မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခံတွင်းကောင်းသည့် လှုပ်လှုပ်ရွရွ “ခွဲစိတ်ကုဆရာဝန်များ”

ခံတွင်းကောင်းသည့် လှုပ်လှုပ်ရွရွ “ခွဲစိတ်ကုဆရာဝန်များ”

ခံတွင်းကောင်းသည့် လှုပ်လှုပ်ရွရွ “ခွဲစိတ်ကုဆရာဝန်များ”

လူတချို့အတွက် အော်ကလီဆန်ဖွယ်ဖြစ်နိုင်သော်လည်း တတ်စွမ်းသည့် ကျန်းမာရေး “ခွဲစိတ်ဆရာဝန်” ပြန်လည်အသက်ဝင်လာလျက်ရှိသည်၊ နိမ့်ကျသည့် လောက်ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းရှိ ဆရာဝန်များသည် ခြေထောက်အနာခွက်များရှိသည့် လူနာ ၁၂ ဦးကို ရှေ့ပြေးလေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဂျာနယ် (ဂျေအေအမ်အေ) တွင်ဖော်ပြထားသည်။ ခြောက်ဦးကို သမားရိုးကျဟိုင်ဒရိုကုထုံးဖြင့်ကုသခဲ့ပြီး ခြောက်ဦးကိုမူ လောက်များတွယ်စေ၍ ကုသခဲ့ကြသည်။ *

“လောက်ကုထုံးခံယူသည့် လူနာခြောက်ဦးစလုံးသည် ၃ ရက်တည်းနှင့် အနာများကျက်သွားခဲ့သည်” ဟုဂျေအေအမ်အေကဆိုသည်။ သမားရိုးကျကုသခံရသူတို့အနက် “နှစ်ဦးသာ တစ်လကြာကုသမှုခံယူပြီးနောက် အနာကျက်ခဲ့သည်; အခြားသူလေးဦးမှာမူ ဆေးကုသမှု နောက်ထပ်ခံယူရန်လိုအပ်ခဲ့သည်။” လောက်ကုထုံးသည် “သမားရိုးကျကုထုံးများနှင့် ယှဉ်လိုက်လျှင် ကုသချိန်ကို ထူးခြားစွာ လျော့နည်းစေနိုင်” ပြီး “စရိတ်လည်း ဟိုင်ဒရိုကုထုံးထက် ထက်ဝက်ကျော်မျှ သက်သာကြောင်း” ဗြိတိသျှဆေးဂျာနယ် သည်လန်ဆက်တ်ကဆို၏။

လောက်ကုထုံးဖြင့်—⁠ဥပမာ၊ အသားပုပ်ဆွေးသည့်အနာကို—⁠ကုသမည်ဆိုလျှင် ဆရာဝန်များသည် မြုံသောလောက်ပေါက်စများကို အနာထဲသို့ထည့်လိုက်သည်ဟု ဂျေအေအမ်အေကဆိုသည်။ (ဆရာဝန်များသည် တစ်သျှူးကောင်းကို မထိခိုက်မည့်လောက်မျိုးကိုသာ အသုံးပြုကြသည်။) ထို့နောက် အနာကို ပါးလွှာသောနိုင်လွန်ပတ်တီးနှင့် အရည်ပျော်တစ်သျှူးသေတို့ကိုခံဖို့ အရည်စုပ်ပိတ်ကျဲပတ်တီးတို့ဖြင့် ပတ်စည်းထားသည်။ လောက်များ အာသာပြေသွားသည့်အခါ ၎င်းတို့ကိုထုတ်ပစ်လိုက်ပြီး အနာလုံးလုံးမကျက်မီအထိ အသစ်သောလောက်များကို ထပ်ထည့်သည်။ ထို့နောက် ကျန်ရှိသည့်ကောင်းသောတစ်သျှူးသို့ သွေးစီးဆင်းရာ အသားသစ်ကိုဖြစ်ပေါ်စေသည်။

“လောက်တွေကို ငြင်းပယ်တဲ့လူနာဆိုလို့ ကျွန်တော်တို့ တစ်ခါမှမကြုံဖူးသေးဘူး။ အော်ကလီဆန်တဲ့သူတွေက လူနာတွေမဟုတ်ဘဲ ဆေးဝန်ထမ်းတွေဖြစ်နေတယ်” ဟုသွေးကြောခွဲစိတ်ဆရာဝန် မိုက်ကယ်ဝေါလ်ကာကဆို၏။ ယူနိုက်တက်ကင်းဒမ်းအပြင် ယူနိုက်တက်စတိတ်နှင့် ကနေဒါနိုင်ငံတို့တွင်လည်း တချို့သောဆေးရုံများ၌ လောက်ကုထုံးကို အသုံးပြုနေကြသည်။ “ယူအက်စ်အေတွင် လောက်ကုထုံးခံယူလိုသည့်လူနာများသည် ယင်းကုထုံးဖြင့် တလိုတလားကုသပေးမည့်ဆရာဝန်များထက် ပိုများပြားလျက်ရှိသည်” ဟုလန်ဆက်ဂျာနယ်တွင် ဖော်ပြထားသည့် ဆရာဝန်တစ်ဦးကဆိုသည်။

လောက်ကုထုံးကို မတော်တဆတွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။ “စစ်သားများ၏ လောက်တွယ်သည့်ဒဏ်ရာများသည် မတွယ်သည့်ဒဏ်ရာများထက် ပျောက်ကင်းလွယ်ကြောင်း စစ်မြေပြင်ရှိဆရာဝန်များ တွေ့ ရှိခဲ့ကြသည်၊ မကြာမီ လောက်ကုထုံးပေါ်လာမည်” ဟုဆေးသိပ္ပံမဂ္ဂဇင်းက ဆိုသည်။ ယခုအခါ ယူနိုက်တက်စတိတ်နှင့် ဥရောပတို့မှ ရာနှင့်ချီသောဆေးရုံများတွင် ယင်းကုထုံးကို အသုံးပြုနေကြပြီဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤကုထုံးသည် သွေးစုပ်စေဖို့ မျှော့များအသုံးပြုသည့်ကုထုံးနှင့် မတူချေ။ ဇွန် ၁၅၊ ၁၉၈၂ ခုနှစ်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၁ ရှု။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

လက်ချောင်းပေါ်တွင် တွေ့ရသော လောက်တချို့ (ပုံမှန်အရွယ်)

[Credit Line]

Picture copyright SMTL, http://www.smtl.co.uk/

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

မတိုင်မီ

ပြီးနောက်

[Credit Line]

Photos by R. Sherman, University of California, Irvine