်နှာ ၅ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။