မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်သောမိသားစုဘဝရ ရှိနိုင်!

ပျော်ရွှင်သောမိသားစုဘဝရ ရှိနိုင်!

ပျော်ရွှင်သော​မိသားစု​ဘဝ​ရ ရှိ​နိုင်!

ဘယ်လာရုစ်၊ မာ​လာ​ဒစ်ရှ်​နာ​မြို့မှ အမျိုးသမီး​တစ်ဦး​သည် ရုရှား​ရှိ ယေဟောဝါသက်သေ​တို့၏ ဌာနခွဲရုံး​သို့ စာရေး​ခဲ့​သည်။ သူ၌ ခင်ပွန်း​သည်​နှင့် ကလေး​နှစ်ယောက်​ရှိကြောင်း ပြောပြ​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “ကျွန်မ​နဲ့​ခင်ပွန်း​သည်​ဟာ တစ်ဦး​ကိုတစ်​ဦး ချစ်​မြတ်နိုးကြ​ပါ​တယ်။ ဒါပေမဲ့ အတူ​နေထိုင်ချိန်​ကြာ​လာတာ​နဲ့​အမျှ အကြောင်းရင်း​ရှိ​ပုံ​မရဘဲ ပြဿနာ​တွေ​တက်ပြီး​စကား​များ​ကြ​တာ​ကို သတိထား​မိတယ်။ လွန်ခဲ့တဲ့​လအနည်းငယ်​က လူ​စိမ်း​တစ်ဦး​ဟာ လမ်းပေါ်မှာ ကျွန်မ​ကို​တား​ပြီး မိသားစု​ဘဝကို​မွေ့လျော်ခြင်း အမည်​ရှိတဲ့ ဝေစာ​တစ်စောင်​ပေး​ခဲ့​ပါ​တယ်။ လှပ​စွာ​ပုံဖော်​ထား​တဲ့ ပျော်ရွှင်​တဲ့ မိသားစု​ဓာတ်​ပုံ​က ဦးဆုံး ကျွန်မ​ရဲ့​အာရုံ​ကို​ဖမ်းစား​ခဲ့တယ်။ နောက်ပိုင်း​မှာ​တော့ စာသား​တွေ​ကို​ပါ​ဖတ်​ပြီး ကျွန်မ​အမျိုးသားကို​လည်း​ပေး​ဖတ်​ခဲ့တယ်။

“အံ့ဖွယ်​တစ်ခု​လို​ပါ​ပဲ။ ကျွန်မ​တို့​ရဲ့​မိသားစုဟာ တိုးတက်​ကောင်းမွန်​ရုံ​လောက်​သာမက​ဘဲ လုံးဝ​ပြောင်းလဲ​ခဲ့​ပါ​တယ်။ ပျော်ရွှင်စွာ​နေထိုင်သွား​ဖို့ အရမ်း​မခက်ခဲ​ဘူးဆို​တာ အခုတော့ ကျွန်မ​တို့​နားလည်​ပါ​ပြီ။ အနည်းငယ်​ကြိုးစား​ဖို့၊ လှိုက်လှိုက်လှဲလှဲ​နွေးထွေး​ဖို့နဲ့ ပေးကမ်း​ဖို့​တို့​ပဲ​လိုအပ်​ပါ​တယ်။ ဘုရားသခင့်​ပညတ်​တွေ​အတိုင်း​နေထိုင်ဖို့၊ မိသားစုနဲ့​သူစိမ်း​တွေ​အပါအဝင် ဘုရားသခင်​နဲ့​လူတွေကို ချစ်​ဖို့​လည်း​လို​ပါ​တယ်။”

သူ​ဤသို့​ကောက်ချက်​ချ​ခဲ့​ပါ​သည်– “ဘဝဟာ​ပိုသာ​ယာ​လာပြီး ပို​ပျော်ရွှင်​လာ​ပါ​တယ်။ ကျွန်မ​တို့ သမ္မာကျမ်းစာ​ကို ဆက်​လေ့လာ​လို​ပြီး ကျွန်မ​တို့​ရဲ့​ကလေး​တွေ​ကို သင်ကြား​ပေး​လို​ပါ​တယ်။”

သင်လည်း မိသားစု​ဘဝကို​မွေ့လျော်ခြင်း ဝေစာ​မှ အကျိုး​ရရှိနိုင်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်ပါ​သည်။ မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​အမည်​ရှိ ၁၉၂ မျက်နှာ​ရှိ​စာအုပ်​ကိုလည်း ကျွန်ုပ်​တို့​ရရှိ စေ​လို​ပါ​သည်။ သင့်အတွက် ဝေစာ​နှင့်​စာအုပ်​နှစ်ခုစလုံး​ရရှိရန် ဖော်ပြ​ထားသော လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၅ ပါ​သင့်လျော်ရာ​လိပ်စာ တစ်ခုခု​သို့ ပူးတွဲ​ပါ​ကူပွန်​ကို ကျေးဇူးပြု​၍​ဖြည့်စွက်​ပြီး စာတိုက်​မှ​တစ်ဆင့်​ပေး​ပို့​ပါ။

ပျော်ရွှင်သော​မိသားစု​ဘဝ​ဝေစာ​နှင့် မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ်​ကို ကျွန်ုပ်​ထံ​ပို့ပေး​ပါ။

□ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု​အတွက် ကျေးဇူးပြု​၍ ကျွန်ုပ်​နှင့်​ဆက်သွယ်​ပါ။