မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်

မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်

မသန်မစွမ်းမှုမှန်သမျှ ပပျောက်သွားချိန်ဝယ်

အက်ကွာဒရစ်ပဲလ်ဂျစ်ခ်က လူအများစုတွင် “သန်သန်စွမ်းစွမ်းရှိမှုမှာ တဒင်္ဂ” သာဖြစ်ကြသည်ဟု တစ်ခါကဆိုခဲ့သည်။ ယင်းသည်မှန်လိုက်လေခြင်း၊ ကျွန်ုပ်တို့အားလုံးတွင် ကာယချို့တဲ့မှုများ အနှေးနှင့်အမြန် ပေါ်လာတတ်သည်! ထို့ကြောင့် မျက်မှန်များ၊ မျက်ကပ်မှန်များ၊ အံကပ်များ၊ နားကြားကိရိယာများ၊ နှလုံးခုန်နှုန်းကို လှုံ့ဆော်ပေးသောလျှပ်စစ်ကိရိယာများနှင့် ဒူးဆစ်အစားထိုးပစ္စည်းများက အဝယ်လိုက်နေသည်။ “လောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည်” ဟု ရောမ ၈:၂၂ ကဆိုသကဲ့သို့ပင်ဖြစ်သည်။

ထို့ကြောင့်၊ ကျွန်ုပ်တို့အားလုံး ဖြောင့်မတ်သည့် “မြေကြီးသစ်” တွင် နာခံသည့်လူသားများအား စုံလင်သောကာယကျန်းမာရေးရရှိစေရန် ဘုရားသခင့်ကတိတော်အားဖြင့် စိတ်သက်သာရာရနိုင်သည်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄) ဟေရှာယ ၃၅:⁠၅၊ ၆ ကဤသို့ဆိုသည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။ . . .  ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။”

သမ္မာကျမ်းစာက “လူအုပ်ကြီး” သည် ဤလက်ရှိဆိုးယုတ်သည့်စနစ်အား ဖျက်ဆီးခြင်းကပ်ကို ကျော်မည်ဖြစ်ကြောင်း ကြိုတင်ဟောထားသည်။ (ဗျာဒိတ် ၇:၉၊ ၁၄; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉) ထိုဖျက်ဆီးခြင်းပြီးနောက်မကြာမီ စိုးရိမ်ရသောမသန်မစွမ်းမှုနှင့် ကျန်းမာရေးပြဿနာများရှိသူတို့သည် ချို့တဲ့မှုမှ ရုတ်ခြည်းပြုပြင်ခံရမည်မှာ မလွဲဧကန်ပင်! (ဟေရှာယ ၃၃:၂၄) ဘုရားသခင့်မြေကြီးသစ်တွင် ဖြစ်ပျက်လာမည့် ကုသမှုဆိုင်ရာ အကြိုမြင်ကွင်းအနေနှင့် ယေရှုမြေကြီးပေါ်ရှိခဲ့စဉ်က အလားတူ ကုသမှုများ ပြုလုပ်ခဲ့သည်။ (မာကု ၅:၂၅-၂၉; ၇:၃၃-၃၅ နှိုင်းယှဉ်။) ခြေလက်ဖြတ်ထုတ်ကုသခြင်းခံရသူများသည် သူတို့၏ခြေတုလက်တုများ၊ ချိုင်းထောက်များနှင့် ဘီးတပ်ကုလားထိုင်များကို လွှင့်ပစ်စဉ် ဝမ်းသာမှုကြောင့်ကျသည့်မျက်ရည်နှင့် ခံစားရသည့်ဝမ်းသာကြည်နူးမှုကို မည်သူမျှ စ၍ပင်ပြောနိုင်မည်မဟုတ်! ထို့နောက် သူတို့သည် ကိုယ်ခန္ဓာသန်သန်စွမ်းစွမ်းဖြင့် ဘုရားသခင်ပေးတာဝန်ဖြစ်သည့် မြေကြီးအား ပရဒိသုစံအိမ်အဖြစ် ပြောင်းလဲခြင်းတာဝန်တွင် ကူညီထမ်းဆောင်နိုင်ကြမည်။—⁠လုကာ ၂၃:⁠၄၃

လောလောဆယ်တွင်၊ ယနေ့ကိုယ်အင်္ဂါချို့တဲ့သူများသည် သူတို့၏လက်ရှိအခြေအနေတွင် ရုန်းကန်နေရဆဲဖြစ်သည်။ ကနေဒါရှိ ကိုယ်အင်္ဂါချို့တဲ့သူ နယ်လ်စင်ကဤသို့ဆိုသည်– “ကိုယ့်ကိုယ်နဲ့ပတ်သက်ပြီး ဝမ်းနည်းမှုစဝင်လာပြီဆိုရင် မဿဲ ၂၄:၁၃ မှာရှိတဲ့ ယေရှုရဲ့စကားတွေကို ကျွန်တော်စဉ်းစားတယ်။ ‘အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။’” ကန့်သတ်ချက်များရှိငြား ကိုယ်အင်္ဂါချို့တဲ့သူများသည် ခရစ်ယာန်ယုံကြည်ချက်ကို တည်ကြည်ခံရပ်ခြင်းအားဖြင့် အရေးကြီးဆုံးနည်းလမ်းတွင်—⁠ဝိညာဉ်ရေးဆိုင်ရာ—⁠ပြည့်စုံကျန်းမာနေနိုင်သည်။—⁠ယာကုပ် ၁:၃၊ ၄

ယေဟောဝါသက်သေများသည် သန်းနှင့်ချီသောသူများအား ယင်းယုံကြည်ချက်ကိုလက်ခံလာရန် ကူညီပေးခဲ့ကြသည်။ ရှေ့ဆောင်းပါးတွင်ကိုးကားဖော်ပြထားသည့် မသန်မစွမ်းသူဒဲယ်လ်ကဤသို့ဆိုသည်– “ကျွန်တော်ခံစားရသလိုမျိုး ရုပ်ပိုင်းဆိုင်ရာပြဿနာတွေဟာ တကယ့်ကိုယာယီမျှသာဖြစ်ကြောင်း သိရှိလိုက်ချိန်မှာ ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ ပြောမပြနိုင်လောက်အောင်ပါပဲ။” မှန်ပါသည်၊ ထိုမျှော်လင့်ချက်ရှိသွားသော ဒဲယ်လ်—⁠နှင့်သူကဲ့သို့သောအခြားသူများစွာတို့—⁠ကို ကိုယ်အင်္ဂါချို့တဲ့သောသူဟု မခေါ်နိုင်တော့ပေ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လာလတ္တံ့သော ဖျက်ဆီးခြင်းကပ်ကို ကျော်သူများသည် သူတို့၏ချို့တဲ့မှုများ အံ့ဖွယ်ကုသပေးမှုကို ခံစားကြမည်