မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင့်လုပ်ငန်းသည် လူ့အဖွဲ့အစည်းအား မည်သို့ အကျိုးပြုသနည်း’

‘သင့်လုပ်ငန်းသည် လူ့အဖွဲ့အစည်းအား မည်သို့ အကျိုးပြုသနည်း’

‘သင့်လုပ်ငန်းသည် လူ့အဖွဲ့အစည်းအား မည်သို့ အကျိုးပြုသနည်း’

ဤမေးခွန်းသည် နယူးယောက်၊ ဘရွတ်ကလင်ရှိ၊ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ် အဖွဲ့ဝင်တစ်ဦးအား၊ ချန်ဒရာခန်ပါတယ်လ်အမည်ရှိ အိန္ဒိယသတင်းစာဆရာတစ်ဦးက မေးမြန်းခဲ့သည့်မေးခွန်းဖြစ်သည်။ မစ္စတာပါတယ်လ်သည် အဆောက်အအုံများသို့ လာရောက်လည်ပတ်ကြည့်ရှုပြီး မြင်ရကြားရသမျှကို အလွန်အထင်ကြီးလေးစားသွားကာ ထိုအကြောင်းကို သူအိန္ဒိယသို့ပြန်ရောက်သောအခါ ဂူဂျာရသီဘာသာသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ရေးခဲ့သည်။

ယေဟောဝါသက်သေများ၏ အချို့သောယုံကြည်ချက်များသည် အိန္ဒိယရှိခရစ်ယာန်အဖွဲ့အစည်းများနှင့် ဖီလာဆန့်ကျင်သည်။ မစ္စတာပါတယ်လ်သည် ချာ့ခ်ျများတွင် များသောအားဖြင့်သွန်သင်ကြသည့် သုံးပါးပေါင်းတစ်ဆူအယူဝါဒကို ယေဟောဝါသက်သေများဆန့်ကျင်သကဲ့သို့ သူတို့၏ဝတ်ပြုရေးတွင်လည်း ဘုရားသခင်ကိုယ်စားပြုပစ္စည်းများ အသုံးမပြုကြကြောင်း၊ သူတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင် ယေဟောဝါကိုသာ ယုံကြည်ကြကြောင်း ရေးသားခဲ့သည်။ ယေဟောဝါသက်သေများတွင် မြင့်မားသောမူများရှိကြောင်း သူလေ့လာတွေ့ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူ့သားအိမ်ရာပြစ်မှားခြင်း၊ ကလေးဖျက်ချခြင်းနှင့် လူသားချင်းကိုမုန်းခြင်း သို့မဟုတ် သတ်ခြင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာ၌ဖော်ပြထားသည့် ခရစ်ယာန်စံနှုန်းများကို ခိုင်မြဲစွာစွဲကိုင်ထားသောကြောင့်ဖြစ်သည်။ သက်သေခံများသည် အေးချမ်းစွာနေလိုသော၊ ချစ်ခင်ကြင်နာခြင်း၊ စိတ်ရှည်ခြင်းနှင့် သူတစ်ပါးအကျိုးဆောင်ရွက်တတ်သော စိတ်သဘောထားအပြင် အခြားသူများအား ကျမ်းစာသတင်းတရားကို ကြောက်ရွံ့ခြင်းမရှိ ရဲရင့်စွာဖြန့်ဖြူးကြကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယမှသတင်းစာဆရာမေးလိုက်သည့် ‘သင့်လုပ်ငန်းသည် လူ့အဖွဲ့အစည်းအား မည်သို့အကျိုးပြုသနည်း’ ဆိုသည့်မေးခွန်းအတွက် မည်သည့်အဖြေကိုရရှိခဲ့သနည်း။ သူက ‘သမ္မာကျမ်းစာပညာရေးသည် ဘဝကဏ္ဍအားလုံးတွင် အကျိုးဖြစ်ထွန်းသည် ဟူသည့်အဖြေဖြစ်သည်’ ဟုရေးခဲ့သည်။ ကျန်းမာရေးဂရုစိုက်ခြင်းနှင့် အလုပ်အကိုင်ကဏ္ဍတို့နှင့်ပတ်သက်၍ မစ္စတာပါတယ်လ်အနေနှင့် တိတိကျကျသိချင်နေခဲ့သည်။ သူ့အားပေးခဲ့သည့် ရှင်းပြချက်၏အပိုင်းကဏ္ဍများကိုကိုးကား၍ ဤသို့အစီရင်ခံတင်ပြခဲ့သည်– ‘အကယ်၍ လူတစ်ယောက်သည် ဆေးလိပ်နှင့်မူးယစ်ဆေးဝါးများကဲ့သို့သော ဆိုးကျိုးဖြစ်စေသည့်ပစ္စည်းများကိုရှောင်ရှားရန်နှင့် သန့်စင်သောဘဝတစ်ခုကိုဦးဆောင်ရန် ကျမ်းစာဆိုင်ရာအကြံပေးချက်ကိုလိုက်နာပါက အမျိုးမျိုးသောရောဂါများကိုရှောင်ကြဉ်နိုင်သည်။’ အလုပ်ကြိုးစားသော၊ အနေအထိုင်စင်ကြယ်သော၊ ရိုးသားသောသူတို့သည် အလုပ်ပို၍ရလွယ်ဖွယ်ရှိသည်။ ထို့အပြင်၊ ပြဿနာများကို ချစ်ခင်ကြင်နာသည့်နည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက အခြားသူများနှင့်သင့်တင့်ငြိမ်သက်သောဆက်ဆံရေး ရရှိစေမည်။ ထို့ကြောင့် သမ္မာကျမ်းစာပြောသည့်အရာဖြင့် လူများအားသွန်သင်ခြင်းသည် လူ့အဖွဲ့အစည်းအားအကျိုးဖြစ်ထွန်းစေသည်။

ဤသတင်းစာဆရာသည် သမ္မာကျမ်းစာသွန်သင်ချက်များ ယေဟောဝါသက်သေများ၏ကမ္ဘာ့ဌာနချုပ်၌ သက်ဝင်လှုပ်ရှားနေသည်ကို တွေ့ မြင်ခဲ့ရသည်။ ထိုဝိညာဉ်ရေးလှုပ်ရှားမှုဗဟို၌ ဆက်ကပ်မြှုပ်နှံထားသော စေတနာ့ဝန်ထမ်းလုပ်သားများ၏သန့်ရှင်းမှုနှင့် ရွှင်ပျမှုတို့အကြောင်းကို သူ့ဆောင်းပါးတွင်ချီးမွမ်းခဲ့သည်။ အသင်လည်း သမ္မာကျမ်းစာသွန်သင်ချက်များမှ အကျိုးရယူနိုင်သည်။ သင်မည်သို့ရယူနိုင်ကြောင်းကို ယေဟောဝါသက်သေများက ဝမ်းမြောက်စွာလမ်းညွှန်ပါလိမ့်မည်။

[Picture Credit Line on page 21]

Newspaper background: Courtesy Naya Padkar, Gujarati Daily published from Anand, India