မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကျွန်စာရင်း “ကမ္ဘာ့ဖြစ်ရပ်အကဲခတ်” ပါ “ရာဇဝတ်မှု၏တိုးပွားနှုန်းအမြန်ဆုံးလုပ်ငန်း” (ဒီဇင်ဘာ ၂၂၊ ၂၀၀၀ [လိပ်]) သတင်းပိုဒ်ပါ အချက်အလက်ကြောင့် ကျွန်တော် အလွန်ပင်စိတ်မကောင်း ဖြစ်မိသည်။ ယင်းသတင်းပိုဒ်တွင် ကျွန်စနစ်အနှစ် ၄၀၀ ကာလအတွင်း အာဖရိကမှ ကျွန် ၁၁.၅ သန်းကို တင်ပို့ခဲ့သည်ဟု ဖော်ပြထားသည်။ ၁၈၆၅ ခုနှစ်တွင် ယူနိုက်တက်စတိတ်၌ ကျွန်စနစ်အဆုံးတိုင်ခဲ့သည်။ လွန်ခဲ့သောအနှစ်လေးရာဆိုလျှင် ၁၄၆၅ ခုနှစ်ဖြစ်ပြီး ဂျိမ်းစ်တောင်းကိုလိုနီစနစ်ပင် မတည်ထောင်မီ နှစ်များစွာက ဖြစ်ပေမည်!

အမ်.ဘီ.၊ ယူနိုက်တက်စတိတ်

“ဗြိတဲန်နစ်ကာစွယ်စုံကျမ်း” အရ အာဖရိကကျွန်ကုန်ကူးမှုသည် “၁၄၅၀ ပြည့်လွန်နှစ်များလောက်ကတည်းမှ” စတင်ခဲ့သည်။ ကာရစ်ဘီယံနှင့် ယူနိုက်တက်စတိတ်သို့ ကျွန်ကုန်ကူးမှု ရောက်ရှိမလာမီ နှစ်ပေါင်းများစွာက အတင်းခေါ်ဆောင်သွားခံရသောအာဖရိကန်များသည် အတ္တလန္တိတ်ရှိကျွန်းများပေါ်သို့ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ခေါ်ဆောင်ခံခဲ့ရသည်။—⁠အယ်ဒီတာ။

သက်သေခံကတ်ပြားခိုးခြင်း သင်တို့ရဲ့ “သက်သေခံကတ်ပြားကို သူတို့ခိုးနိုင်” (မတ် ၂၂၊ ၂၀၀၁ [လိပ်]) ဆောင်းပါးကို စိတ်ဝင်တစားနဲ့ ကျွန်မဖတ်ရှုခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်မရဲ့စာရင်းရှင်နံပါတ်ကို ခိုးထားလို့ ချက်အတုတွေလုပ်ပြီး ဒေါ်လာ ၈၀၀ နီးပါး သုံးသွားတယ်! အဲဒီအခြေအနေကိုညှိယူဖို့ အချိန်အများကြီး ကုန်သွားတယ်—⁠စာရင်းကိုပိတ်၊ အသစ်ဖွင့်ပြီးတော့ ရဲကိုတိုင်လိုက်တယ်။ ကိုယ်ရေးအချက်အလက်တွေပေးတဲ့အခါ ဂရုစိုက်ဖို့ သင်ခန်းစာရသွားတယ်။

ဒီ.အက်စ်.၊ ယူနိုက်တက်စတိတ်

ကျွန်မခင်ပွန်း အလုပ်ကိစ္စနဲ့ခရီးထွက်နေတုန်း ကျွန်မတို့ရဲ့ အကြွေးဝယ်ကတ်တွေ၊ ချက်လက်မှတ်စာအုပ်တွေထည့်ထားတဲ့ သူ့ရဲ့လက်ဆွဲအိတ် အခိုးခံခဲ့ရတယ်။ ကျွန်မတို့ရဲ့ဒေသမှာရှိတဲ့ အကြွေးဝယ်အစိုးရရုံးရဲ့ လိမ်လည်မှုရေးရာဌာနတွေကို ဆက်သွယ်ခြင်းအပါအဝင် ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သက်သေခံကတ်ပြားခိုးခြင်းဆောင်းပါးမှာ အတိအကျဖော်ပြပေးထားတယ်။ အဲဒါက သူခိုးတွေကို နောက်ထပ်အကြွေးဝယ်ကတ်ထပ်မဖွင့်နိုင်အောင် တားဆီးပေးခဲ့တယ်။ ကိုယ့်ဘာသာဆိုရင် ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။

အိပ်ခ်ျ.စီ.၊ ယူနိုက်တက်စတိတ်

နေ နေ၊ လ၊ ကြယ်နဲ့ ကျွန်မတို့ရဲ့လှပတဲ့ကမ္ဘာကြီးအတွက် ယေဟောဝါကို အမြဲကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒါတွေနဲ့ပတ်သက်လို့ ကျွန်မ သိပ်မစဉ်းစားမိဘူး။ “ကျွန်ုပ်တို့နေ၏ ထူးခြားသောသဘာဝ” (မတ် ၂၂၊ ၂၀၀၁ [လိပ်]) ဆောင်းပါးကို ဖတ်ပြီးတဲ့အခါ ဘုရားသခင်ရဲ့ရက်ရောပြီး အဖိုးမဖြတ်နိုင်တဲ့ ဆုမွန်တွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချီးမွမ်းဖို့ လှုံ့ဆော်ခံခဲ့ရတယ်။

ဘီ.ပီ.၊ ယူနိုက်တက်စတိတ်

ကျွန်တော့်အသက် ကိုးနှစ်ပါ၊ နေအကြောင်းရေးထားတဲ့ဆောင်းပါးလို စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်နိုးလော့!ဖတ်တဲ့အခါ တကယ်ပဲ အများကြီးနားလည်သိရှိသွားတယ်။

အေ.ဘီ.၊ ယူနိုက်တက်စတိတ်

ဆံပင် ကျွန်မက ဆံပင်အလှပြုပြင်ပေးသူဖြစ်ပြီး “သင့်ဆံပင်ကို အနီးကပ်ကြည့်ရှုခြင်း” (ဧပြီ ၈၊ ၂၀၀၂) ဆောင်းပါးကို ဖတ်တော့ တော်တော်ကြိုက်သွားတယ်။ ကျွန်မရဲ့အလုပ်ရှင်ကို တစ်စောင်ပေးခဲ့တယ်။ သူလည်း စွဲမှတ်သွားပြီး အလုပ်က တခြားမိန်းကလေးတွေကို ပေးခဲ့တယ်။ လက်တွေ့ကျတဲ့အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။

ဒီ.အယ်လ်.၊ ရိုမေးနီးယား

အရင်ဆောင်းပါး “ဆံပင်ကျွတ်ရောဂါ—⁠ဆံပင်ကျွတ်ခြင်းကို အမှုမဲ့နေထိုင်ခြင်း” (ဧပြီ ၂၂၊ ၁၉၉၁ [လိပ်]) ကိုညွှန်းပေးတဲ့ အောက်ခြေမှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ၁၇ နှစ်တာအတွင်းမှာ အဲဒီပြဿနာနဲ့ ကျွန်မနေထိုင်ခဲ့တယ်။ အပြင်ပန်းအသွင်အပြင်ကို အရေးအကြီးဆုံးလို့ယူဆပြီး ကွာခြားနေတဲ့သူမှန်သမျှကို ငြင်းပယ်တတ်ကြတဲ့လောကမှာ ကျွန်မကို ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းတို့က ထောက်မပေးတယ်ဆိုတာသိရလို့ အားရှိစရာပဲ။

အမ်.ဂျီ.၊ အီတလီ

အနုပညာရှင်၏ဘဝအတ္ထုပ္ပတ္တိ ကျွန်တော်ဟာ ယေဟောဝါသက်သေများရဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းဆောင်နေပြီး ခရစ်ယာန်တစ်ယောက်အဖြစ် ဘယ်တော့မှ သိပ်တိုးတက်မှုမရှိခဲ့တဲ့ ဖခင်ရှိတဲ့မိသားစုတစ်စုကို သိကျွမ်းထားတယ်။ သူဟာ လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ စစ်လေယာဉ် ပုံစံထုတ်တဲ့ဝါသနာ ရှိနေတယ်။ သူ့ရဲ့ကွန်ပျူတာမှာ လေယာဉ်ချင်းအနီးကပ်တိုက်ပွဲတွေ ကစားလေ့ရှိပြီး ရန်သူ့စစ်လေယာဉ်ကိုပစ်ချဖို့ နာရီနဲ့ချီ အချိန်ကုန်လေ့ရှိတယ်။ ကျွန်တော်တို့ သူ့ကို စစ်နဲ့ပတ်သက်လို့ သူ့ရဲ့သဘောထားပြောင်းလဲဖို့လိုတယ်ဆိုတာ သဘောပေါက်အောင် ကူညီပေးဖို့ ကြိုးစားခဲ့ကြတယ်။ အခု “စစ်အစား ငြိမ်းချမ်းရေးကို ဂုဏ်တင်ခြင်း” (ဧပြီ ၈၊ ၂၀၀၁ [လိပ်]) လို့ခေါ်တဲ့ ဒေါ်ရိုသီ ဟိုလီရဲ့ သိပ်ကောင်းတဲ့ဘဝအတ္ထုပ္ပတ္တိ ကျွန်ုပ်တို့ရရှိထားတယ်။ သူနဲ့အဲဒီအကြောင်း ဆွေးနွေးဖို့ စီစဉ်ထားတယ်။

ပီ.ပီ.၊ ဒိုမီနီကန်ပြည်ထောင်စု