“အချိန်ကိုက် ရောက်ရှိလာ”
“အချိန်ကိုက် ရောက်ရှိလာ”
ယင်းကား အာဘာကာလီခီမြို့မှ အမျိုးသားတစ်ဦးက နိုင်ဂျီးရီးယားနိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသို့ ပေးပို့သောစာတစ်စောင်တွင် ပါရှိသည့်စကားဖြစ်၏။ မကြာသေးမီက သူရရှိခဲ့သော သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာကို ရည်ညွန်းပြောနေခြင်းဖြစ်သည်။ သူဤသို့ရှင်းပြခဲ့သည်–
“၂၀၀၀၊ ဇွန် ၁၈ ရက်မှာ ကျွန်တော့်ချစ်ဇနီး တိုချစ် မီးဖွားပြီးတာနဲ့ ဆုံးသွားရှာတယ်။ နောက်တစ်လကျော်အထိ စိတ်ချောက်ချားနေပြီး၊ ကြောင်တက်တက်နဲ့ ဟာတာတာဖြစ်နေတုန်းပဲ၊ ကျွန်တော်ကြုံခဲ့ဖူးသမျှမှာ ထိတ်လန့်နာကြည်းစရာ အဖြစ်ဆိုးကြီးတစ်ခုမို့ မယုံနိုင်လောက်အောင် ဖြစ်နေသေးတယ်။ အဲ့ဒီနောက် ဇူလိုင်လမှာ ယေဟောဝါသက်သေတစ်ယောက်က ကျွန်တော့်ကို သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဆိုတဲ့စာအုပ်တစ်အုပ် ပေးခဲ့တယ်။ ဒီဘရိုရှာက ကျွန်တော့်အတွက် ဆေးတစ်ခွက်လိုပါပဲ၊ အစိတ်စိတ်အမြွှာမြွှာဖြစ်နေတဲ့ ကျွန်တော့်ဘဝဟာ တဖြည်းဖြည်းနဲ့ ပြန်ပြီးနာလန်ထူလာခဲ့တယ်—ပေးထားတဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက် မျှော်လင့်ချက် တကယ်ရှိလာပြီး မှောင်မဲနေတဲ့ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်ရှိမှန်း သဘောပေါက်လာစေတယ်။”
သင် သို့မဟုတ် သင်၏မိတ်ဆွေတစ်ဦးတစ်ယောက်လည်း ဤ ၃၂ မျက်နှာရှိ ဘရိုရှာကို ဖတ်ရှုခြင်းမှ နှစ်သိမ့်မှုရရှိနိုင်ပါလိမ့်မည်။ ကူပွန်တွင် ဖော်ပြထားသော လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်သော လိပ်စာတစ်ခုခုသို့ ပူးတွဲပါကူပွန်ကို ဖြည့် စွက်ပြီး စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းဖြင့် ဘရိုရှာတစ်စောင်ကို မှာယူနိုင်ပါသည်။
□ သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ ဘရိုရှာတစ်စောင် ပို့ပေးပါ။
□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။