မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်​တို့၏ စာရှုသူ​များ​ထံ​မှ

လက်ထပ်​ထိမ်းမြား​သည့်​နေ့ ၂၀၀၃၊ ဖေဖော်ဝါရီ​လ ၈ ရက်ထုတ် နိုးလော့! တွင် လက်ထပ်​ထိမ်းမြား​သည့်​နေ့—ရွှင်လန်းဖွယ်​ကောင်းသော​အစ​ဖြစ်စေခြင်း​ဆို​တဲ့ မျက်နှာဖုံး​ဆောင်းပါး​ကို ကျွန်တော်​အရမ်း​နှစ်သက်​မိ​ပါ​တယ်။ ကျွန်တော်​ငယ်​စဉ်​ကတည်းက အိမ်ထောင်ပြုခြင်း​ရဲ့ အရေးကြီးတဲ့​ခြေလှမ်း​အတွက် စိတ်​ထဲမှာ အသင့်ပြင်​ဆင်​ထား​ပါ​တယ်။ ငယ်ရွယ်​တဲ့​စုံတွဲ​တွေ​မှာ ဖြစ်လေ့​ရှိတဲ့​ဖိစီးမှု မရှိဖို့ ဘယ်လို​ကြိုတင်​ပြင်ဆင်​ရမယ်ဆိုတာ​နဲ့ ပျော်ရွှင်​တဲ့​အိမ်ထောင်​ကို ဘယ်လို​ထိန်းသိမ်း​ရမယ်ဆိုတာ နားလည်​ဖို့ အဲဒီ​အကြောင်းအရာက ကျွန်တော့်​ကို ကူညီ​ပေး​ပါ​တယ်။ မိမိ​ကျေးကျွန်​တွေ​ဆီက ယေဟောဝါ​အလိုရှိရာကို​ပြုလုပ်​ဖို့ ကြိုးစား​လုပ်ဆောင်​နေတဲ့ ကျွန်တော်​တို့အားလုံး​အပေါ် ဂရုစိုက်​မှု​ကို ကျေးဇူးပြု​ပြီး မ​ရပ်​လိုက်ပါ​နဲ့။

အက်ဖ်. စီ၊ အီတလီ

အလိုအပ်ဆုံး​အချိန်တွေမှာ ယေဟောဝါ​ရဲ့ ညွှန်ကြားချက်​တွေ​ကို တိကျ​စွာ ဖော်ပြ​ပေး​တဲ့​အတွက် ကျွန်မ​ကို အမြဲတမ်း​အံ့အားသင့်​စေပါ​တယ်။ ၂၀၀၃၊ ဖေဖော်ဝါရီ​လ ၈ ရက်ထုတ် နိုးလော့! က​လည်း အဲဒီလိုပဲ အံ့အားသင့်​စေပါ​တယ်။ ဒီ​လွန်ခဲ့တဲ့ လအနည်းငယ်​အတွင်းမှာ စေ့စပ်​ထား​သူနဲ့​ကျွန်မ​တို့​ဟာ မင်္ဂလာပွဲ​အတွက် စီစဉ်​နေကြ​ပြီး စိတ်​ပင်ပန်းမှု စပြီး​ခံစား​ခဲ့​ကြရတယ်။ အဖွင့်​ဆောင်းပါး​က အဲဒီလို​စီစဉ်​ချိန်​တွေ​ဟာ တကယ့်ကို​ထူးခြား​ပြီး၊ စိုးရိမ်မှု​က​သာ စိတ်ရှုပ်​စေ​ကြောင်း ကျွန်မတို့ကို​သတိပေး​ပါ​တယ်။

အိတ်ခ်ျ. အဲ​မ်.၊ ဩစတြေးလျ

စာမျက်နှာ ၁၀ ပါ မျက်နှာဖုံး​ဆောင်းပါး​စီး​ရီး​က ခင်ပွန်း​ဖြစ်သူ​သည် ခွဲနေ​ရန်​အတွက် အကြောင်း​ခိုင်လုံ​သည်​ဟု ယုံကြည်​လျှင် အိမ်ထောင်ဖက်​ကို ထားခဲ့​ခြင်း​သည် လက်ခံဖွယ်​ရာ​ဖြစ်သည်​ဟု သဘောပေါက်​စေပါ​သည်။ ကျွန်တော်​နှင့်​ကျွန်တော့်​ဇနီးသည် ထိုသို့​ထောက်ခံကြောင်း​ကို ကျမ်းစာ​ထဲ​တွင် အဘယ်​နေရာ၌​မျှ​မ​တွေ့ရ​ပါ။ အမှန်​မှာ ကျမ်းစာ​ထဲ​၌ ဆန့်ကျင်ဘက်​ဖော်ပြ​ထား​သည်။—ဇနီးသည်​သည် ထားခဲ့​နိုင်​သော်လည်း ခင်ပွန်း​သည်​သည် ဆက်​နေဖို့​ဖြစ်သည်။ ကမ္ဘာဦး ၂:၂၄က ခင်ပွန်း​သည်​သည် “ကိုယ်​ခင်ပွန်း​၌​မှီဝဲ” သင့်​သည်​ဟု ဖော်ပြ​ထား​ပါ​သည်။ ထို့နောက် ၁ ကောရိန္သု ၇:၁၁ ၌​ဇနီးသည် “စွန့်ပစ်​လျှင်” ဟု​ဆို​ထားပြီး ထို​အခန်းငယ်​၌​ပင် ထပ်၍ “ယောက်ျား​သည်လည်း မိမိ​မယား​နှင့်​မကွာစေ​နှင့်” ဟု​ဆို​ထား​ပါ​သည်။

ကေ. အယ်​လ်. ဩစတြေးလျ

“နိုးလော့!” တုံ့ပြန်​ချက်– ကမ္ဘာဦး ၂:၂၄ အထက်အောက်​စကား​ကို ထည့်​စဉ်းစား​ရ​ပါ​မည်။ ထို​တွင်​မှတ်တမ်း​တင်ထားသော ဘုရားသခင့်​ညွှန်ကြားချက်​များ​တွင် ခွဲနေ​နိုင်​ခြင်း​နှင့်​ပတ်သက်သော​လမ်းညွှန်ချက်ကို မဖော်​ပြ​ထား​ပါ။ ကောရိန္သု​မြို့သား​များ​ထံ​ရေး​သော ပေါလု​၏​စာ​တွင် ယေဟောဝါ​က အိမ်ထောင်​အစီအစဉ်ကို အလွန်​တန်ဖိုး​ထားပြီး စုံတွဲ​တစ်တွဲ​သည် သူတို့၏ အိမ်ထောင်​ကို မ​ပြိုကွဲ​အောင် တတ်နိုင်​သမျှ ကြိုးစား​ထိန်းသိမ်း​သင့်​သည်​ဟု ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ ပေါလု​က ဇနီးသည်​အတွက်​တစ်မျိုး​နှင့် လင်ယောက်ျား​အတွက်​တစ်မျိုး​ဟူ၍ စံနှုန်း​နှစ်မျိုး​ရှိ​ရန် ရည်ရွယ်​နေခြင်း​မဟုတ်​သည်​မှာ ထင်ရှား​ပါ​သည်။ အခန်းငယ် ၁၀ နှင့် ၁၁ က လင်ယောက်ျား​နှင့်​ဇနီးသည် နှစ်ဦးစလုံး​ကို အဖြစ်​နိုင်​ဆုံး မခွဲခွာ​ကြ​ရန် တောင်းဆို​ထား​ပါ​သည်။ ထို့​ကြောင့် ကျိုးကြောင်း​ညီညွတ်​သည်​မှာ ဇနီးသည်​နှင့်​သက်ဆိုင်ရာ​သည် လင်ယောက်ျား​နှင့်​လည်း သက်ဆိုင်​ပါ​မည်။

တောင်​ကြက်တူရွေး “တောင်​ကြက်တူရွေး—တောင်တန်း​ပေါ်​မှ ပြက်လုံး​ထုတ်​သူ” (ဖေဖော်ဝါရီ ၈၊ ၂၀၀၂ [လိပ်]) ဆောင်းပါး​ကို​ဖတ်​ရတာ ရွှင်မြူး​ဖွယ် ဘယ်လောက်​ကောင်း​သလဲ​ဆိုရင် အသံ​ကျယ်ကျယ်​နဲ့ မရ​ယ်​ဘဲ​မနေနိုင်​ခဲ့​ဘူး။ ယေဟောဝါ​က တကယ်ပဲ ပျော်ရွှင်သော​ဘုရား​ဖြစ်​ရမယ်! စစ်မှန်​ပြီး​မေတ္တာပါ​တဲ့​ဖန်ဆင်း​ရှင်​တစ်ပါး​တည်း​က​ပဲ လူသားတွေရဲ့​ဘဝမှာ ပျော်ရွှင်မှု​များစွာ​ပေး​ရာ​ကို ဆောင်ကြဉ်း​ပေး​နိုင်​ပါ​တယ်။ ရ​ယ်​ရွှင်​ဖွယ်​ငှက်​ဖြစ်​တဲ့ အဲဒီ​တောင်​ကြက်တူရွေး​တွေ​ကို ကိုယ်တိုင်​သိမြင်​ရမယ့်​နေ့ကို ကျွန်မ​စောင့်မျှော်​နေပါတယ်။ ဒီ​ဆောင်းပါး​အတွက်သာ​မ​က သင်တို့​ရေးသားတဲ့ စိတ်ဝင်စားဖွယ် တခြား​အကြောင်းအရာတွေ​နဲ့ ယုံကြည်ခြင်း​ခိုင်ခံ့​စေ​တဲ့ ဆောင်းပါး​တွေ​အတွက် အလွန်​ကျေးဇူး​တင်​ပါ​တယ်။

အာရ်. အာရ်.၊ ဂျာမနီ

ကျွန်မ​အမျိုးသား ကျွန်မ​ကို​ထားခဲ့​ပြီး မကြာမီ ဖေဖော်ဝါရီ ၈၊ ၂၀၀၃၊ နိုးလော့! ကို ကျွန်မ​ရရှိခဲ့​ပါ​တယ်။ မျက်နှာဖုံး​မှာပါတဲ့ မင်္ဂလာဆောင်​တဲ့​နေ့​ပုံ​က ကျွန်မ​အတွက် လက်ခံဖို့ အတော့်​ကို​ခက်​ပါ​တယ်။ ‘ကျွန်မ​နဲ့​ကျွန်မ​အမျိုးသားဟာ မျက်နှာဖုံး​ပုံ​မှာပါတဲ့​စုံတွဲ​လို ဘာ ကြောင့်​မပျော်ရွှင်​ရတာလဲ’လို့ တွေး​ခဲ့​မိတယ်။ ဒါပေမဲ့၊ အဲဒီ​မဂ္ဂဇင်း​မှာပါတဲ့ တောင်​ကြက်တူရွေး​ဆောင်းပါး [လိပ်] ကို ကျွန်မ​ဖတ်​လိုက်တဲ့​အချိန်​မှာ အသံထွက်​ရယ်မော​ခဲ့​ပါ​တယ်။ အဲဒီလိုမျိုး ချစ်စရာ​ကောင်း​တဲ့​ငှက်​ကလေး​ရှိတယ်ဆိုတာ ကျွန်မ​မသိခဲ့ဘူး! ကျွန်မ​စိတ်​လန်းဆန်း​ခဲ့​ပါ​တယ်။ အဲဒီ​အရာ​က “ဘဝကို​ပျော်မွေ့​ပါ”လို့ ယေဟောဝါ​က​ကျွန်မ​ကို​ပြော​ပြီး အားပေးနေ​သလို​ပါ​ပဲ။ ကျေးဇူး​အထူး​တင်​ပါ​တယ်။

အဲ​မ်. ဝိုင်.၊ ဂျပန်