မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဓာတုဗေဒ အကဲဆတ်မှု ကျွန်မအသက် ၁၇ နှစ်ရှိပါပြီ၊ “ဓာတုဗေဒပစ္စည်းများကို နေ့စဉ်အသုံးပြုခြင်း—⁠ယင်းတို့သည် သင့်ကိုဖျားနာစေသလော” (ဩဂုတ် ၈၊ ၂၀၀၀ [လိပ်]) အခန်းဆက်ဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ ဓာတုဗေဒပစ္စည်းမျိုးစုံအကဲဆတ်မှု (MCS) ရောဂါလက္ခဏာကို မကြာခင်ကမှ ကျွန်မခံစားခဲ့ရပြီး ဒီလိုရှက်စရာကောင်းတဲ့ရောဂါကို ကျွန်မတစ်ယောက်တည်းခံစားရတာမဟုတ်မှန်း သိရတဲ့အတွက် တကယ့်ကိုစိတ်သက်သာမှုရခဲ့ပါတယ်။

အက်စ်. စီ.၊ အီတလီ

အရင်တုန်းကထုတ်ဝေခဲ့တဲ့ “ညစ်ညမ်းခြင်းသည် သင့်ကို ဖျားနာစေသလော” (ဇွန် ၈၊ ၁၉၈၃ [လိပ်]) ဆောင်းပါးအကြောင်းအရာမှာ အသက်ကယ်ဆယ်ရေးအချက်အလက်တွေပါခဲ့တယ်။ ဒီကြောက်စရာကောင်းတဲ့ရောဂါက ဝိညာဏမိသားစုရဲ့ အရေးပါတဲ့ပေါင်းသင်းဆက်ဆံမှုနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတို့ကနေ ကျွန်မတို့ကိုခွဲထုတ်လိုက်တယ်။ နားလည်မှု၊ ကြင်နာထောက်ထားမှုတွေ ဘယ်လောက်ပေးပေး စိတ်ပြန်တက်ကြွလာအောင် မလုပ်ဆောင်ပေးနိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်။ ရှင်တို့ရဲ့နောက်ဆုံးထုတ်ဆောင်းပါးတွေက လူနာတွေရဲ့ ခံစားချက်အမှန်ကို ဖော်ပြပေးပါတယ်။

အမ်. ဂျေ.၊ ပြင်သစ်

ကျွန်မကိုကူညီပေးနိုင်တဲ့ ဆရာဝန်နဲ့မတွေ့ခင် တစ်နှစ်ကျော်ကျော်လောက် ကျွန်မဖျားနေခဲ့တယ်။ အဲ့ဒီအတောအတွင်း ကျွန်မရဲ့မိတ်ဆွေတွေဟာ ကြင်နာမှုပြခဲ့ကြတယ်၊ အပြစ်တင်ဝေဖန်တာတွေ မလုပ်ခဲ့ကြဘူး၊ ဒါပေမဲ့ သူတို့တကယ်နားမလည်ခဲ့ကြဘူးလို့ ကျွန်မပြောနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီလောက်များတဲ့ အကြောင်းအရာတွေကို သိမြင်နားလည်စေတဲ့ အဖွဲ့အစည်းအဝင်ဖြစ်ရတာ တကယ့်ကိုဝမ်းသာစရာပါပဲ။

အက်စ်. ဘီ.၊ အမေရိကန်ပြည်ထောင်စု

MCS ကြောင့်ကျွန်မရောဂါခံစားနေရတယ်၊ အခြေအနေ၊ အကျိုးဆက်တွေနဲ့ပတ်သက်ပြီး ဒီလောက်အသေးစိတ်ကျကျနဲ့ တစ်ဖက်စောင်းနင်းမဖြစ်အောင်ဖော်ပြထားတာမျိုး တစ်ခါမှမဖတ်ဖူးဘူး။ ကုသမှုအထောက်အကူအနေနဲ့ မေတ္တာနဲ့ ရယ်မောခြင်းကို “ဆေးညွှန်း” အဖြစ်ပေးထားတာ ကျွန်မကြိုက်တယ်။ တခြားသူတွေဆီက တော်ရုံသင့်ရုံမျှော်လင့်ဖို့ သတိပေးချက်တွေကလည်း လက်တွေ့ကျပါတယ်။

ဒီ. ဂျီ.၊ အမေရိကန်ပြည်ထောင်စု

ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ နယ်လှည့်အမှုဆောင်အဖြစ် အမှုဆောင်ခဲ့တဲ့ဆယ်နှစ်ကျော်ကာလမှာ MCS ကြောင့် ရောဂါခံစားနေရတဲ့သူ အတော်များများနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ ဒီရောဂါဟာ တကယ်ရှိနေတဲ့ရောဂါဖြစ်ပြီး စိတ်ကြောင့်ဖြစ်တဲ့ရောဂါမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ခါတိုင်းလိုပါပဲ နိုးလော့!မဂ္ဂဇင်းဟာ ရောဂါအကြောင်းကိုဖော်ပြရုံသက်သက်မဟုတ်ဘဲ လူနာတွေအပေါ် ကြင်နာမှု၊ မေတ္တာနဲ့ ထောက်ထားစာနာမှုတင်ပြနိုင်တဲ့ လက်တွေ့ကျတဲ့အကြံပြုချက်တွေကိုလည်း ဖော်ပြပေးထားတယ်။

တီ. အမ်.၊ အမေရိကန်ပြည်ထောင်စု

ကိုယ်ခန္ဓာပေါ် အရုပ်ရေးအလှဆင်ခြင်း “သမ္မာကျမ်းစာရှုထောင့်– ကိုယ်ခန္ဓာပေါ်တွင် အရုပ်ရေးအလှဆင်ခြင်း—⁠သင့်တင့်စွာပြုတတ်သည့်သဘောရှိရန်လိုအပ်” (ဩဂုတ် ၈၊ ၂၀၀၀ [လိပ်]) ဆောင်းပါးကြောင့် စာရေးရတာပါ။ ကိုယ်ခန္ဓာပေါ် ဆွဲဆောင်မှုရှိတဲ့အရုပ်ရေးဆွဲ အလှဆင်ခြင်းဟာ လှပတဲ့—⁠အနုပညာလက်ရာတစ်ခုဖြစ်တယ်။ အသင်းကလူတွေကတော့ ကျွန်မရဲ့ပုံကိုကြည့်ပြီး ဝေဖန်ဆုံးဖြတ်၊ ခွဲခြားကြမှာဖြစ်ပေမဲ့ ဘုရားသခင့်ရဲ့အမြင်မှာ ကျွန်မဟာချစ်မြတ်နိုးခံရတယ်ဆိုတာ ကျွန်မသိထားတယ်။ တခြားသူတွေက ကျွန်မရဲ့ဆေးမင်ကြောင်တွေကို နှစ်သက်ကြမှာမဟုတ်ပေမဲ့ ကျွန်မရဲ့အတွင်းစိတ်ကိုကြည့်မယ်လို့ မျှော်လင့်ပါတယ်၊ အဲ့ဒီလိုကြည့်ဖို့ ဆုတောင်းပါတယ်။

ကေ. အမ်.၊ အမေရိကန်ပြည်ထောင်စု

လူတစ်ဦးဟာ ကိုယ်ခန္ဓာပေါ် အရုပ်ရေးအလှဆင်မယ်၊ မဆင်ဘူးဆိုတဲ့ကိစ္စဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဆောင်းပါးက အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ လူတစ်ဦးရဲ့ အတွင်းအလှကို ထင်ရှားပေါ်လွင်စေတဲ့ နည်းတစ်နည်းက ‘မိမိကိုယ်ကို ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းဖြင့် တန်ဆာဆင်ခြင်း’ ဖြစ်တယ်။ (၁ တိမောသေ ၂:⁠၉) အဲ့ဒီအပြင် ခရစ်ယာန်တစ်ဦးဟာ မိမိကိုယ်တိုင်ရဲ့သိစိတ်လောက်နဲ့မဟုတ်ဘဲ “အခြားသောသူ၏စိတ်” ကိုပါထည့်တွက်ဖို့တာဝန်ရှိတယ်လို့ သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ (၁ ကောရိန္သု ၁၀:၂၉)—⁠အယ်ဒီတာ။

ဘာသာစကား “ဘာသာစကားများ—⁠ဆက်သွယ်ရေးအတွက် တံတားများနှင့် တံတိုင်းများ” (ဩဂုတ် ၈၊ ၂၀၀၀ [လိပ်]) ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ဘာသာစကားတွေဟာ ကျွန်မကို အမြဲတမ်း ညှို့ယူဖမ်းစားခဲ့တယ်၊ ဥရောပဘာသာစကားငါးမျိုးကို ကျွန်မပြောတတ်နေပြီ။ အခု စင်ဟာလာဘာသာစကားကို ကျွန်မသင်နေတယ်။ ဒါပေမဲ့ ဘာသာစကားတစ်ခုကို သင်ယူခြင်းဟာ တခြားယဉ်ကျေးမှုတွေအတွက်တံတားခင်းပေးနိုင်ပြီး သမ္မာကျမ်းစာသွန်သင်ချက်ဖြစ်တဲ့ “စင်ကြယ်တဲ့ဘာသာစကား” ပေးကမ်းစေနိုင်တဲ့အတွက် ကျွန်မတကယ်စိတ်လှုပ်ရှားမိတယ်!—⁠ဇေဖနိ ၃:⁠၉

စီ. ဘီ.၊ အီတလီ

ဝမ်းနည်းပူဆွေးမှု “ဝမ်းနည်းပူဆွေးကြောင်း ဖော်ပြသင့်သလော” (ဩဂုတ် ၈၊ ၂၀၀၀ [လိပ်]) ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်တို့ရဲ့သားတစ်ယောက်ကို ဆုံးရှုံးခဲ့တဲ့အတွက် အဲ့ဒီအကြောင်းအရာဟာ ကျွန်တော်တို့ရဲ့နှလုံးကို ထိမိခဲ့တယ်။ ကျွန်တော်တို့ အခုထိ မျက်ရည်ကျနေဆဲ၊ ဝမ်းနည်းနေဆဲဖြစ်ပေမဲ့ ဒီလိုမျိုးဆောင်းပါးတွေက ကျွန်တော်တို့ကို ရှေ့ဆက်လျှောက်ဖို့ ခွန်အားပေးတယ်။

ဂျေ. အေ. နှင့် အယ်လ်. အေ.၊ အမေရိကန်ပြည်ထောင်စု