မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရေဒီယိုသတ္တိကြွအမှုန်များ—စိုးရိမ်ရသည့်ကိစ္စတစ်ရပ်

ရေဒီယိုသတ္တိကြွအမှုန်များ—စိုးရိမ်ရသည့်ကိစ္စတစ်ရပ်

ရေဒီယိုသတ္တိကြွအမှုန်များ—စိုးရိမ်ရသည့်ကိစ္စတစ်ရပ်

၁၉၅၀ ပြည့်လွန်နှစ်များအတွင်း နျူကလီးယားလက်နက်များ စမ်းသပ်ဖောက်ခွဲမှုတို့ကြောင့် နျူကလီးယားတုံ့ ပြန်မှု ဓာတ်ဖြစ်ပစ္စည်းတစ်ခုဖြစ်သည့် စထရော်ရီယမ် ၉၀ (Sr90) ကိုကလေး၏သွားများတွင် တွေ့ ရှိခဲ့ရကြောင်း ကနေဒါနိုင်ငံ၏ ဂလို့ဘ်နှင့်စာပို့သတင်းစာက ဖော်ပြသည်။ ထိုအချိန်က ယင်းကြောင့် ကလေးများတွင် ကင်ဆာအဖြစ်များလာသည်ဟု ဆိုခဲ့ကြသည်။

ဆယ်စုနှစ်များစွာကုန်လွန်ပြီး ယခုအခါတွင် ယူ.အက်စ်. ဖြာထွက်ရောင်ခြည်နှင့် ပြည်သူ့ကျန်းမာရေးစီမံချက်နှင့်ဆက်နွှယ်သော သိပ္ပံပညာရှင်များသည် စိုးရိမ်မကင်းဖြစ်ကြပြန်သည်။ “၁၉၉၀ ပြည့်နှစ်မှစ၍ မွေးဖွားလာသည့် ကလေးများ၏သွားများတွင် (Sr90) အဆင့်သည် နျူကလီးယားလက်နက်များ စမ်းသပ်ဖောက်ခွဲသောနှစ်များအတွင်းရှိခဲ့သည့် အဆင့်သို့ရောက်နေကြောင်း” ထိုစီမံချက်တွင်ပါဝင်သူ ပြည်တွင်းဆေးဝါးအထူးကုတစ်ဦးဖြစ်သည့် ဒေါက်တာ ဂျဲနက် ရှာမန်ကရှင်းပြသည်။

(Sr90) သည်အဘယ်နေရာမှ လာသနည်း။ သိပ္ပံပညာရှင်တချို့သည် အတိတ်ကဖြစ်ခဲ့သည့် နျူကလီးယားမတော်တဆမှုများ၊ ကောင်းစွာလည်ပတ်နေသည့် နျူကလီးယားစက်ရုံများမှ ဖြာထွက်ရောင်ခြည် သို့မဟုတ် လွန်ခဲ့သည့်နှစ်များစွာက ဗုံးစမ်းသပ်ဖောက်ခွဲမှုများကို ထောက်ပြကြသည်။ * ယင်း၏ရင်းမြစ်သည် မည်သည့်အရာပင်ဖြစ်ပါစေ လူတို့သည် ညစ်ညမ်းသောအပင်များမှ အစာများစားသုံးခြင်းနှင့် ညစ်ညမ်းသောမြက်ပင်များကိုစားသုံးသည့် နွားများ၏နို့ကို သောက်သုံးခြင်းတို့အားဖြင့် Sr90 ကိုရရှိကြသည်။ Sr90 သည်ဓာတုသဘောအရ ကယ်လစီယမ်နှင့်ဆင်တူသဖြင့် လူသည် ရေဒီယိုသတ္တိကြွစေသည့်ဒြပ်များကို ၎င်းတို့၏အရိုးများတွင် သိုမှီးထားကြရာ အရိုးကင်ဆာနှင့် သွေးဆဲလ်ဖြူကင်ဆာတို့ကို တိုးပွားစေသည်။

ဂလို့ဘ်သတင်းစာကလည်း အနာဂတ်လူမျိုးဆက်သည် ဖြာထွက်ရောင်ခြည်ကြောင့် ရောဂါဖြစ်မည်ကို စိုးရိမ်ကြောင်းဖော်ပြသည်။ “ဓာတ်ပေါင်းအိုးမှဖယ်ပစ်လိုက်လျှင် [နျူကလီးယားစွန့်ပစ်ပစ္စည်း] သည် ဓာတ်ပေါင်းအိုးတွင်စထည့်သည့်အချိန်ထက် အဆတစ်သန်းခန့် ရေဒီယိုသတ္တိကြွပိုဖြစ်သည်” ဟုအဆိုပါသတင်းစာက ရှင်းပြသည်။ [ဓာတ်ပေါင်းအိုးမှ] ထုတ်ပြီးခါစအစုအပုံများသည် အသက်အန္တရာယ် အလွန်ရှိသဖြင့် ဖြာထွက်ရောင်ခြည်၏ အဆိပ်အတောက်ကြောင့် ၁ မီတာ [၃ ပေ] အကွာတွင် ရပ်နေသူတစ်ဦးသည် တစ်နာရီအတွင်းသေနိုင်၏ဟု ယူမှတ်ရသည်။”

ရေဒီယိုသတ္တိကြွအမှုန်များကျမည်ဟု စိုးရိမ်စရာရှိရာ လုံခြုံသည့်အနာဂတ်ရှိလိမ့်မည်ဟု မျှော်လင့်ခြင်းသည် လက်တွေ့ကျပါသလော။ ဤကမ္ဘာမြေကြီးနှင့် သက်ရှိသတ္တဝါများသည် ဦးဆုံးဖန်ဆင်းခံခဲ့ရချိန်က အရာရာတိုင်းသည် “အလွန်ကောင်း” ကြောင်း သမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၁:၃၁) ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်သည် မကြာမီ ပရဒိသုတစ်ခုဖြစ်လာတော့မည်ဟူသည့် သမ္မာကျမ်းစာကတိတော်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ဖြာထွက်သောရောင်ခြည်ကြောင့် ညစ်ညမ်းသည့်အစာရေစာတို့သည် အတိတ်တွင် ကျန်ခဲ့ပေတော့မည်။—⁠ဆာလံ ၆၅:၉-၁၃; ဗျာဒိတ် ၂၁:၁-၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယူကရိန်းမှ ချာနိုဘိုင်းမြို့တွင် နျူကလီးယားစက်ရုံ မတော်တဆမှုဖြစ်ပွားခဲ့သည့် ၁၉၈၆ ခုနှစ်နောက်ပိုင်းတွင် ဂျာမန်လူမျိုးကလေးများ၏သွားများတွင် Sr90 ပမာဏသည် ဆယ်ဆအထိတိုးပွားခဲ့သည်။

[Picture Credit Line on page 11]

Photo: U. S. Department of Energy photograph