မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွင် တွေ့ရှိခဲ့

စာအုပ်အဟောင်းဆိုင် တစ်ဆိုင်တွင် တွေ့ရှိခဲ့

စာအုပ်​အဟောင်း​ဆိုင် တစ်ဆိုင်​တွင် တွေ့ရှိ​ခဲ့

အိန္ဒိယ​နိုင်ငံ၊ ချီ​နိုင်း​မြို့မှ တယ်​မီလ်​စကားပြော​လူငယ်လေး​တစ်ဦး​သည် အထက်ပါ​နေရာတွင် ၁၉၉၉ ခုနှစ် ဩဂုတ်​လ ၈ ရက်​နေ့​ထုတ် နိုးလော့! တစ်စောင်​ကို တွေ့ရှိ​ခဲ့​သည်။ အဆိုပါ​မဂ္ဂဇင်း​အပြင် သူ​ရ​လိုက်​သည့်​အခြား​မဂ္ဂဇင်း​များ​ကို​ပါ ဆန်းစစ်​လေ့လာ​ပြီး​နောက် ယင်း​မဂ္ဂဇင်း​များနှင့်​ပတ်သက်ပြီး သူ၏​ထင်မြင်ချက်​ကို ယေဟောဝါသက်သေ​များ​၏ အိန္ဒိယ​ဌာနခွဲရုံး​သို့ စာ​ဖြင့် ရေးသား​ဖော်ပြ​ခဲ့​သည်။

သူက “နိုးလော့!မဂ္ဂဇင်းဟာ မှတ်သား​စ​ရာ​အချက်အလက်​တွေ​ပါ​ပြီး အလွန်​ကောင်း​တဲ့ မဂ္ဂဇင်း​တစ်စောင်​ပါ​ပဲ။ တင်ပြ​ထား​တဲ့ အကြောင်းအရာတွေ​က တကယ့်ကို​အကူအညီ​ဖြစ်​စေတယ်။ ချီးကျူး​ပါ​တယ်!” ဟူ၍​ရေးသားခဲ့​သည်။

ထို့နောက် အဆိုပါ​လူငယ်လေး​က ဤသို့​တောင်းဆိုမှု​ပြု​လိုက်​၏– “ကမ္ဘာ​တစ်ခွင် လှည့်လည်​သွား​နေတဲ့ ဒီ​ဗဟုသုတ​ပေး​တဲ့ မဂ္ဂဇင်းဟာ ကျွန်တော့်​ရဲ့ ကိုယ်ပိုင်​စာကြည့်တိုက်​ဖြစ်​နိုင်​ပါစေ​လို့​လည်း ကျွန်တော်​ဆန္ဒပြု​ပါ​တယ်။ အခုထက်ထိ ရရှိ​ထား​တဲ့ မဂ္ဂဇင်း​တွေ​ကို ဖတ်ရှု​ပြီး​တဲ့​နောက် နောင်​ထွက်​လာ​ဦး​မယ့် မဂ္ဂဇင်း​တွေ​ကိုလည်း ရယူလို​ပါ​တယ်။”

မဂ္ဂဇင်း​တိုင်း​၏ စာမျက်နှာ ၄ တွင် ရှင်းပြ​ထား​သည့်​အတိုင်း နိုးလော့!သည် အကြောင်းအရာ​များစွာ​တို့​နှင့်​ပတ်သက်​၍ ဉာဏ်​အလင်း​ပေး​သည်။ ထို့​ပြင် ယင်း​၏​ရည်ရွယ်ချက်ကိုလည်း ဤသို့​ဖော်ပြ​၏– “အရေး​အကြီးဆုံး​မှာ ဤ​မဂ္ဂဇင်း​သည် အစီအစဉ်​စနစ်​၏​နေရာတွင် အစားဝင်​တော့​မည့် ငြိမ်းချမ်း​လုံခြုံ​သည့် ကမ္ဘာသစ်​နှင့်​ပတ်သက်သော ဖန်ဆင်း​ရှင်​၏​ကတိတော်​ကို ယုံကြည်​စိတ်ချ​စေရန် ထောက်ကူ​ပေး​သည်။”

ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း​ဟူ​သည့် စာမျက်နှာ ၃၂ မျက်နှာ​ရှိ​ဘရိုရှာ​သည် အဆိုပါ​ဘုရားသခင့်​ရည်ရွယ်ချက်ကို ပေါ်လွင်​စေပြီး သမ္မာကျမ်းစာ​မှ​သတင်း​အချက်အလက်​ကို ဖော်ပြ​ပေး​ကာ၊ ကိုယ်တော့်​မျက်နှာသာတော်​ရရှိရန် ကျွန်ုပ်​တို့​ပြုလုပ်​ဖို့​လိုအပ်​သည့်​အရာ​ကို တင်ပြ​ပေး​သည်။ ပူးတွဲ​ပါ​ကူပွန်​တွင်​ဖော်ပြ​ထား​သည့် လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၅ တွင်​ပါ​သော သင့်လျော်ရာ​လိပ်စာ​တစ်ခု​ကို​ဖြည့်စွက်​ကာ စာတိုက်​ဖြင့်​ပေး​ပို့​ခြင်း​ဖြင့် ဤ​ဘရိုရှာ​ကို ရယူ​နိုင်​ပါ​သည်။

ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​အဘယ်အရာ​တောင်းဆို​တော်​မူ​သနည်း ဘရိုရှာ​တစ်စောင်​ကို ကျွန်ုပ်​ထံ​ပို့ပေး​ပါ။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​နှင့်​ပတ်သက်​၍ ကျေးဇူးပြု​၍​ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။