မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော

ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော

ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော

“လူတို့သည် လူဝံမှ ပင်လယ်စင်ရော်ငှက်၊ ပုစဉ်းတိုင်အောင် သတ္တဝါမျိုးစုံကို မြန်မြန်ဆန်ဆန် မျိုးသုဉ်းအောင်တွန်းပို့နေကြရာ ကျွန်ုပ်တို့၏ဆက်လက်အသက်ရှင်ရေးကို မိမိတို့ဘာသာဘေးသင့်စေလျက်ရှိသည်” ဟု ကနေဒါနိုင်ငံထုတ် သည်ဂလုပ်အင်မေးလ် သတင်းစာကဖော်ပြသည်။ သတင်းစာ၏ဖော်ပြချက်များသည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ (အိုင်ယူစီအဲန်) မှထုတ်ပြန်သည့် ခြိမ်းခြောက်ခံနေရသောမျိုးစိတ်များ၏ ၂၀၀၀ ပြည့်နှစ် အိုင်ယူစီအဲန် အန္တရာယ်စာရင်း နှင့်ပတ်သက်နေသည်။ အန္တရာယ်စာရင်းက အပင်နှင့်တိရစ္ဆာန်မျိုးစိတ် ၁၁,၀၀၀ ကျော်သည် မျိုးသုဉ်းမည့်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်ဟု သတိပေးသည်။ နို့တိုက်သတ္တဝါများသည် အန္တရာယ်အရှိဆုံးအခြေအနေတွင်ရှိ၏။ “ယနေ့ကမ္ဘာပေါ်အသက်ရှင်နေသည့် နို့တိုက်သတ္တဝါလေးမျိုးတွင် တစ်မျိုးနီးပါး—⁠သို့မဟုတ် ၂၄ ရာခိုင်နှုန်း—⁠သည် မျိုးသုဉ်းမည့်အခြေအနေသို့ ဆိုက်ရောက်နေသည်” ဟု ဂလုပ် ကဖော်ပြသည်။

မည်သည့်အတွက်ကြောင့် ဤအရေးကိစ္စပေါ်ပေါက်ရသနည်း။ သိပ္ပံပညာရှင်များက ဤမျိုးစိတ်များ လျင်မြန်စွာပျောက်ကွယ်နေရခြင်းမှာ အပြည်ပြည်ဆိုင်ရာ အိမ်မွေးတိရစ္ဆာန်ကုန်သွယ်မှု၊ ငါးမျှားတန်းချသောလုပ်ငန်းများနှင့် သင့်လျော်သောကျက်စားရာဒေသများနည်းပါးလာခြင်းကြောင့်ဟု ထောက်ပြကြသည်။ ထို့အပြင် သစ်တောရိုင်းများကိုဖြတ်၍ လမ်းများပိုမိုဖောက်လုပ်လာသည်နှင့်အမျှ “လူတို့သည် ယခင်က မရောက်နိုင်သည့် တောရိုင်းတိရစ္ဆာန်များထံ ပိုမိုရောက်ရှိလျက်ရှိကြသည်။ ထို့နောက် လူတို့သည် ၎င်းတို့ကိုသတ်စားကြသည်။ ဤသို့သာပြုလုပ်သွားမည်ဆိုလျှင် မျိုးစိတ်များပျောက်ကွယ်သွားမည်ဖြစ်သည်။”

သိပ္ပံပညာရှင်များက ယင်းသည် လူသားများအတွက်လည်း အန္တရာယ်ရှိသည်ဟု သတိပေး၏။ “ကျွန်ုပ်တို့သည် မျိုးစိတ်များကို မျိုးသုဉ်းအောင်တွန်းပို့နေသည်နှင့်အမျှ ကျွန်ုပ်တို့၏အသက်ထောက်ပံ့မှုစနစ်ကို ပျက်ပြားစေလျက်ရှိကြသည်။ ကမ္ဘာသည် တိရစ္ဆာန်ဥယျာဉ်များရှိ သက်ရှိအားလုံးလောက်နှင့်တော့ ဆက်လက်တည်ရှိနိုင်မည်မဟုတ်ပါ” ဟု ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ၏ မျိုးစိတ်များဆက်လက်ရပ်တည်ရေးကော်မရှင် သဘာပတိ ဒေးဗစ် ဘရက်ကက် ကဆိုသည်။

အိုင်ယူစီအဲန်အစီရင်ခံစာက ကမ္ဘာ့လူသားထုအား “ဤအရေးကိစ္စဖြေရှင်းရန် လူအင်အားနှင့် ငွေအင်အားကို လက်ရှိအဆင့်ထက် ၁၀ ဆနှင့် အဆ ၁၀၀ ကြားအထိ အသင့်စုဆောင်းထားရမည်” ဟုဆော်သြသည်။ သို့သော် ဝမ်းနည်းစရာမှာ လောဘစိတ်သည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏အရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အရင်းခံကြိုးစားမှုများအတွက် အတားအဆီးဖြစ်လေ့ရှိသည်။

ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော။ ပထမလူသားများနှင့် ၎င်းတို့၏သားသမီးများသည် ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ပေါ်ရှိ သက်ရှိအမျိုးမျိုးကို ကြည့်ရှုစောင့်ရှောက်ရန် တာဝန်ပေးအပ်ခံခဲ့ကြသည်။ “ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၂:၁၅) လူသည် တာဝန်ပျက်ကွက်နေသော်လည်း ကမ္ဘာမြေကြီးနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်မူကား ပြောင်းလဲမသွားချေ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ်ကို ဂရုစိုက်တော်မူကာ ဂရုမစိုက်မှု သို့မဟုတ် လောဘကြီးမှုတို့ကြောင့် ပျက်စီးသွားရန် ခွင့်ပြုမည်မဟုတ်ပေ။ (ဗျာဒိတ် ၁၁:၁၈) ကိုယ်တော့်နှုတ်မြွက်တော်က ဤသို့ကတိပြုသည်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—⁠ဆာလံ ၃၇:⁠၂၉

[Picture Credit Line on page 31]

U.S. Fish & Wildlife Service, Washington, D.C./J.D. Pittillo