မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်များတစ်လျှောက် အမွှေးနံ့သာ

ခေတ်များတစ်လျှောက် အမွှေးနံ့သာ

ခေတ်​များ​တစ်လျှောက် အမွှေးနံ့သာ

မက္ကဆီကို​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

အမွှေးနံ့သာ​တွင် ရှေးကျ​သော​သမိုင်း​ရှိသည်။ အမွှေးနံ့သာ​ဖော်စပ်နည်း အတတ်ပညာ​၏ အစ​မူလ​မှာ ဝတ်ပြုရေး​အခမ်းအနား​များ​တွင် အ​မွှေး​တိုင်​ထွန်း​ရန် သစ်စေး​များနှင့် ထင်းရှူး​စေး​များ​ကို မီးရှို့ခြင်း​မှ စတင်​သည်​ဟု ထင်မှတ်​ရ​ဖွယ်​ရှိ၏။ ထို့​ကြောင့် “အမွှေးနံ့သာ” စကားလုံး​သည် “မီးခိုး​တောက်လျှောက်” ဟု​အဓိပ္ပာယ်​ရသည့် လက်တင်​စကားလုံး ပါ​ဗျူမ် မှ​ဆင်းသက်လာ​သည်။ အမွှေးနံ့သာ​၏ အစောပိုင်း​မှတ်တမ်း​တစ်ခု​မှာ အီဂျစ်​နိုင်ငံ​မှ စတင်​ခဲ့​၏။ ဖာရော​ထူ​တဲ​န်​ခါ​မဲ​န်​၏ သင်္ချိုင်းဂူ​ကို​ဖွင့်လိုက်​သောအခါ ရာစုနှစ် ၃၀ ကျော်​ပြီး​နောက်​၌​ပင် အမွှေးရနံ့​အတော်အတန် ရှိသေး​သည့် အမွှေးနံ့သာ​ထည့်​ထားသော မြေအိုး ၃,၀၀၀ ကျော်​ကို တွေ့ခဲ့​ရသည်!

ခရစ်နှစ်​မတိုင်မီ နှစ်ပေါင်း​တစ်ထောင့်​ငါး​ရာ​က ဘိသိက်ပေး​ရန် သန့်ရှင်းသော​နံ့သာ​ဆီ​အတွက် ဘုရားသခင်​ပေး​သည့် ပုံသေနည်း​ဖြင့် ဖော်စပ်​ထားသော “မြတ်သော​နံ့သာ​မျိုး” ကို ဣသရေလ​ယဇ်ပုရောဟိတ်​တို့ အသုံးပြု​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၃၀:၂၃-၃၃) ဟေဗြဲ​လူတို့သည် မွှေး​ကြို​င်​သော​လိမ်းဆေး​များ​ကို အလှ​ပြင်​ပစ္စည်း​များ၊ ဆေး​ဖက်​ဝင်​ပစ္စည်း​များ​အနေ​နှင့်​သာမက လူသေများ​ကို သင်္ဂြိုဟ်​ရန် ပြင်ဆင်​ရာ​တွင်​လည်း အသုံးပြု​ခဲ့​ကြသည်၊ ပိုးသတ်ဆေး​နှင့် အနံ့​အသက်​ပျောက်ဆေး​အနေ​နှင့်​လည်း အသုံးပြု​မည်​မှာ​အမှန်။ ဥပမာ၊ အမျိုးသမီးများ​သည် ဆီမွှေး​နှင့် နံ့သာ​မျိုး​တို့ကို ယူဆောင်​ကာ သင်္ချိုင်း​သို့​သွား​၍ ယေရှု၏​ရုပ်​အလောင်းကို လိမ်းပေး​ခဲ့​ကြသည်။ (လုကာ ၂၃:၅၆; ၂၄:၁) ဣသရေလ​အိမ်​တွင် ဧည့်သည်​၏​ခြေ​ကို ဆီမွှေး​နှင့်​လိမ်းပေး​ခြင်း​သည် ဧည့်ဝတ်​ပျူငှာခြင်း​ဖြစ်သည်​ဟု ယူဆ​ခဲ့​သည်။—လုကာ ၇:၃၇-၄၆

မှတ်တမ်းအရ ပထမ​ရာစု​တွင် ရောမ​တို့သည် တစ်နှစ်​လျှင် လော်​ဗန်,တန် ၂,၈၀၀ နှင့် မုရန်​စေး,တန် ၅၅၀ ခန့်​အသုံးပြု​ခဲ့​ကြသည်။ သူငယ်​တော်​ယေရှုကို လက်ဆောင်​ပေး​ရန် ထိုသို့​သော​အမွှေးအကြိုင်​ပစ္စည်း​များ ယူဆောင်​လာ​ကြသည်။ (မဿဲ ၂:၁၊ ၁၁) စီ.အီး. ၅၄ ခုနှစ်​တွင် ရောမ​ဧကရာဇ်​နီရို​သည် ပါတီပွဲ​၌ မွှေး​ကြို​င်ထုံ​သင်း​စေရန် ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုး​နှင့်​ညီမျှ​သော အမွှေးအကြိုင်​ပစ္စည်း​များ​ကို အသုံးပြု​ခဲ့​သည်​ဟု အဆို​ရှိ၏။ သူ၏​ထမင်း​စား​ခန်း​များ​တွင် ကွယ်ဝှက်​သွယ်​တန်း​ထားသော ပိုက်​များ​ဖြင့် ဧည့်သည်​များ​ကို ရေမွှေး​မှု​န်​များ ပက်​ဖျန်း​ပေး​ခဲ့​သည်။ တရုတ်​လူမျိုး​တို့သည် စီ.အီး. ခု​နစ်​ရာစု​မှ​စ၍ မွှေး​ကြို​င်​သည့်​ပန်း​ပေါင်း​ထုပ်​အပါအဝင် အမွှေးနံ့သာ​များ​ကို အသုံးပြု​ခဲ့​ကြသည်။ အလယ်ခေတ်​တွင် အစ္စလာမ်​ယဉ်ကျေးမှု​၌ အထူးသဖြင့် နှင်းဆီ​ရနံ့​ပါ​သော ရေမွှေး​များ​ကို အသုံးပြု​ခဲ့​သည်။

၁၇ ရာစု​အတွင်း ပြင်သစ်​နိုင်ငံ​၌ ရေမွှေး​လုပ်ငန်း​သည် မည်မျှ​အခြေ​ကျနေ​သနည်း​ဟူ​မူ လူး​ဝ​စ္စ ၁၅ ၏​နန်းတော်​ကို ရေမွှေး​နန်းတော်​ဟု​ခေါ်​ခဲ့​သည်။ အမွှေးရနံ့​များ​ကို အရေပြား​တွင်​သာမက အဝတ်အစား​များ၊ လက်​အိတ်များ၊ ယပ်တောင်​များနှင့် အိမ်ထောင်​ပရိဘောဂ​များ​တွင်​လည်း သုတ်လိမ်း​ခဲ့​သည်။

၁၈ ရာစု​တွင် တီထွင်​ခဲ့​သော က​လုံး​ရေမွှေး​ကို ရေချိုး​ရေ​များ​တွင်​ထည့်၍ အသုံးပြု​သည်၊ ဝိုင်​နှင့် ရော​သည်၊ ခံတွင်း​သန့်စင်​ဆေးရည်​အဖြစ် သကြား​ခဲ​နှင့်​တွဲ၍ စားသုံး​သည်၊ ဝမ်း​ချူ​ခြင်း​နှင့် အနာအုံဆေး​ဖယောင်း​ချက်​များ​တွင် ဆေး​ဖက်​ဝင်​ပစ္စည်း​အနေ​နှင့် အသုံးပြု​သည်။ ၁၉ ရာစု​တွင် ပေါင်းစပ်​အမွှေးနံ့သာ​များ​ကို ပြုလုပ်​လာ​ခဲ့​သည်။ သို့​ဖြစ်၍ ဆေး​ဖက်​ဝင်​ပစ္စည်း​အဖြစ် အသုံးမပြု​သင့်​သော ပထမ​ဆုံး​ရေမွှေး​များ​ကို ဈေးကွက်​သို့ တင်ပို့​ရောင်းချ​လေ​တော့​သည်။ ယနေ့ ရေမွှေး​လုပ်ငန်း​သည် ဒေါ်လာ​ဘီလီယံ​နှင့်​ချီ​သည့် စီးပွားရေး​လုပ်ငန်း​တစ်ခု​ဖြစ်၏။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ရေမွှေး​နှင့်​အကဲဆတ်​ခြင်း​အကြောင်းကို ၂၀၀၀၊ ဩဂုတ် ၈ ရက်ထုတ် [လိပ်] တွင်​ဆွေးနွေး​ထား​သည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စီ.အီး. ၁၄ ရာစုနှစ်၊ အီဂျစ်​နိုင်ငံ၊ ထူ​တဲ​န်​ခါ​မဲ​န်​၏​သင်္ချိုင်းဂူ​မှ အမွှေးနံ့သာ​မြေအိုး

[Credit Line]

Werner Forman/Egyptian Museum, Cairo, Egypt/Art Resource, NY

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၅ ရာစု​မှ ဂရိ

[Credit Line]

Musée du Louvre, Paris

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စီ.အီး. ၁၈ ရာစု​မှ ပြင်သစ်

[Credit Line]

Avec lʹaimable autorisation du Musée de la Parfumerie Fragonard, Paris

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ် ရေမွှေး​ပုလင်း