မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစွမ်းထက်သောဗီဒီယိုခွေကို ကောင်းစွာ အသုံးပြုခြင်း

အစွမ်းထက်သောဗီဒီယိုခွေကို ကောင်းစွာ အသုံးပြုခြင်း

အစွမ်းထက်သောဗီဒီယိုခွေကို ကောင်းစွာ အသုံးပြုခြင်း

အသက် ၁၂ နှစ်သာရှိစဉ်က တီလီသည် ကျောင်း၌ သက်သေခံရန် အခွင့်အရေးတစ်ခုကို အခွင့်ကောင်းယူခဲ့သည်။ စာသင်ခန်းတွင် ဒုတိယကမ္ဘာစစ်အကြောင်းလေ့လာနေကြရာ မီးလောင်တိုက်သွင်းခြင်းအကြောင်း ပေါ်ပေါက်လာသည်။ ဤကြောက်မက်ဖွယ်ကာလအတောအတွင်း ဂျူးများသာမက ယေဟောဝါသက်သေများလည်း အပြင်းအထန် ညှဉ်းဆဲခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သူ၏ဆရာမကို တီလီပြောပြသည်။ ဆရာမသည် တီလီအား ခရမ်းရောင်တြိဂံများဗီဒီယိုခွေကို အတန်းသို့ယူလာပြီးပြရန် သဘောတူလိုက်သည်။ ဗီဒီယိုမပြမီ အတန်းသားများအား ဆရာမက ဤသို့ဆိုခဲ့သည်– “မီးလောင်တိုက်သွင်းတဲ့ကာလအတွင်း သတ်ဖြတ်ခံလိုက်ရတဲ့ ဂျူးတွေများလွန်းလို့ တခြားညှဉ်းပန်းနှိပ်စက်ခံလိုက်ရတဲ့သူတွေ လျစ်လျူရှုခံခဲ့ကြရတယ်။ အဲဒီလိုအုပ်စုတွေထဲမှာ ယေဟောဝါသက်သေတွေပါတယ်။”

ဆရာမသည် ထိုဗီဒီယိုခွေကြောင့် အလွန်စိတ်စွဲမှတ်သွားခဲ့ရာ နောက်ဆရာမတစ်ဦးကို သူ၏စာသင်ခန်းတွင် ၎င်းကိုအသုံးပြုရန် ငှားရမ်းပေးလိုက်သည်။ သူ၏စတုတ္ထတန်းမှဆရာ၏အစ်ကိုသည် မီးလောင်တိုက်သွင်းသည့်ကာလအတွင်း နာဇီများ၏လက်ချက်ကြောင့် အသတ်ခံလိုက်ရကြောင်းကို တီလီသတိရလိုက်သည်။ ထိုဆရာကိုလည်း ၎င်းဗီဒီယိုခွေယူသွားပေးခဲ့ရာ ထိုညနေချင်းတွင်ပင် ယင်းကို သူကြည့်ရှုခဲ့သည်။

လူပေါင်း ၆၀ ထက်မက ခရမ်းရောင်တြိဂံများဗီဒီယိုခွေကို ကြည့်ရှုခဲ့ကြပြီး စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ခဲ့ပြီ။ ယင်းတို့အားလုံးသည် မိမိ၏ဘာသာတရားအကြောင်း မိန်းမငယ်လေးတစ်ဦး ထုတ်ဖော်ပြောဆိုဝံ့သည့် ရဲစွမ်းသတ္တိကြောင့် ဖြစ်ပျက်ခဲ့၏။—⁠ဆာလံ ၈:⁠၂