မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျောင်းသားများ မကြာခဏ ရှာဖွေဖတ်ကြ”

“ကျောင်းသားများ မကြာခဏ ရှာဖွေဖတ်ကြ”

“ကျောင်းသား​များ မကြာခဏ ရှာဖွေ​ဖတ်​ကြ”

ကျောင်းသား​များသည် နိုးလော့! မဂ္ဂဇင်း​ကို အလွန်​စိတ်ဝင်စား​ကြ​ကြောင်း ဘရာဇီး​နိုင်ငံ၊ မီ​နာ ဇာ​ရ​စ္စ​ပြည်နယ်၊ ဒါ​ဗာ​နော့​ပါ​လာ​စ်​မြို့မှ စာကြည့်တိုက်​မှူး​တစ်ဦး​က ဘရာဇီး​နိုင်ငံ​မှ ယေဟောဝါသက်သေ​များ​၏ ရုံး​များ​သို့ စာရေး​ခဲ့​သည်။ သူ​ဤသို့​ပြောပြ​ခဲ့​သည်–

“ကျွန်တော်​အလုပ်​လုပ်တဲ့ မြူ​နီ​စီ​ပယ်​ကျောင်းစာ​ကြည့်​တိုက်​ကို လှူဒါန်း​တဲ့ [ယေဟောဝါသက်သေ​တွေ] ထုတ်ဝေတဲ့ စာအုပ်​တွေ​နဲ့ မဂ္ဂဇင်း​တွေ​ကို ရံဖန်ရံခါ ကျွန်တော်​တို့​ရရှိ​ကြတယ်။ ဒီမှာ ယေဟောဝါသက်သေ​ကျောင်းသား​တစ်ယောက်မှ မရှိကြ​ပေမဲ့ အကြောင်းအရာ​အမျိုးမျိုးကို သုတေသန​ပြု​နေကြ​တဲ့ ကျောင်းသား​တွေ​က မကြာခဏ​ဆို​သလို နိုးလော့! မဂ္ဂဇင်း​ကို ရှာဖွေ​ဖတ်​ကြတယ်။ ဥပမာ​ပြော​ရ​ရင်၊ ၂၀၀၀၊ စက်တင်ဘာ ၈ ရက် [လိပ်] ထုတ်​စာစောင်​မှာ အိုလံပစ်​အားကစား​အကြောင်း သိကောင်းစရာ​ဆောင်းပါး​တွေ​ပါ​တာ​မို့ တော်​တော့်​ကို​အသုံးဝင်​ခဲ့တယ်။ ဒါ​ကြောင့် နိုးလော့! စာစောင်​အမျိုးမျိုးနဲ့ အရေအတွက်​များများ ပို့ပေး​ပါ​လို့ ကျွန်တော်​တောင်းဆို​ချင်​ပါ​တယ်။ လူငယ်တွေ​အတွက် တည်ဆောက်မှု​ဖြစ်စေ​တဲ့ ဖတ်​စ​ရာ​စာအုပ်​တွေ ထောက်ပံ့​ပေးဖို့ ကျွန်တော်​စိတ်ဝင်စား​သလို အသင်​တို့​လည်း မျှဝေ​ခံစား​ကြ​မယ်​လို့ ကျွန်တော်​ထင်​ပါ​တယ်။”

ဤ​မဂ္ဂဇင်း​ထုတ်ဝေ​ရခြင်း​၏​အကြောင်းရင်းကို နိုးလော့! စာစောင်​တိုင်း​၏ စာမျက်နှာ ၄ တွင်​ဖော်ပြ​ထား​သည်။ “အရေး​အကြီးဆုံး​မှာ ဤ​မဂ္ဂဇင်း​သည် ဆိုးညစ်သော​အစီအစဉ်​စနစ်​၏​နေရာတွင် အစားဝင်​တော့​မည့် ငြိမ်းချမ်း​လုံခြုံ​သည့် ကမ္ဘာသစ်​နှင့်​ပတ်သက်သော ဖန်ဆင်း​ရှင်​၏​ကတိတော်​ကို ယုံကြည်​စိတ်ချ​စေရန် ထောက်ကူ​ပေး​သည်” ဟု​ရှင်းပြ​၏။

ထို​ရည်ရွယ်ချက် အထမြောက်​အောင်မြင်​စေရန် အတိအကျ​ဖော်ပြ​ထား​သည့် ဘရိုရှာ​များ​ကိုလည်း ယေဟောဝါသက်သေ​များ​က ထုတ်ဝေ​ပေး​ထား​သည်၊ ယင်း​တို့​အနက် ဘဝ​ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို သင်​မည်သို့ ရှာတွေ့နိုင်​သနည်း ဘရိုရှာ​ဖြစ်၏။ ကူပွန်​တွင် ဖော်ပြ​ထား​သည့်​လိပ်စာ​အတိုင်း သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ ပါ​သက်ဆိုင်ရာ​လိပ်စာ​အတိုင်း ပူးတွဲ​ပါ​ကူပွန်​ကို ဖြည့်စွက်​ပြီး စာတိုက်​မှ​ပေး​ပို့​ကာ အဆိုပါ​ဘရိုရှာ​တစ်စောင်​ကို မှာ​ယူ​နိုင်​ပါ​သည်။

ဘဝ​ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို သင်​မည်သို့ ရှာတွေ့နိုင်​သနည်း ဘရိုရှာ​တစ်စောင်​ကို ကျွန်ုပ်​ထံ​ပို့ပေး​ပါ။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​အတွက် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။