မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သီချင်းဆိုသည့်သစ်ပင်

သီချင်းဆိုသည့်သစ်ပင်

သီချင်းဆိုသည့်သစ်ပင်

ကင်ညာနိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်

ကျယ်ဝန်းလှသော အာဖရိကမြက်ခင်းပြင်ဒေသတွင် သီချင်းဆိုလေ့ရှိသည့် သစ်ပင်တစ်ပင်ရှိသည်။ ထိုအပင်သည် အကေးရှားမျိုးစိတ်ဝင်ဖြစ်ပြီး ၎င်းကို လေချွန်သံပြုဆူးပင်ဟု လူသိများကြသည်။ အဘယ်ကြောင့်နည်း။ ထိုအပင်၏အကိုင်းများကြား လေတိုးသည့်အခါ ၎င်းသစ်ပင်မှ အသံထွက်လာပုံရှိ၏။

ထိုသစ်ပင်၏ ထူးကဲစွာရှည်လျားပြီး သေးသွယ်သောဆူးတို့သည် လေထဲတွင် တုန်ခါသောအခါ မြူးကြွကြွတေးသံသာပမာ မြည်တတ်သည်။ ဆူးများမြည်သံအပြင် ထိုသစ်ပင်၏အခေါင်းပါ အဖုအထုံးများမှလည်း ပုလင်းလွတ်တစ်လုံးအဝတွင် ဖြတ်ပြီးလေမှုတ်သွင်းလိုက်သကဲ့သို့သောအသံမျိုး ထွက်ပေါ်လာတတ်သည်။ ဤ “တူရိယာများ” ကို ဖန်တီးရှင်တို့မှာ ထိုအဖုအထုံးများကို မိမိတို့၏ လုံးဝန်းသောအိမ်များအဖြစ် အခေါင်းထွင်းကာ ဝင်ပေါက်ထွက်ပေါက်ငယ်များ ပြုလုပ်ကြသည့် ပုရွက်ဆိတ်တို့ဖြစ်သည်။ ၎င်းအဖုများနှင့်အပေါက်များမှာ အရွယ်အစားအမျိုးမျိုးရှိကြသည့်အတွက် အသံအနိမ့်အမြင့်အမျိုးမျိုး ပေါ်ထွက်စေသည်။ ဤအသံများသည် လေချွန်သံပြုဆူးပင်၏ တစ်မူထူးခြားမှုနှင့် အလှတရားကို ထပ်လောင်းပေးသည်။

ဤသစ်ပင်က ဆာလံဆရာ တင်စားဖော်ပြသည့် ဤစာသားများကို သတိရစေသည်– “တော၌ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။” (ဆာလံ ၉၆:၁၂၊ ၁၃) မှန်ပါသည်၊ ဆူးများနှင့် ပလွေကဲ့သို့သော အဖုများကြား လေတိုးသည့်အခါ သာယာနာပျော်ဖွယ်ကောင်းသည့် စိတ်နှလုံးကိုထိခိုက်ထကြွစေသော အာဖရိကတေးသံသာတစ်ပုဒ် မြည်ကြွေးလာတတ်ပါသည်။