သင့်အား ဖိတ်ခေါ်ပါသည်—ထိုနေရာတွင် သင်ရှိနေမည်လော
သင့်အား ဖိတ်ခေါ်ပါသည်—ထိုနေရာတွင် သင်ရှိနေမည်လော
အဘယ်အရာအတွက် ဖိတ်ခေါ်ခြင်းဖြစ်သနည်း။ ယေဟောဝါသက်သေများ နှစ်စဉ်ကျင်းပသည့် အရေးအကြီးဆုံးသော အစည်းအဝေး—ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ရာ အစည်းအဝေးသို့ဖြစ်သည်၊ ကိုယ်တော်အစပြုကျင်းပခဲ့သော သခင့်ညစာစားပွဲအပေါ် အခြေပြုထားရာဖြစ်သည်။ မဿဲ၏မှတ်တမ်း၌ ဤသို့ဖော်ပြထား၏– “ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ‘ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့’ ဟုမိန့်တော်မူလျက် တပည့်တော်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ ‘သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား “ပဋိညာဉ်တရားသစ်” နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှာသွန်းသော ငါ၏သွေးဖြစ်၏။’ ”—မဿဲ ၂၆:၂၆-၂၈။
ထိုစကားလုံးများ၏ အရေးကြီးသောဆိုလိုချက်ကို ယခုနှစ် ဧပြီ ၁၆၊ ဗုဒ္ဓဟူးနေ့ နေဝင်ချိန်တွင် ကျရောက်သည့် သခင့်ညစာစားပွဲကျင်းပချိန်တွင် ရှင်းလင်းဖော်ပြမည်ဖြစ်သည်။ ထိုနေရာတွင် သင်ရောက်ရှိနေမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ သင့်ဒေသရှိ အစည်းအဝေးကျင်းပမည့် အချိန်နှင့်နေရာ အတိအကျကို ကျေးဇူးပြု၍ ယေဟောဝါသက်သေများထံ မေးမြန်းစုံစမ်းပါ။ သင့်ကို လှိုက်လှဲစွာကြိုဆိုပါလိမ့်မည်။