မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်

ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်

ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်

“ငယ်ထိပ်ကို မိုးကြိုးပစ်လိုက်သလို ခံစားခဲ့ရတယ်။”—အားအင်ဆုတ်ယုတ်ကျဆင်းသည့်ရောဂါ ရှိနေကြောင်း ဂျောန်သိလိုက်ရပြီးနောက်။

“ကျွန်မအထိတ်တလန့်ဖြစ်သွားတာပဲ။”—ကျန်းမာရေးစိုးရိမ်ရကြောင်း ဘက်သ်သိရှိပြီးနောက်။

သင်၌ ကိုယ်အင်္ဂါချို့တဲ့စေသည့် နာတာရှည်ရောဂါရှိသည်၊ သို့မဟုတ် ယာဉ်တိုက်မှု ဒဏ်ရာများကြောင့် သေရာပါစွဲကျန်သည့် ချို့တဲ့မှုအကြောင်း သိလိုက်ရခြင်းက ဘဝတွင် စိတ်သောကအရောက်ရဆုံးဖြစ်သည်။ သင့်ကျန်းမာရေးအခြေအနေအကြောင်း ဆိတ်ငြိမ်သော ဆရာဝန်၏ရုံးခန်းတွင် ကြားရသည်ဖြစ်စေ၊ ဗျာများနေသော အရေးပေါ်အခန်းတွင် သင့်ကျန်းမာရေးချို့တဲ့မှုနှင့် ထိပ်တိုက်ကြုံတွေ့ရသည်ဖြစ်စေ သင်သည် မယုံနိုင်ဖွယ် ဖြစ်ကောင်းဖြစ်နေပေမည်။ သင်၏ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရကြောင်း ရုတ်တရက်ကြားလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် ပြင်းထန်သောစိတ်လှုပ်ရှားမှုများကို ရင်မဆိုင်နိုင်ဘဲဖြစ်ပေလိမ့်မည်။

မကြာမီကမှ ကျန်းမာရေးပိုဆိုးရွားလာသူများအတွက် အထောက်အကူဖြစ်မည့် အချက်အလက်များကို စုဆောင်းရန် နိုးလော့! သည် နိုင်ငံများစွာမှ နှစ်ပေါင်းများစွာ မသန်မစွမ်းဖြစ်၍ နာတာရှည်ရောဂါကို အောင်မြင်စွာရင်ဆိုင်ခဲ့သော လူအတော်များများနှင့် စကားပြောဆိုခဲ့သည်။ အဘယ်စိတ်လှုပ်ရှားမှုမျိုးကို သူတို့ခံစားခဲ့ရသနည်း။ ကျန်းမာရေးအတွက် စိုးရိမ်ရချိန်တွင် အဘယ်အရာက သူတို့ကိုကြံ့ကြံ့ခံစေခဲ့၍ စိတ်ကိုပြန်တည်ငြိမ်စေခဲ့သနည်း။ သူတို့စိတ်ကို ပြန်ထိန်းချုပ်နိုင်ရန် အဘယ်အရာများပြုလုပ်ခဲ့ရသနည်း အစရှိသောမေးခွန်းများကို သူတို့မည်သို့ဖြေဆိုမည်နည်းဟု မေးမြန်းခဲ့သည်။ လောလောဆယ်ပင် ကျန်းမာရေး စိုးရိမ်ရဖွယ်အခြေအနေရှိသူများအတွက် အကျိုးရှိစေရန် ဤလူတွေ့မေးမြန်းခန်းများမှ စုဆောင်းထားသော ကိုယ်တွေ့တင်ပြချက်များနှင့် နာတာရှည်ရောဂါများ၏ အကျိုးဆက်တို့ကို လေ့လာခဲ့သူများ၏ ရှာဖွေတွေ့ရှိချက်အချို့ကို ဤတွင်ဖော်ပြထားသည်။ *

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 မျက်နှာဖုံးပါအကြောင်းနှင့်ဆိုင်သော ဤဆောင်းပါးများသည် အထူးသဖြင့် ဖျားနာသူ သို့မဟုတ် မသန်မစွမ်းဖြစ်နေသူတို့ကို ရည်စူးပြောဆိုခြင်းဖြစ်သော်လည်း “နာတာရှည်ရောဂါ—⁠မိသားစုလိုက် ရင်ဆိုင်၍အောင်မြင်ခြင်း” (နိုးလော့! မေ ၂၂၊ ၂၀၀၀ [လိပ်]) ဆောင်းပါးများက နေမကောင်းသူကို ကြည့်ရှုပြုစုပေးရသူများအတွက် အထူးအချက်အလက်များ ပါရှိသည်။