“ကျောင်းသားများ မကြာခဏ ရှာဖွေဖတ်ကြ”
“ကျောင်းသားများ မကြာခဏ ရှာဖွေဖတ်ကြ”
ကျောင်းသားများသည် နိုးလော့! မဂ္ဂဇင်းကို အလွန်စိတ်ဝင်စားကြကြောင်း ဘရာဇီးနိုင်ငံ၊ မီနာ ဇာရစ္စပြည်နယ်၊ ဒါဗာနော့ပါလာစ်မြို့မှ စာကြည့်တိုက်မှူးတစ်ဦးက ဘရာဇီးနိုင်ငံမှ ယေဟောဝါသက်သေများ၏ ရုံးများသို့ စာရေးခဲ့သည်။ သူဤသို့ပြောပြခဲ့သည်–
“ကျွန်တော်အလုပ်လုပ်တဲ့ မြူနီစီပယ်ကျောင်းစာကြည့်တိုက်ကို လှူဒါန်းတဲ့ [ယေဟောဝါသက်သေတွေ] ထုတ်ဝေတဲ့ စာအုပ်တွေနဲ့ မဂ္ဂဇင်းတွေကို ရံဖန်ရံခါ ကျွန်တော်တို့ရရှိကြတယ်။ ဒီမှာ ယေဟောဝါသက်သေကျောင်းသားတစ်ယောက်မှ မရှိကြပေမဲ့ အကြောင်းအရာအမျိုးမျိုးကို သုတေသနပြုနေကြတဲ့ ကျောင်းသားတွေက မကြာခဏဆိုသလို နိုးလော့! မဂ္ဂဇင်းကို ရှာဖွေဖတ်ကြတယ်။ ဥပမာပြောရရင်၊ ၂၀၀၀၊ စက်တင်ဘာ ၈ ရက် [လိပ်] ထုတ်စာစောင်မှာ အိုလံပစ်အားကစားအကြောင်း သိကောင်းစရာဆောင်းပါးတွေပါတာမို့ တော်တော့်ကိုအသုံးဝင်ခဲ့တယ်။ ဒါကြောင့် နိုးလော့! စာစောင်အမျိုးမျိုးနဲ့ အရေအတွက်များများ ပို့ပေးပါလို့ ကျွန်တော်တောင်းဆိုချင်ပါတယ်။ လူငယ်တွေအတွက် တည်ဆောက်မှုဖြစ်စေတဲ့ ဖတ်စရာစာအုပ်တွေ ထောက်ပံ့ပေးဖို့ ကျွန်တော်စိတ်ဝင်စားသလို အသင်တို့လည်း မျှဝေခံစားကြမယ်လို့ ကျွန်တော်ထင်ပါတယ်။”
ဤမဂ္ဂဇင်းထုတ်ဝေရခြင်း၏အကြောင်းရင်းကို နိုးလော့! စာစောင်တိုင်း၏ စာမျက်နှာ ၄ တွင်ဖော်ပြထားသည်။ “အရေးအကြီးဆုံးမှာ ဤမဂ္ဂဇင်းသည် ဆိုးညစ်သောအစီအစဉ်စနစ်၏နေရာတွင် အစားဝင်တော့မည့် ငြိမ်းချမ်းလုံခြုံသည့် ကမ္ဘာသစ်နှင့်ပတ်သက်သော ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေးသည်” ဟုရှင်းပြ၏။
ထိုရည်ရွယ်ချက် အထမြောက်အောင်မြင်စေရန် အတိအကျဖော်ပြထားသည့် ဘရိုရှာများကိုလည်း ယေဟောဝါသက်သေများက ထုတ်ဝေပေးထားသည်၊ ယင်းတို့အနက် ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို သင်မည်သို့ ရှာတွေ့နိုင်သနည်း ဘရိုရှာဖြစ်၏။ ကူပွန်တွင် ဖော်ပြထားသည့်လိပ်စာအတိုင်း သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသက်ဆိုင်ရာလိပ်စာအတိုင်း ပူးတွဲပါကူပွန်ကို ဖြည့်စွက်ပြီး စာတိုက်မှပေးပို့ကာ အဆိုပါဘရိုရှာတစ်စောင်ကို မှာယူနိုင်ပါသည်။
□ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းကို သင်မည်သို့ ရှာတွေ့နိုင်သနည်း ဘရိုရှာတစ်စောင်ကို ကျွန်ုပ်ထံပို့ပေးပါ။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။