မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လာ ဘမ်ဘူစ်ရေ—အိပ်မက်ပြည့်စုံလာခြင်း

လာ ဘမ်ဘူစ်ရေ—အိပ်မက်ပြည့်စုံလာခြင်း

လာ ဘမ်ဘူစ်ရေ—အိပ်မက်ပြည့်စုံလာခြင်း

ပြင်သစ်နိုင်ငံမှ နိုးလော့!စာရေးသူပေးပို့သည်

အာရှဟင်းခတ်အမွှေးအကြိုင်များကို တင်သွင်းသူ ယူဂျင် မာဇယ်လ်သည် ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်က ကြီးထွားမှုမြန်ပြီး အမျိုးမျိုးသုံးနိုင်သည့် ဝါးမျိုးပေါင်း ၂၀၀ နီးပါးရှိ ကမ္ဘာပေါ်တွင် အကြီးမားဆုံးဝါးပျိုးခင်းတစ်ခုဖြစ်လာစေဖို့ အစပြုလုပ်ဆောင်ခဲ့သည်။ ၁၈၅၅ ခုနှစ်မတိုင်မီအထိ မာဇယ်လ်၏ရည်မှန်းချက်မှာ ဥရောပတွင် ဝါးမပေါက်နိုင်သည့် အတားအဆီးကြီးတစ်ခုကြောင့် အဟန့်အတားဖြစ်ခဲ့သည်။

အာရှမှ မြက်ပင်တင်သွင်းဖို့ကြိုးပမ်းမှုသည် အချည်းနှီးဖြစ်ခဲ့သည်။ ဝါးပင်သည် ယင်း၏ရှိရင်းဒေသတွင် (တချို့သောအမျိုးများသည် ၁၁ ဒီဂရီဖာရင်ဟိုက်ထက်နည်းသည့် အပူချိန်ကိုခံရပ်နိုင်ပြီး ပင်လယ်ပြင်ထက်အမြင့်ပေ ၁၆,၀၀၀ တွင်ပေါက်နိုင်သည်) အတော်သန်မာသော်လည်း တိုက်ကြီးများကိုဖြတ်ကျော်သည့် ခရီးရှည်အတွင်း အမြစ်များရှင်သန်ဖို့ဆိုသည်မှာ ဖြစ်နိုင်စရာမရှိခဲ့ချေ။ သို့ရာတွင် အသွားနှုန်းပိုမြန်သော သင်္ဘောများ ပေါ်ထွန်းလာခြင်းကြောင့် ဝါးပင်နမူနာများကို ၁၈၂၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့၊ နောက်ပိုင်း၌ ပြင်သစ်နိုင်ငံသို့ အောင်မြင်စွာတင်ပို့နိုင်ခဲ့ကြသည်။ မာဇယ်လ်၏အိပ်မက် အကောင်အထည်ပေါ်လာဖို့ ခြေတစ်လှမ်းပိုနီးလာခဲ့ရပေပြီ!

မာဇယ်လ်အတွက် နောက်ထပ်စိန်ခေါ်ချက်တစ်ခုမှာ ပျိုးခင်းအတွက် သင့်တော်သည့်မြေနေရာရှာဖွေဖို့ဖြစ်သည်။ ၁၈၅၅ ခုနှစ်တွင် မြေထဲပင်လယ်ရာသီဥတုမှ အကျိုးခံစားရပြီး သင့်တော်သောမြေသြဇာရှိသည့် ပြင်သစ်နိုင်ငံတောင်ပိုင်းမှ အဲန်ဒူဇ်အနီးတွင် မြေ ၈၄ ဧကကို သူဝယ်ယူခဲ့သည်။ အနီးအနားရှိမြစ်မှ ရေသွယ်ရန် ဧရာမလုပ်ငန်း ဆောင်ရွက်ဖို့လိုအပ်လာခဲ့သည်။ သို့သော် မာဇယ်လ်၏ဝီရိယစိုက်ထုတ်ကြိုးပမ်းမှု အောင်မြင်ခဲ့ပါသည်။

ဝမ်းနည်းစရာမှာ ၁၈၉၀ ပြည့်နှစ်တွင် မာဇယ်လ်သည် ဒေဝါလီခံခဲ့ရပြီး သူ၏အဖိုးတန်သောဥယျာဉ်ကို ရောင်းချလိုက်ရသည်။ သို့သော် သူရပ်တန့်ထားခဲ့သည့်အလုပ်ကို အခြားသူများဆက်လုပ်ဆောင်ခဲ့ကြခြင်းမှာ ဝမ်းသာစရာပင်၊ သို့ဖြစ်သောကြောင့် ယခုအခါ ခန့်မှန်းခြေအားဖြင့် လူ ၃၅၀,၀၀၀ ခန့်သည် လာဘမ်ဘူစ်ရေသို့ နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိကြသည်—⁠မာဇယ်လ်၏အိပ်မက်ပြည့်စုံလာသည်။

[Picture Credit Line on page 23]

All pictures: La Bambouseraie de Prafrance