မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တောက်ပသောမျှော်လင့်ချက်ရှိသည့် မိန်းကလေးတစ်ဦး

တောက်ပသောမျှော်လင့်ချက်ရှိသည့် မိန်းကလေးတစ်ဦး

တောက်ပသောမျှော်လင့်ချက်ရှိသည့် မိန်းကလေးတစ်ဦး

နိုးလော့! ထုတ်ဝေသူများသည် စတီဖနီ အမည်ရှိ အသက် ၁၂ နှစ်အရွယ်မိန်းကလေးတစ်ဦးထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ သူဤသို့ရေးခဲ့သည်– “ဒီစာပေတွေဟာ ကျောင်းမှာ ကျွန်မကို ဘယ်လောက်တောင် အထောက်အကူပြုခဲ့သလဲဆိုတာ ပြောပြချင်တယ်။ မကြာသေးမီက ‘ယဉ်ကျေးမှုကွဲပြားခြားနားခြင်း’ ဆိုတဲ့အကြောင်းအရာနဲ့ သုတေသနပြုဖို့ ကျွန်မတို့တာဝန်ရရှိခဲ့ကြတယ်။ ကျွန်မနဲ့ ကျွန်မရဲ့မိသားစုဟာ စာအုပ်တွေကို ရှာဖွေလေ့လာကြည့်ပြီး အကြောင်းအရာနဲ့ကိုက်ညီတဲ့ စာသားနဲ့ ရုပ်ပုံတွေကို ဖြတ်ယူတယ်။ ပြီးတော့ ကျွန်မရှာတွေ့ထားတဲ့အရာတွေကို ကြော်ငြာသင်ပုန်းပေါ်မှာ ကော်နဲ့ကပ်ထားလိုက်တယ်။” စတီဖနီ၏ဆရာမက အတန်းသားများအား အကောင်းဆုံးဟု သူတို့ယူဆသည့် သုတေသနပြုမှုငါးခုကို ရွေးခိုင်းသည်။ “နောက်တစ်နေ့ရောက်တော့ ကျွန်မရဲ့သုတေသနပြုချက်ဟာ ထိပ်ဆုံးငါးခုထဲမှာပါနေတာ တွေ့လိုက်ရတယ်” ဟူ၍စတီဖနီက ရေးသည်။

စတီဖနီ ရွေးချယ်ခဲ့သည့်အရာများအနက်တစ်ခုမှာ “လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြပါဦးမည်လော” ဟူ၍ မျက်နှာဖုံးခေါင်းစီးပါသည့် အောက်တိုဘာ ၂၂၊ ၁၉၉၈၊ နိုးလော့! [လိပ်] ဖြစ်သည်။ ယေဟောဝါသက်သေတစ်ဦးအနေနှင့် စတီဖနီသည် ယဉ်ကျေးမှုအမျိုးမျိုးကွဲပြားသည့်လူတို့ ငြိမ်းချမ်းစွာအတူတကွနေထိုင် နိုင် ကြောင်း အခိုင်အမာယုံကြည်သည်။ မှန်ပါသည်၊ သူသည် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတစ်ခုအဝင်ဖြစ်သည်။ ၎င်းတွင် ကျမ်းစာအမှန်တရားကြောင့် စည်းလုံးလာကြသည့်—⁠တွတ်စီနှင့်ဟူတူ၊ ဂျာမန်နှင့်ရုရှား၊ အာမေးနီးယန်းနှင့် တူရကီလူမျိုး၊ ဂျပန်နှင့် အမေရိကန်တို့အပါအဝင်—⁠ယခင်က ရန်သူဖြစ်ခဲ့ကြသူများ ပါဝင်သည်။ သူတို့သည် ၎င်းတို့၏ဖန်ဆင်းရှင်ကိုတုပရန် စုပေါင်းကြိုးစားကြသည်။ မည်သည့်နည်းဖြင့်နည်း။ သူ၏သုတေသနပြုမှုတွင် စတီဖနီအသုံးပြုခဲ့သည့် ကျမ်းချက်တစ်ချက်က ဤသို့အဖြေပေးသည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။” (တမန်တော် ၁၀:၃၄၊ ၃၅) ယေဟောဝါသက်သေများသည် အခြားသူများနှင့်ဆက်ဆံရာတွင် အလားတူမျက်နှာမလိုက်မှုကို ပြသရန် ကြိုးစားကြသည်။

ဘုရားသခင့်နိုင်ငံတော်သည် မကြာမီ ကျွန်ုပ်တို့၏ကမ္ဘာမြေအတွက် ဖြောင့်မတ်သောအခြေအနေများကို ဆောင်ကြဉ်းပေးမည်ဟူသော ကျမ်းစာကတိတော်ပြည့်စုံလာချိန်ကို စတီဖနီ စောင့်မျှော်လျက်ရှိသည်။ (ဗျာ. ၂၁:၃၊ ၄) အနာဂတ်ကို ကြောက်ရွံ့မှုနှင့် မရေရာမှုတို့ဖြင့် လူငယ်များစွာတို့ ရင်ဆိုင်နေရသောလောကတွင် သူသည် တောက်ပသော မျှော်လင့်ချက်ရှိသူတစ်ဦးအဖြစ် ထင်ပေါ်လျက်ရှိသည်။